Monday, December 9, 2013

လင်းယုန်တစ်ကောင်ရဲ့ဆုံးဖြတ်ချက်


လင်းယုန်တစ်ကောင်ရဲ့ဆုံးဖြတ်ချက်
_____________________________

လင်းယုန်တစ်ကောင်ရဲ့သက်တမ်းသည် နှစ်ပေါင်း ၇၀ ရှိသည်။
လင်းယုန် ရဲ့ အဓိက အစာရှာစရာ လက်နှက်သည် ချွန်မြသောနှုတ်သီး . ထက်မြက်သော ခြေသည်း နှင့် စူးရှသော မျက်လုံးတစ်စုံဖြစ်သည်။

လင်းယုန်တို့ သက်တမ်း ၇၀ တွင် နှစ်ပေါင်း ၄၀ အထိ တောက်လျှောက် သန်မာ လျှင်မြန်စွာ ရှာဖွေစားသောက်နိုင်ပေမဲ့
အသက် ၄၀ သို့ရောက်သောအခါ နဂို နှုတ်သီးက ရှည်ထွက်လာခါ ခပ်ပျော့ပျော့ကြီးဖြစ်သွားသည်။ ခြေသည်းတွေလဲ တုံးသွားကာ ကုတ်ယူရန်မဖြစ်နိုင်တော့ခြေ
အမွှေးတွေလဲအလွန်ထူလာပြီး ပျံသန်းရခက်လာသည်။သို့သော် လင်းယုန်တို့သည် အစာအငတ်ခံပြီး ၅လနေနိုင်သည်။

ထိုနေရာတွင် လင်းယုန် တို့ရဲ့ စိတ်ဓါတ်ပေါ်မူတည်ပြီး နှစ်မျိုးနှစ်စားကွဲသွားသည်။ ပထမတစ်မျိုးမှာ စိတ်ဓါတ်ပျော့ညံ့သောလင်ယုန်မျိုးဖြစ်သည်။
ထိုလင်းယုန်မျိုးမှာ အလုပ်လုပ်ရန် အားအင်မရှိတော့သည့်အတွက် ကောင်းကင်အမြင့်ဆုံးသို့ပျံတက်သွားသည် ထို့နောက် အရှိန်ပြင်းပြင်း အောက်သို့ထိုးချကာ
ကိုယ့်ကိုကိုယ်သတ်သေလိုက်တော့သည်။တစ်ချို့လင်းယုန်များကလဲ အပင်ပန်းမခံတော့ ၅လပြည့်အောင် အသက်ရှင်ပြီးနောက်ဆုံးငတ်ခါသေသွားတော့သည်။

နောက်လင်းယုန်တစ်မျိုးမာ ခိုင်မာပြတ်သားသောဆုံးဖြတ်ချက်ချထားသည့် သတ္တိရှိသောလင်းယုန်မျိုးဖြစ်သည်။ ထိုလင်းယုန်မျိုးကတော့ အမြင့်ဆုံးတောင်တစ်ခုကို
ရှာဖွေတော့သည်။ ထို့နောက် ၅လနေထိုင်ရန် အသိုက်ဆောက်သည်။ ထို့နောက် ပထမဆုံး မိမိရဲ့ ရှည်ပြီးပျော့နေသော မိမိရဲ့ နှုတ်သီးကို ကျောက်နံရံများ
ကျောက်တုံးများဖြင့် သွေးရဲရဲသံရဲရဲဖြစ်အောင်ကို ပွတ်တိုက်တော့သည်။ နောက်ဆုံးတွင်အလွန်နာကျင်သော နာကျင်မှုကိုခံစားပြီးနောက် မိမိရဲ့ နှုတ်သီးအိုများ
ပြတ်ကျသွားတော့သည်။ ထိုအခါနှုတ်သီးနုအသစ်လေးပေါ်လာသည်။ လပိုင်းကြာသောအခါတွင် ထိုနှုတ်သီးအနုအသစ်ကလေးမှာ ချွန်မြသောနှုတ်သီးအဖြစ်သို့ပြောင်းလဲလာတော့သည်။

ချွန်မြသောနှုတ်သီးဖြင့် ပထမဆုံးလုပ်သောအလုပ်ကား အလွန်ထူနေသောအမွှေးများကို ဆွဲနှုတ်ခြင်းဖြင့် သာမာန်အနေသို့ပြန်ဖြစ်အောင်လုပ်ခြင်းဖြစ်သည်။
သို့သော် မိမိအမွှေးကို အစိမ်းလိုက်ပြန်နှုတ်ရသည်မှာ မည်မျှနာကျင်မည်ဖြစ်ကြောင်းခန့်မှန်ကြည့်နိုင်ပါသည်။ ထို့နောက် နောက်တစ်ခုလုပ်သည်မှာ တုံးသွားသော
ခြေသည်းများကို သွေးတွေရဲလာသည်အထိ ချွန်မြသော မိမိနှုတ်သီးနှင့် ကိုက်ဖြတ်ပြီး ပြန်ချွန်မြအောင်ပြုလုပ်ခြင်းဖြစ်သည်။ထိုသို့နာကျင်မှုများစွာဖြင့် မိမိကိုယ်မိမိ ပြန်ပြုပြင်ပြီးနောက်တွင်ကား
မိမိဆောက်ထားသောအသိုက်တွင် ၅လပြည့်သောအချိန်ထိ တတ်နိုင်သမျှ အနားယူအားမွေးခြင်းဖြစ်သည်။ ၅လပြည့်သောအခါတွင်မူကား....

ထိုလင်းယုန်ငှက်သည် ငယ်စဉ်ကအတိုင်းပင် ချွန်မြသောနှုတ်သီး . ထက်မြက်သော ခြေသည်း နှင့် စူးရှသော မျက်လုံးတို့ဖြင့် မိမိအလိုရှိရာသားကောင်ကို ရှာဖွေနိုင်သွားပြီဖြစ်သည်။

ကျွန်တော်တို့ လူတွေမှာလဲ အားအင်ကုန်ဆုံးသွားချိန် . လဲကျသွားချိန် .ရှုံးနှိမ့်သွားချိန်ဆိုတာရှိသည်။ ထိုအချိန်တွင် ဘယ်လိုရင်ဆိုင်ကြမလဲ
လွယ်ကူတဲ့နည်းလမ်းအတိုင်း ပထမလင်းယုန်လိုလုပ်မည်လား ။ အလွန်ခက်ခဲ့သော်လဲ ပြန်လည် ထူထောင်အောင်မြင်နိုင်မည့်ဒုတိယလင်းယုန်နည်းလမ်းကိုသုံးမည်လား။ ?

သင်ဆိုရင်ကောဘယ်ဟာကိုလုပ်မလဲ ???
.............

ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ Interview တွင်ဖြေဆိုသွားသော အကြောင်းအရာတစ်ချို့ကို
ပြန်လည်မွန်းမံခံစားတင်ပြပါသည်။
Credit to>>Myanmar Online Shopping
Jay Ki                                                              www.pkgcitynews.blogspot.com

0 comments:

Post a Comment

Facebook Like Page