Showing posts with label သုတစာပေ. Show all posts
Showing posts with label သုတစာပေ. Show all posts

Friday, February 14, 2014

Facebook တွင် ဓာတ်ပုံတင်သူများ သတိထားပါ - Facebook သုံးသူတိုင်းဖတ်ရန်


Facebook တွင် ဓာတ်ပုံတင်သူများ သတိထားပါ - Facebook သုံးသူတိုင်းဖတ်ရန်
============================================
ဒီ ရက်ပိုင်းမှာ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်လောက် Facebook သုံး ရင်း ပြဿနာတစ်ခု တက်ကြတယ်ဗျ။ အဲ့ ပြဿနာကလည်း အကြီးကြီးနော် .. ဂုဏ်သိက္ခာကို တော်တော် ထိခိုက်စေတယ်ဗျ။ အဲဒါ ဘာ ပြဿနာလည်းဆိုတော့..ဒီလိုဗျ..ကျွန်တော်သူငယ်ချင်း မိန်းကလေးတွေက သူ့တို့လည်း Facebook သုံးတဲ့သူတွေ လုပ်နေကြ သဘာဝအတိုင်း ဓာတ်ပုံတွေရိုက် .. ကိုယ့် ရဲ့ Friends တွေကို tag တွေထိုး …ပုံတွေကို share ကြတာပေါ့… အဲသူတို့ရဲ့ ph နံပတ်တွေကိုလည်း တစ်နေရာရာမှာ share လိုက်တာတို့ …တင်လိုက်တာတို့ ..လုပ်မိတယ်ထင်တယ်ဗျ…အဲမှာစတာပဲဗျာ…
ဘယ်သူကမှန်းမသိ page တစ်ခုထောင်ပြီး ကျွန်တော့်သူငယ်ချင်းရဲ့ ပုံတွေကို သူတို့ရဲ့ profile ကနေပြီး download လုပ် သူ့ရဲ့ page မှာတင် ကျွန်တော့်သူငယ်ချင်းတွေရဲ့ ph နံပါတ်ကိုလည်း သူ့ရဲ့ page မှာတင်ပြီး….မကောင်းတာတွေ လျှောက်လုပ်ပါလေရော…အဲဒီ့ နှမချင်းမစာနာကောင်က သူ့ရဲ့ page ကို ပြည့်တန်ဆာ page လိုမျိုး လုပ်ထား…ပြီးတော့ ကျွန်တော့် friend မိန်းကလေးရဲ့ နံမည်..ဖုန်းနံပါတ်တွေတင်…ပုံတွေတင်…လျှောက် share တော့…သေရော…ကျွန်တော့် Friend ကို ဖုန်းတွေ ဆက်ပါလေရော…တစ်နေ့ကို ဖုန်း ၁၀ ခါပဲ ဆက်ပါဦးဗျာ…ခံရတဲ့ ကာယကံရှင်က ဘယ်လိုနေမလဲ…လုပ်တဲ့သူကလည်း ဘယ်သူမှန်းမသိ…တိုင်လို့လည်းမရ…ပြီးတော့ ဆက်တဲ့ ph ကလည်း အကောင်းပြောမယ့်သူတွေ ဆက်တဲ့ ဖုန်းမဟုတ်တော့ ခံရတဲ့သူက တော်တော်ခံရတယ်ဗျ…ဂုဏ်သိက္ခာလည်း တော်တော်ထိခိုက်သွားပြီ….မသိတဲ့သူတွေကတော့ …ကျွန်တော့် firend ကို တစ်မျိုးထင်ကြတော့မယ်ဗျ…
ပြီးတော့ နောက်တစ်ခုသတိထားရမှာက Facebook မှာ account name ကို တူအောင်ပေးလို့ရတယ်ဗျ….ဥပမာ နံမည်တစ်ခုကို ရှာလိုက်ဗျာ …အဲ့နံမည်နဲ့ account တွေအများကြီး ထွက်လာလိမ့်မယ်ဗျ.. ကဲဒီတော့ friend တို့ကို မကောင်းတာလုပ်ချင်တဲ့သူက friend တို့ နံမည်နဲ့ account လုပ်လိုက်မယ်ပဲထား…ပုံတွေကိုလည်း friend profile ကနေပြီး download လုပ်ပြီးပြန်ထည့်မယ်ဗျာ…ပြီးရင် အဲ့ account နဲ့ မကောင်းတဲ့ page တွေကို like လုပ်မယ်…မဟုတ်တဲ့ status တွေကိုရေးမယ်ဆိုရင်…ကဲ ဘယ်လိုလုပ်မလဲ… ဘယ်မှလည်းတိုင်လို့မရ… ဘယ်သူမှန်းလဲမသိ…..
အဲလိုမျိုး ကြုံလာမှာဆိုးလို့ Friend တို့ကို သတိပေးချင်လို့ ဒါလေးကို ရေးလိုက်တာပါဗျာ….ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းတယ်လို့…စကားပုံတောင်ရှိတယ်မလား…အဲတော့ ဒီလိုမျိုး မကြုံရအောင်..ကိုယ့်ကို Friend request လာလုပ်ထားရင် သူ့ရဲ့ profile ကို သေချာစစ်..ဘယ်သူလဲသိမှ လက်ခံပေါ့နော်…ပြီးရင် ကိုယ့်ရဲ့ privacy ကိုထိခိုက်နိုင်မယ့်…status တွေမတင်မိစေနဲ့ပေါ့နော်…ဥပမာ..ဖုန်းနံပါတ်တို့ လိပ်စာတို့ပေါ့…. Chat box တွေမှာလည်း ကိုတစ်ကယ် မသိရင် မပြောတာ ကောင်းပါတယ်ဗျာ….တစ်ကယ်လို့ အဲလိုမျိုး အလုပ်ခံရမယ်ဆိုရင်…Facebook ကို report တင်လို့တော့ရတယ်ဗျ..အဲ့ account က ဒီလိုလုပ်နေပါတယ်လို့…. ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ Facebook က သူ့ကို လုပ်တဲ့ account ကို block လုပ်ပေးလိုက်လို့ သက်သာရာရသွားတယ်… ဒါပေမယ့် အဲ့လို့မျိုး Facebook က block ပေးတာက percent တော်တော်နည်းတယ်ဗျ… ကဲ Friend တို့ တစ်ခြား

Friend တွေကိုလည်း သိရအောင် share ပေးပါနော်..
သတိလည်းထားပေါ့ဗျာ..သတိထားတာမမှားပါဘူး….
အားလုံးပဲ Facebook မှာ ပျော်ပျော်ရွှင်ရွှင် အန္တရာယ် ကင်းကင်းနဲ့ ပျော်မွေ့နိုင်ပါစေနော်…
credit: mwd

via SearchMyanmar

Credit To :SearchMyanmar                             


Monday, December 9, 2013

လင်းယုန်တစ်ကောင်ရဲ့ဆုံးဖြတ်ချက်


လင်းယုန်တစ်ကောင်ရဲ့ဆုံးဖြတ်ချက်
_____________________________

လင်းယုန်တစ်ကောင်ရဲ့သက်တမ်းသည် နှစ်ပေါင်း ၇၀ ရှိသည်။
လင်းယုန် ရဲ့ အဓိက အစာရှာစရာ လက်နှက်သည် ချွန်မြသောနှုတ်သီး . ထက်မြက်သော ခြေသည်း နှင့် စူးရှသော မျက်လုံးတစ်စုံဖြစ်သည်။

လင်းယုန်တို့ သက်တမ်း ၇၀ တွင် နှစ်ပေါင်း ၄၀ အထိ တောက်လျှောက် သန်မာ လျှင်မြန်စွာ ရှာဖွေစားသောက်နိုင်ပေမဲ့
အသက် ၄၀ သို့ရောက်သောအခါ နဂို နှုတ်သီးက ရှည်ထွက်လာခါ ခပ်ပျော့ပျော့ကြီးဖြစ်သွားသည်။ ခြေသည်းတွေလဲ တုံးသွားကာ ကုတ်ယူရန်မဖြစ်နိုင်တော့ခြေ
အမွှေးတွေလဲအလွန်ထူလာပြီး ပျံသန်းရခက်လာသည်။သို့သော် လင်းယုန်တို့သည် အစာအငတ်ခံပြီး ၅လနေနိုင်သည်။

ထိုနေရာတွင် လင်းယုန် တို့ရဲ့ စိတ်ဓါတ်ပေါ်မူတည်ပြီး နှစ်မျိုးနှစ်စားကွဲသွားသည်။ ပထမတစ်မျိုးမှာ စိတ်ဓါတ်ပျော့ညံ့သောလင်ယုန်မျိုးဖြစ်သည်။
ထိုလင်းယုန်မျိုးမှာ အလုပ်လုပ်ရန် အားအင်မရှိတော့သည့်အတွက် ကောင်းကင်အမြင့်ဆုံးသို့ပျံတက်သွားသည် ထို့နောက် အရှိန်ပြင်းပြင်း အောက်သို့ထိုးချကာ
ကိုယ့်ကိုကိုယ်သတ်သေလိုက်တော့သည်။တစ်ချို့လင်းယုန်များကလဲ အပင်ပန်းမခံတော့ ၅လပြည့်အောင် အသက်ရှင်ပြီးနောက်ဆုံးငတ်ခါသေသွားတော့သည်။

နောက်လင်းယုန်တစ်မျိုးမာ ခိုင်မာပြတ်သားသောဆုံးဖြတ်ချက်ချထားသည့် သတ္တိရှိသောလင်းယုန်မျိုးဖြစ်သည်။ ထိုလင်းယုန်မျိုးကတော့ အမြင့်ဆုံးတောင်တစ်ခုကို
ရှာဖွေတော့သည်။ ထို့နောက် ၅လနေထိုင်ရန် အသိုက်ဆောက်သည်။ ထို့နောက် ပထမဆုံး မိမိရဲ့ ရှည်ပြီးပျော့နေသော မိမိရဲ့ နှုတ်သီးကို ကျောက်နံရံများ
ကျောက်တုံးများဖြင့် သွေးရဲရဲသံရဲရဲဖြစ်အောင်ကို ပွတ်တိုက်တော့သည်။ နောက်ဆုံးတွင်အလွန်နာကျင်သော နာကျင်မှုကိုခံစားပြီးနောက် မိမိရဲ့ နှုတ်သီးအိုများ
ပြတ်ကျသွားတော့သည်။ ထိုအခါနှုတ်သီးနုအသစ်လေးပေါ်လာသည်။ လပိုင်းကြာသောအခါတွင် ထိုနှုတ်သီးအနုအသစ်ကလေးမှာ ချွန်မြသောနှုတ်သီးအဖြစ်သို့ပြောင်းလဲလာတော့သည်။

ချွန်မြသောနှုတ်သီးဖြင့် ပထမဆုံးလုပ်သောအလုပ်ကား အလွန်ထူနေသောအမွှေးများကို ဆွဲနှုတ်ခြင်းဖြင့် သာမာန်အနေသို့ပြန်ဖြစ်အောင်လုပ်ခြင်းဖြစ်သည်။
သို့သော် မိမိအမွှေးကို အစိမ်းလိုက်ပြန်နှုတ်ရသည်မှာ မည်မျှနာကျင်မည်ဖြစ်ကြောင်းခန့်မှန်ကြည့်နိုင်ပါသည်။ ထို့နောက် နောက်တစ်ခုလုပ်သည်မှာ တုံးသွားသော
ခြေသည်းများကို သွေးတွေရဲလာသည်အထိ ချွန်မြသော မိမိနှုတ်သီးနှင့် ကိုက်ဖြတ်ပြီး ပြန်ချွန်မြအောင်ပြုလုပ်ခြင်းဖြစ်သည်။ထိုသို့နာကျင်မှုများစွာဖြင့် မိမိကိုယ်မိမိ ပြန်ပြုပြင်ပြီးနောက်တွင်ကား
မိမိဆောက်ထားသောအသိုက်တွင် ၅လပြည့်သောအချိန်ထိ တတ်နိုင်သမျှ အနားယူအားမွေးခြင်းဖြစ်သည်။ ၅လပြည့်သောအခါတွင်မူကား....

ထိုလင်းယုန်ငှက်သည် ငယ်စဉ်ကအတိုင်းပင် ချွန်မြသောနှုတ်သီး . ထက်မြက်သော ခြေသည်း နှင့် စူးရှသော မျက်လုံးတို့ဖြင့် မိမိအလိုရှိရာသားကောင်ကို ရှာဖွေနိုင်သွားပြီဖြစ်သည်။

ကျွန်တော်တို့ လူတွေမှာလဲ အားအင်ကုန်ဆုံးသွားချိန် . လဲကျသွားချိန် .ရှုံးနှိမ့်သွားချိန်ဆိုတာရှိသည်။ ထိုအချိန်တွင် ဘယ်လိုရင်ဆိုင်ကြမလဲ
လွယ်ကူတဲ့နည်းလမ်းအတိုင်း ပထမလင်းယုန်လိုလုပ်မည်လား ။ အလွန်ခက်ခဲ့သော်လဲ ပြန်လည် ထူထောင်အောင်မြင်နိုင်မည့်ဒုတိယလင်းယုန်နည်းလမ်းကိုသုံးမည်လား။ ?

သင်ဆိုရင်ကောဘယ်ဟာကိုလုပ်မလဲ ???
.............

ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ Interview တွင်ဖြေဆိုသွားသော အကြောင်းအရာတစ်ချို့ကို
ပြန်လည်မွန်းမံခံစားတင်ပြပါသည်။
Credit to>>Myanmar Online Shopping
Jay Ki                                                              www.pkgcitynews.blogspot.com

Facebook Like Page