Monday, December 9, 2013

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပမည်ဟု ၀န်ကြီးချုပ် ယင်လပ်ပြော


ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပမည်ဟု ၀န်ကြီးချုပ် ယင်လပ်ပြော

ဘန်ကောက် ဒီဇင်ဘာ ၉
ဆန္ဒပြသူများ၏ တောင်းဆိုချက်အတိုင်း ထိုင်းလွတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ကပွဲကို ဖြစ်နိုင်သမျှ
အမြန်ဆုံး ကျင်းပသွားမည်ဟု ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာက ယနေ့တွင် တိုင်းပြည်သို့ ရုပ်သံမိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ ပြီးစီးကာ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာသည် အထိ သူမက ကြားဖြတ်အစိုးရ အကြီးအကဲ အဖြစ် တာဝန်ယူမည် ဟုလည်း ပြောကြားခဲ့သည် ။
အခြေအနေတွေက ဆူပူမှုဆီကို ဦးတည်နေတာကြောင့် အစိုးရက လူထုဆန္ဒအတိုင်း ရွေးကောက်ပွဲကနေ ဆုံးဖြတ်စေနိုင်ဖို့ပါ ဟု သူမက ပြောသည်
ယမန်နေ့က အတိုက်အခံဒီမိုကရက်တစ်ပါတီ မှ ခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း အဘီဆစ်အပါအ၀င်
လွတ်တော်ကိုယ်စားလှယ် ၁၅၃ ဦး စလုံးက လွတ်တော်မှ နုတ်ထွက်ပြီး ဆန္ဒပြသမားများနှင့် ပူးပေါင်းလိုက်ကြောင်း ကြေညာခဲ့သည် ။

Popular Myanmar News Journal
www.pkgcitynews.blogspot.com

0 comments:

Post a Comment

Facebook Like Page