Tuesday, December 10, 2013

အမျိုး၊ဘာသာ၊သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအစည်းအဝေးကျင်းပ

အမျိုး၊ဘာသာ၊သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို.နယ် အမျိး၊ဘာသာ၊သာသနာ
ထိန်းသိမ်းစောင့်ရှောက်ရေးအစည်းအဝေးကို ယနေ. 10.12.2013 နေ.လည်
၁း၃၀ အချိန်တွင် ပေါက်ခေါင်းမြို.မဟာသန္တိသုခ သာသနာ.ဗိမာန်တွင်ကျင်း
ပခဲ.ပါသည်။
အစီအစဉ်အရ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့်တပည်.
ဒကာ၊ဒကာမများက "နမောတသာ"(၃)ကြီမ်ရွတ်ဆို ပူဇော်၍အခမ်းအနားကို
ဖွင့်လစ်ခဲ.ပါသည်။
ဆက်လက်၍ အမျိုး၊ဘာသာ၊သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဗဟိုအဖွဲ.
ဥက္ကဌ၊ ရန်ကုန်မြို. အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက
ဆရာတော် ဘဒ္ဒန္တတိလောကဘိဝံသဧ။် ပေးပို.သော သ၀ဏ်လွှာကို
ပေါက်ခေါင်းမြို. လှိုင်းတက်ကျောင်းဆရာတော် ဘဒ္ဒ န္တ သာသနာလင်္ကာရ
မှဖတ်ကြားလျှောက်ထားပါသည်။
ထို.နောက် ကြွရောက်လာကြသော သံဃာတော် များနှင့် တပည်. ဒကာ၊
ဒကာမများသည် ပေါက်ခေါင်းမြို. ပညာဇောတရုံ စာသင်တိုက် ဦးစီးပဓာန
နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒ န္တ နန္ဒ၀ံသ ထံမှသြ၀ါဒ ခံ
ယူတော်မူကြပါသည်။
အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီး ပြည်မြို. အောင်မင်္ဂလာတိုက်သစ်ကျောင်း
ဆရာတော် ဘဒ္ဒ န္တ ဦးဝိ၇ိယ ထံမှ သြ၀ါဒ ခံယူတော်မူကြပါသည်။
ဆက်လက်၍ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ. ဗဟိုကော်မတီ
ဝင် ဒေါက်တာ သောပါက မှအမျိုးဘာသာ သာသနာစောင့်ရှောက်ရေးနှင့်
လူငယ်ရေးရာနှင့်ပတ်သက်သော အကြောင်းအရာများကို ဟောကြားခဲ.ပါ
သည်။
၎င်းနောက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ.(ဗဟို) ဥပဒေ
အကြံပေး ရှေ.နေ ဦးအေးပိုင် မှ အမျိုးဘာသာ သာသနာဆိုင်ရာ ကိစ္စများ၊
ဥပဒေ နှင့်ပတ်သက်သောအကြောင်းအရာများ ၊ဘာသာခြားနှင့်အိမ်ထောင်
ပြုခြင်းဆိုင်ရာ သိကောင်းစရာများ၊ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေ
များ ပြောကြားပြီး ကြွရောက်လာသော ရဟန်းရှင်လူများမှ မေးမြန်းသောမေး
ခွန်းများကို ဖြေကြားခဲ.ပါသည်။
ဆက်လက်၍ ပေါက်ခေါင်းမြို.နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး
အဖွဲ. ဖွဲ.စည်းခဲ.ပါသည်။
အစီအစဉ်အရ အခမ်းအနားကို ဗုဒ္စသာသနံ ၊စိရံတိဌတု (၃)ကြိမ် ရွှတ်ဆိုပူ
ဇော်ပြီး ညနေ(၅)နာရီတွင် အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်ကြောင်း
သတင်းရရှိပါသည်။
ပေါက်ခေါင်းမြို.နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး နှင့် မျိုးစောင့်
ဥပဒေ ပေါ်ပေါက်ရေးအစည်းအဝေးကို ပေါက်ခေါင်းမြို.နယ် အတွင်းမှ သံဃာ
တော်(၇၀) ပါးခန်.၊ အမျိုးဘာသာ သာသနာကို ကြည်ညို လေးစားကြကုန်
သော တပည်. ဒကာ၊ဒကာမ(၃၀၀)ခန်. တက်ရောက်ခဲ.ကြောင်းသတင်းရရှိ
ပါသည်။
ပေါက်ခေါင်းသတင်း
www.pkgcitynews.blogspot.com

0 comments:

Post a Comment

Facebook Like Page