Showing posts with label ပြည်ခရိုင်. Show all posts
Showing posts with label ပြည်ခရိုင်. Show all posts

Sunday, March 9, 2014

ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်းဖွင့်လစ်သင်ကြားနေ

ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်းဖွင့်လစ်သင်ကြားနေ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတလည်မြို. ကုန်းတန်းကျောင်းတိုက်တွင်
သဒ္ဒါဓိက အသင်းမှကြီးမှူးဖွင့်လစ်သော ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာ ဗုဒ္ဓ
ဘာသာသင်တန်းကို ၅.၃.၂၀၁၄ နေ.မှ ၁၂.၃.၂၀၁၄ နေ.ထိသင်ကြားပို.ချ
ပေးနေကြောင်းသတင်းရရှိပါသည်။
ပေါက်ခေါင်းသတင်း
https://www.facebook.com/pkgcitynews
http://www.pkgcitynews.blogspot.com

                                                                 



Thursday, February 13, 2014

သီတဂူ စက္ခုဒါန ဆေးရုံတော်ဖွင့်ပွဲ အထိမ်းအမှတ် သီတဂူအထူးတရားပွဲနှင့်သီတဂူမျက်စိအထူးကုသမူအစီအစဉ်

                                                              
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို.
သီတဂူ စက္ခုဒါန ဆေးရုံတော်ဖွင့်ပွဲ အထိမ်းအမှတ် သီတဂူအထူးတရားပွဲ

သီတဂူအဓိပတိဆရာတော် ဒေါက်တာအရှင်ဥာဏိသာရ ဧ။်တပည်.များဖြစ်ကြသော
အရှင် ပညာနန္ဒ (သီတဂူကြယ်တပွင့်)            ၁၃.၂.၂၀၁၄ (ကြာသပတေးနေ.)
အရှင် ခေမာသီရိလင်္ကာရ (သီတဂူကြာတပွင့်)  ၁၄.၂.၂၀၁၄(သောကြာနေ.)
သီတဂူ အရှင်တိက္ခသာရ                            ၁၅.၂.၂၀၁၄ (စနေနေ.)
ဒေါက်တာကိတ္တိဗလ                                  ၁၆.၂.၂၀၁၄(တနင်္ဂနွေနေ.)
ဒေါက်တာ ဏ္ဍန္ဒက                                    ၁၇.၂.၂၀၁၄(တနင်္လာနေ.)
ဒေါက်တာဏ္ဍန္ဒာစရိယ                                ၁၈.၂.၂၀၁၄(အင်္ဂါနေ.)
အရှင်ဒေ၀ိန္ဒာဘိဝံသ                                  ၁၉.၂.၂၀၁၄(ဗုဒ္ဓဟူးနေ.)

သီတဂူမျက်စိအထူးကုသမူအစီအစဉ်

သဲကုန်းမြို. သီတဂူဆရာတော် ဆောက်လုပ်လှူဒါန်းသော သီတဂူစက္ခုဒါန
ဆေးရုံတွင် ၁၃၇၅ ခုနှစ် တပို.တွဲလဆန်း(၁၄)ရက် ၁၃.၂.၂၀၁၄
(ကြာသပတေး) ရက်နေ.မှစ၍ခုနှစ် တပို.တွဲလပြည်.ကျော်(၅)ရက်
၁၉.၂.၂၀၁၄ (ဗုဒ္ဓဟူး) ရက်နေ.အထိ (၇)ရက်တိုင်တိုင် မျက်စိအထူးကုဆရာ
ဝန်ကြီးများမှ စမ်းသပ်စစ်ဆေးကုသပေးမည်ဖြစ်၍ပါသဖြင့် မိမိတို.မြို.နယ်များ
တွင် စာရင်းပေးသွင်းကာ မိမိတို.ကုသမည်.ရက်အလိုက် သီတဂူစက္ခုဒါန
ဆေးရုံ (သဲကုန်းမြို.) သို.စုပေါင်းလာရောက်ကုသမူခံယူနိုင်ပါရန်နှိုးဆော်အပ်
ပါသည်။
သီတဂူစက္ခုဒါနဆေးရုံတော်
စီမံအုပ်ချုပ်ရေးအဖွဲ. (သဲကုန်းမြို.)

၁၃.၂.၂၀၁၄ နေ.တွင် မျက်စိဝေဒနာရှင် (၆၀)ဦးခန်.အခမဲ.မျက်စိခွဲစိတ်ကုသ
ပေးခဲ.ကြောင်းသတင်းရရှိပါသည်။
ပေါက်ခေါင်းမြို.မှမျက်စိကုသလိုသောမျက်စိဝေဒနာရှင်များသည်၁၅.၂.၂၀၁၄
နောက်ဆုံးထား၍ ဦးငယ် (09423689678 ) ထံတွင်စာရင်းပေးသွင်းနိုင်ပါ
သည်။ ၁၆.၂.၂၀၁၄ နေ.တွင် ဆင်မြီးဆွဲ ၊ပေါင်းတလည်၊ပေါက်ခေါင်းမြို. များ
မှ မျက်စိဝေဒနာရှင်များအား ကုသပေးမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

ပေါက်ခေါင်းသတင်း Online Media
http://www.pkgcitynews.blogspot.com/
https://www.facebook.com/pkgcitynews

Saturday, February 8, 2014

မျက်စိဝေဒနာရှင်များအားဖိတ်ခေါ်ပါသည်


မျက်စိဝေဒနာရှင်များအားဖိတ်ခေါ်ပါသည်                                                                                လှိုက်ခနဲ ဝမ်းသာ ပီတိဖြစ်မိသွားရတဲ့ တခဏ

မျက်လုံးထဲမှာ စိတ်ကူးထဲမှာ ချို့တဲ့သော မျက်စိဝေဒနာရှင်တွေကိုမြင်ယောင်လာပြီး

သူတို့အတွက် ဘဝအလင်းရဖို့မျှော်လင့်ချက်ရောင်ခြည်များစွာ

ရှိလာပြီလို့ ခံစားလိုက်ရပါတယ်

===========================================

သီတဂူစတားမှ ကူးယူဖော်ပြပါတယ်ခင်ဗျာ

သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန ဆေးရုံ ဖွင့်လှစ်ပွဲ ဖိတ်ကြားလွှာ
================================

သီတဂူဆရာတော်ကြီး မွေးရပ်မြေ၊ ပြည်ခရိုင်၊ သဲကုန်းမြို့တွင်

“သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန” ဆေးရုံကို ၁၃၇၅ခုနှစ်၊

တပိုတွဲလပြည့်နေ့ (၁၄-၂-၂၀၁၄)တွင် ဖွင့်လှစ်လှူဒါန်းမည် ဖြစ်သည်။

ထိုဆေးရုံတော်ကို သီတဂူဆရာတော်ကြီးနှင့်

ရွှေဥရာစုသစ် ဒေါ်ရွှေဥတို့က လှူဒါန်းသည်။

ထိုဆေးရုံတော်သည် သီတဂူသာသနာပြုအဖွဲ့က

ဆောက်လုပ်လှူဒါန်းပြီး ဆေးရုံများတွင် ၂၇ ခုမြောက်ဆေးရုံတော်ဖြစ်သည်။

ထိုနေ့မှာပဲ အလှူ့ရှင် ရွှေဥရာစုသစ် ဒေါ်ရွှေဥကပဲ

သီတဂူဆရာတော်ကြီးအား ဆောက်လုပ်ပြီးဖြစ်သော စံကျောင်းတော်ကိုလည်း

လှူဒါန်းမည်ဖြစ်သည်။ ပင့်သံဃာတော် အရှင်မြတ်တို့အား ဆွမ်းခဲဖွယ်များနှင့်

သင်္ကန်းစသော လှူဖွယ်များ လှူဒါန်းပါမည်။

(က) မျက်စိအထူးကုအစီအစဉ်

ပြည်တွင်း ပြည်ပရှိ မျက်စိအထူးကုဆရာဝန်ကြီးများက

(13- 2- 2014)နေ့မှ (19- 2- 2014)နေ့အထိ

(၇)ရက်တိုင်တိုင် စမ်းသပ် စစ်ဆေး၊ ခွဲစိပ်ကုသခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပါသည်။

(ခ) သီတဂူ အထူးဓမ္မသဘင်

တပိုတွဲလဆန်း (၁၄) ရက်နေ့မှ တပိုတွဲ လပြည့်ကျော် (၅)ရက်နေ့အထိ

သီတဂူဓမ္မကထိကများ ဖြစ်ကြသော

၁။သီတဂူကြယ်တစ်ပွင့်

၂။ သီတဂူကြာတစ်ပွင့်

၃။ဦးတိက္ခသာရ

၎။ဒေါက်တာ ကိတ္တိဗလ

၅။ဒေါက်တာဣန္ဒက

၆။ဒေါက်တာဣန္ဒာ စရိယ

၇။ ဦးဒေဝိန္ဒာဘိဝံသ တို့က ညစဉ်ဟောကြားပေးမည်ဖြစ်သည်။

(၈) ဖျော်ဖြေ ရေးအစီအစဉ်
ကြွရောက်လာကြသော အလှူရှင်များ၊ ဆရာဝန်များ၊ လူနာများ၊ ဒေသခံပြည်သူများအတွက် အောက်ပါ အနုပညာရှင်များက ဖျော်ဖြေပေးကြမည် ဖြစ်သည်။

(13- 2- 14) နေ့ ည မြန်မာပြည်ကျောက်စိမ်း ဆိုင်းဝိုင်း
(17- 2- 14) (18- 2- 14) နေ့ (၂) ညတိုင်တိုင် ဇာတ်မင်းသားဖိုးချစ်ဇာတ်သဘင်
(19- 2- 14)နေ့ည အလင်္ကာဝတ်ရည် တေးဂီတအဖွဲ့တို့က တစ်နေ့တစ်မျိုးမရိုးရအောင် ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။
အလှူပွဲသို့ ကြွရောက် ကုသိုလ်ယူကြပါရန် ဖိတ်ကြားအပ်ပါသည်။
(13- 2- 2014)နေ့မှ (19- 2- 2014)နေ့အထိမျက်စိဝေဒနာရှင်များကို
(၇)ရက်တိုင်တိုင်အခမဲ. စမ်းသပ် စစ်ဆေး၊ ခွဲစိပ်ကုသခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပါသည်။လိုက်ပါကုသလိုသူများသည်
ပြည်မြို..ဆင်စုရပ်ကွက် ပုထိုး ကြီး ရွှေဘုံသာဘုန်းကြီးကျောင်တွင်
လာရောက်စာရင်းပေးသွင်းနျိုင်ပါသည်။ နေ.စဉ်မနက် (၈) နာရီပြည် မှသဲကုန်သို.
ကားများဖြင်.အခမဲ.ပိုဆောင်ပေးပါမည် ပြည်တွင်း ပြည်ပရှိ မျက်စိအထူးကုဆရာဝန်ကြီးများက

(13- 2- 2014)နေ့မှ (19- 2- 2014)နေ့အထိ

(၇)ရက်တိုင်တိုင် စမ်းသပ် စစ်ဆေး၊ ခွဲစိပ်ကုသခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပါသည်။


“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၂-၂၀၁၄
www.thesitagu.org
www.sitagustar2020.net

Thursday, November 14, 2013

မူးယစ်ဆေးဝါး ဆန့် ကျင်ရေး ပြည်ခရိုင်


မူးယစ်ဆေးဝါး ဆန့် ကျင်ရေး ပြည်ခရိုင်

@@@@@@@@@@@@@@@@@

ယနေ့  ၁၄းး ၁၁.းး ၂၀၁၃. ရတနာ ပါဒ
ကျောင်းဝန်းတွင် မြန်မာနိုင်ငံမူးယစ်ဆန့် 
ကျင့်ရေး ပြည်ခရိုင်မှ ရှေ့ လုပ်ငန်းစင် ခြမှတ်ခြင်းအား ခရိုင်မူးယစ်ဥက္ကဌ ဒုရဲ
မူးကြီး ခင်မောင်ဝင်း ( င်ြမ်း )အဖွင့်အမှာ
စကားပြောကြားပြီး မြိုနယ် ဥက္ကဌများမှ
တွေ့ ကြုံရသည့်အခက်အခဲများ တင်ပြကြပြီး လုပ်နည်းနှင့် ဆောင်ရွက်ရန်စီမံချက်အား ဆွေးနွေးကြပြီး အစည်းအဝေးကို ညနေ ၃. နာရီ ၁၀. မိနစ်တွင်ရုပ်သိမ်းလိုက်သည်။

                                                                                                 ပေါက်ခေါင်းသတင်း


                                                                   
                        

Wednesday, November 13, 2013

ယာဉ်စည်းကမ်း နှင့်အညီ ၁.၁၂.၂၀၁၃ ၇က်နေ.မှစတင်၍အရေးယူမည်

ယာဉ်စည်းကမ်း နှင့်အညီ ၁.၁၂.၂၀၁၃ ၇က်နေ.မှစတင်၍အရေးယူမည်

၁၀.၁၁.၂၀၁၃ ရက်နေ. ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို.တွင် မြို.နယ်ရဲတပ်ဖွဲ.မှူး ရဲမှူးသန်းထွန်း ဦးဆောင်ပြီး ယာဉ်စီးကမ်းထိန်းသိမ်းရေးအဖွဲ.သည် လက်ကမ်းစာဆောင်များ
ဖြန်.ဝေပေးပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ.ဧ။် ညွန်ကြားချက်နှင့်အညီ ရွှေတောင်မြို.နယ်အတွင်း
စည်းကမ်းပျက် မောင်းနှင်နေသည်. မော်တော်ယာဉ်များအား ၁.၁၂.၂၀၁၃ ရက်နေ.မှစ၍ တရားရုံး
တွင် တရားစွဲဒဏ်ငွေပေးဆောင်ရမည်.အပြင်  တိုင်းယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မူကော်မတီ
ဧ။် စီမံခန်.ခွဲမူ ဒဏ်ကြေးငွေများကိုပါ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်သူတို.အား မြေစိုက်ပိုစတာများ
စိုက်ထူခြင်း၊လက်ကမ်းစာဆောင်များဖြန်.ဝေပေးခြင်း၊ ပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ပေးနေ
ကြောင်းသတင်းရရှိပါသည်။
                                                                                        ရွှေတောင်မြို.နယ်ရဲတပ်ဖွဲ.
Credit to >sanminaung.sm@gmail.com                                           ပေါက်ခေါင်းသတင်း

Tuesday, November 12, 2013

ရွှေနတ်တောင် စေတီတော် မြတ်ကြီး ဓာတ်လှေကား တည်ဆောက်


ရွှေနတ်တောင် စေတီတော် မြတ်ကြီး ဓာတ်လှေကားတည်ဆောက်


ပဲခူးတိုင်း ဒေသကြီး ( အနောက် ) ပြည် ခရိုင် ရွှေတောင် မြို့နယ် မယားမာန် ကျေးရွာ တွင် တည်ထား ကိုးကွယ် လျက်ရှိသော သမိုင်းဝင် ရွှေနတ် တောင် စေတီတော် မြတ်ကြီး အား ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူး ပြည်သူများ၊ အဆင်ပြေ စွာ ဖူးမြော် ကြည်ညို နိုင်ရန် အတွက် ဓာတ် လှေကား တည်ဆောက် တပ်ဆင် လျက် ရှိသည်။ ယခု အခါတွင် ဓာတ်လှေကား တည်ဆောက် တပ်ဆင်မှု မှာ ၈ဝ ရာခိုင်နှုန်း ပြီးစီး နေပြီ ဖြစ်ပြီး စုစုပေါင်း ငွေကျပ် သိန်း ၁၇ဝဝ ကျော်ခန့် ကုန်ကျ မည် ဖြစ်ကြောင်း သိရသည်။

ရွှေတည်
https://www.facebook.com/pages/Golden-Land-Myanmar/288727014586084
မှပြန်လည်ဖေါ်ပြပါသည်။                                                   ပေါက်ခေါင်းသတင်း

Wednesday, October 2, 2013

သက်ဆိုင်သူသို.အိပ်ဖွင့်ပေးစာ

သက်ဆိုင်သူသို.အိပ်ဖွင့်ပေးစာ
ပဲ ခူး တိုင်း အနောက် ပြည် ခရိုင် ရွှေ တောင် ရဲစခန်း ပိုင် ရေနံမြေ ရဲ စခန်း အပိုင်"ဝါး တော သာ "ရွာ မှဦး ဝင်းအောင် သည် ရေ နံလုံ ခြုံ ရေး အရာ ရှိ များ နှင့် ပူး ပေါင်း ပြီး ရေ နံစိမ်း များ အား  ခိုး ယူ နေပါသည်။ အဆိုပါ ရေ နံ စိမ်း များ အား လမ်း ဘေး ဆီ ဆိုင် များ သို့ တရား မဝင် ရောင်း ချပြီး နိုင် ငံ တော် ပစ္စည်း များ အား အလွဲသုံးစား ပြု လုပ်နေမှု အား အချိန် မှီ တားဆီးနိုင် ပါရန် တင်ပြ အပ် ပါ သည်။
အောက်ပါမေးလိပ်စာမှပေါက်ခေါင်းသတင်းသို.သတင်းပေးပို.ပါသည်။  pkgcitynews
mannlion2030@gmail.com

Wednesday, September 25, 2013

ရွှေတောင်မြို့ နယ် ဘောလုံးပွဲတွင် ပရိသတ်နှင့် လုံခြုံရေးရဲတို့ အချင်းများ ပရိသတ်တစ်ဦး ဆေးရုံတင်ထားရ


ရွှေတောင်မြို့ နယ် ဘောလုံးပွဲတွင် ပရိသတ်နှင့် လုံခြုံရေးရဲတို့ အချင်းများ ပရိသတ်တစ်ဦး ဆေးရုံတင်ထားရ
Wednesday, September 25, 2013

ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ၌ လုံခြုံရေးရယူထားသော ရဲများနှင့် ပရိသတ်တို့ အချင်းများရာမှ ပရိသတ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကာ ရွှေတောင်မြို့ ပြည်သူ့ဆေးရုံသို့ စက်တင်ဘာ ၂၃ ရက်ညက ပို့ဆောင်လိုက်ရသည်ဟု ဇွဲမာန်သစ်ဘောလုံး အသင်းသားများက ပြောသည်။

စက်တင်ဘာလ၂၂ရက် မြို့နယ်အုပ်ချုပ်ရေးမှူး ဘောလုံးပြိုင်ပွဲတွင် မယားမာန်ကျေးရွာအုပ်စု ကိုယ်စားပြု ဇွဲမာန်သစ်အသင်းနှင့် ကြို့ကုန်းကျေးရွာအသင်းတို့ ဘောလုံးကန်ကြစဉ် ဇွဲမာန်အသင်း၏ ပရိသတ်နှစ်ဦးက ပြွဲပီး ရန် ၁၅မိနစ်အလိုတွင် ပရိသတ် အချင်းချင်း ရွှံ့ဖြင့် ပေါက်ရာ ရဲခြောက်ဦးက ဝင်ရောက်ဟန့်တားရာမှ ရဲနှင့် ပရိသတ်တို့အချင်းများ ကြခြင်း ဖြစ်သည်။

အချင်းများရာမှ ကိုကျော်လွင်ဆိုသူသည် ကျောအောင့်၊ ရင်ဘတ်အောင့်၊ ငယ်ပါအောင့်သော ဝေဒနာကြောင့် စက်တင်ဘာ၂၃ရက် ည၁၂နာရီခန့်တွင် ဆေးရုံတင်လိုက်ရခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရွှေတောင်မြို့နယ်ရဲစခန်းကို မေးမြန်းရာ ထိုးကြိတ်သည့်ကိစ္စအား ငြင်းဆိုခဲ့သည်။

ရွှေေ တာင် ရဲစခန်းမှ တာဝန်ကျရဲအုပ်ကျော်ခိုင်က “ဒီမှာဒါမျိုးဖြစ်တာမရှိဘူး။ ရုတ်ရုတ်သဲသဲ ဖြစ်တာပဲရှိတယ်။ ဟိုဘက် ရွာ ဒီဘက်ရွာ ရန်ဖြစ်တာရှိတယ်” ဟုပြောသည်။

ရွှံ့ဖြင့်ပေါက်ကာ ရန်ဖြစ်ချိန်တွင် ကြို့ကုန်းကျေးရွာအသင်းက ၂-၁ဖြင့် အနိုင်ရရှိနေသည်။ ရွှေတောင်မြို့နယ် အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာများ ကိုယ်စားပြုသော
ဘောလုံးအသင်းများက ယှဉ်ပြိုင်လျက်ရှိသည်။

ထိုကိစ္စအား မယားမာန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအားအကြောင်း ကြားထားပြီး သက်ဆိုင်ရာဌာနများကိုလည်း အသိပေးတိုင်ကြားမည်ဟု မယားမာန် ကျေးရွာမှ ရွာသားများက ပြောသည်။

ရေခဲ(ပြည်)
Mizzima မှကူးယူဖေါ်ပြပါသည်။ ပေါက်ခေါင်းသတင်း

Sunday, September 15, 2013

၂၄နာရီအတွင်း ပြည်၊ဟင်္သာတ၊ဇလွန်နဲ့ ငသိုင်းချောင်းမြို့တွေ ရေကြီးမည်

၂၄နာရီအတွင်း ပြည်၊ဟင်္သာတ၊ဇလွန်နဲ့ ငသိုင်းချောင်းမြို့တွေ ရေကြီးမည်

Sunday, September 15, 2013

အခုအချိန်ကနေ နောက် ၂၄နာရီအတွင်း ပြည်၊ ဟင်္သာတ၊ ဇလွန်နဲ့ ငသိုင်းချောင်း မြို့တွေမှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ပေလောက်ထိ ရေတက်နိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သဌာနက သတိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

မနလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဧရာဝတီမြစ်ရေတက်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်၊ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မိုးလေ၀သဌာန၊ညွှန်ကြားရေးမှုး ဦးချစ်ကျော်ကို ဆက်သွယ်ေ မးကြည့်တော့ အခုအချိန်ဟာ မြန်မာနိုင်ငံရဲ့ တတိယအကြိမ် ရေကြီးကာလဖြစ်တယ်၊ စက်တင်ဘာ ၂၁ရက် နောက်ပိုင်းကျမှ ရေပြန်ကျသွားနိုင်တယ်လို့ ပြောပါတယ်။

DVB TV News                                                       ပေါက်ခေါင်းသတင်း

Thursday, September 12, 2013

ပြည်မြို့တွင် ရပ်ကွက်အလိုက် ရှုထောင့်မီဒီယာရုံး သတင်းစုဆောင်းရေးရုံးကို ဖွင့်လှစ်ခဲ့


ပြည်မြို့တွင် ရပ်ကွက်အလိုက် ရှုထောင့်မီဒီယာရုံး သတင်းစုဆောင်းရေးရုံးကို ဆံတော်နယ်မြေ၊ ရွာဘဲနယ်မြေ၊ မြို့သစ်နယ်မြေများကို တိုင်းဥက္ကဌ ဦးအောင်သန်းထွဠ်နှင့် အယ်ဒီတာချုပ် ဦးသက်နိုင်ဦးမြို့နယ်မှုး ဦးမြင့်ဦး မြို့မစခန်းမှုး ဦးဝင်းခိုင် အမှတ်(၁)စခန်းမှုး ဦးအောင် လင်း အမှတ်(၃)စခန်းမှုး ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် (၁၁.၉.၂၀၁၃) နံနက် ၉း၀၀နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။


Sunday, September 8, 2013

ဗုဒ္ခမြတ်စွယ်တော်လှည့်လည်ပူဇော်ကန်တော့ခံမည့်ပွဲတော်

၁၁၃ ကြိမ်မြောက် ပေါင်းတည်မြို့ ဗုဒ္ခမြတ်စွယ်တော်လှည့်လည်ပူဇော်ကန်တော့ခံမည့်ပွဲတော်ကြီးကို
၁၃၇၅-ခုနှစ် တော်သလင်းလဆန်း၁၂.ရက်(၁၆.၉.၂၀၁၃)တနင်္လာနေ့ညနေ ၄ နာရီ ၃၀ မီးနစ် အချိန်
စတင်ဖွင့်လှစ်အပူဇော်ခံမှာဖြစ်ပါသဖြင့်ဖွင့်လှစ်အပူဇော်ခံရန်(၈)ရက်သာလိုပါတော့သည်။
တော်သလင်းလဆန်း(၉)ရက်(၁၃.၉.၂၀၁၃)နေ့မှစတင်ပြီးဖျော်ဖြေရေးအဖွဲ့ယိမ်းကားများမှပွဲတော်လာ
ဘုရားဖူးပရိသတ်များကို အကပဒေသာများ တေးသံသာများဖြင့် ပေါင်းတည်မြို့အတွင်းလှည့်လည်ဖျော်ဖြေသွားမည်ဖြစ်ပါသည်။အခမဲ့ဇာတ်ပွဲ(၃)ခုမှ(၁၂)(၁၃)(၁၄)
(၁၅)ရက်များတွင်မိုးအလင်းကပြဖျော်ဖြေပါမည်။ လဆန်း (၁၃)ရက်နေ့၊နေ့လည်(၁)နာရီတွင်
မင်္ဂလာစည်တော်ယွန်းပြီး၊ဒေ၀ါဝင်း၊ရာဇာဝင်းခင်းလျှက်၊ပရိတ်သင်းပေါင်းများစွာတို့ကပရိတ်တော်များ
ရွတ်ဖတ်ပူဇော်လိုက်ပါ၍ဆင်တော်မင်္ဂလာဖြင့်ပင့်ဆောင်ခါ၊နိပါတ်အဖွဲ့များမှမြန်မာ့ရိုးရာမပျက် နွားလှည်းများကိုအလှတန်ဆာဆင်ပြီးဇာတ်တော်နိပါတ်များခင်း၍လိုက်ပါပူဇော်ခြင်း။ယိမ်းအဖွဲ့(၇)ဖွဲ့မှ
ယိမ်းအကပဒေသာများ၊တေးသံသာများဖြင့်လိုက်ပါပူဇော်ခြင်းများဖြင့်(၁၁၃)ကြိမ်မြောက်ဗုဒ္ခမြတ်စွယ်
တော်လှည့်လည်ပူဇော်ကန်တော့ခံပွဲတော်ကြီးကိုကျင်းပသွားမည်ဖြစ်ပါသည်။
ဆင်တော်မင်္ဂလာရပ်နားစခန်း(၉)ခုတွင်တစ်နေရာလျှင်(၁၅)မီးနစ် ရပ်နားအပူဇော်ခံမှာဖြစ်ပါသည်။
ရပ်နားအပူဇော်ခံနေချိန်တွင် ယိမ်းအဖွဲ့များမှဖျော်ဖြေမှုအစီအစဉ်များဖြင့်ဖျော်ဖြေသွားမည်ဖြစ်ပါသည်။
ညနေ(၅)နာရီအချိန်အထိလှည့်လည်အပူဇော်ခံသွားမည်ဖြစ်ပါသည်။
တော်သလင်းလဆန်း(၁၄)ရက်နေ့ မြတ်စွယ်တော်ရတနာအားစိန်ကြုတ်တော်မှဖွင့်လှစ်ပြီိးနောက်
ပကတိမြတ်စွယ်တော်အတိုင်းအပူဇော်ခံမည်ဖြစ်ပါသည်။၎င်း(၁၄)ရက်နေ့တွင်မြတ်စွယ်တော် အခမ်းအနား စီစဉ်မှုအဖွဲ့ယိမ်းမှဆက်လက်ပူဇော်ကန်တော့ပန်းဆင်ပြီး တေးသံသာများ၊အကပဒေသာ
များဖြင့်ဖျော်ဖြေပေးမှာဖြစ်ပါသည်။တော်သလင်းလပြည့်ည(၁၀)နာရီအချိန်တွင်နှစ်ပါတ်လည်စံမြန်းရာ
ရွှေကျောင်းတော်မဟာသို့ပြန်လည်ပင့်ဆောင်သွားမည်ဖြစ်ပါကြောင်းရပ်နီး/ရပ်ဝေး ဘုရားဖူးပရိသတ်
အပေါင်းတို့အားအသိပေးအပ်ပါသည်။(အခြားကောဠဟာလ…မမှန်စကားမယုံကြပါရန်)

Facebook Like Page