Monday, November 17, 2014

MOBILE BANKING (C B BANK )အသုံးပြုနည်း


MOBILE BANKING (C B BANK )အသုံးပြုနည်း
===========================
(၁) မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ C B Bank (သို.မဟုတ်) C B Bank Mobile Agent မှ ပေါက်ခေါင်းမြို.သို. ငွေလွဲပေးပို.ခြင်း

(က) နီးစပ်ရာ C B Bank ဧ။် မိုဘိုင်းဌာန (သို.မဟုတ်) Mobile Agent ထံသို.
သွားရောက်ပြီး ငွေလွဲထုတ်ယူမည်.သူဧ။် အမည် ၊ မှတ်ပုံတင်နံပါတ်၊ မို
ဘိုင်းလ် ဖုန်းနံပါတ် နှင့် ငွေလွဲပေးပို.သူနှင့် ငွေလွဲထုတ်ယူသူတို. အသုံး
ပြုရန် လျှို.၀ှက် နံပါတ်( password) (၆)လုံးရိုက်ထည်.ပေးရပါမည်။
(ခ) ငွေလွဲပေးပို.ပြီးပါက ငွေထုတ်ယူမည်.သူဧ။် ဖုန်းသို့ ငွေထုတ်ယူနိုင်ကြောင်း
မက်စိတ်ရောက်ရှိလာမည်ဖြစ်ပါသည်။
(ဂ)ငွေလွဲပေးပို.သူမှ ငွေလွဲထုတ်ယူမည်.သူဧ။် မိုဘိုင်းလ် ဖုန်းသို.ငွေထုတ်ယူရန်
လျှို.၀ှက်နံပါတ် (၆)လုံးကို မိမိကိုယ်တိုင် မက်စိတ်ပို.ပေးရပါမည်။
(ဃ)ငွေလွဲထုတ်ယူမည်.သူသည် ပေါက်ခေါင်းမြို. Mobile Agent
(ဦးသိန်းလှိုင် ဆေးဆိုင် 0931669922,09250114477) ထံတွင် ငွေလွဲ
ထုတ်ယူနိုင်ကြောင်း မက်စိတ်ပြ၍ လွယ်ကူစွာ ထုတ်ယူနိုင်ပါသည်။

(၂) ပေါက်ခေါင်းမြို.မှ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မိုဘိုင်းလ်ဖုန်းကိုင်ဆောင်သူ
ထံ ငွေလွဲပေးပို.ခြင်း

(က)ပေါက်ခေါင်းမြို. Mobile Agent ထံတွင် ငွေလွဲလက်ခံမည်.သူဧ။် အမည်
မှတ်ပုံတင်နံပါတ် ၊မိုဘိုင်းလ် ဖုန်းနံပါတ် တို.ကို တိကျစွာပေးရပါမည်။
(ခ)ငွေလွဲပေးပို.သူမှ လျှို.၀ှက်နံပါတ်(၆)လုံး ရိုက်ထည်.၍ မှတ်သားထားပြီး
ငွေလွဲလက်ခံမည်.သူဧ။် မိုဘိုင်းလ် ဖုန်းသို. မက်စိတ်ပေးပို.ရပါမည်။
(ဂ)ငွေလွဲလက်ခံမည်.သူဧ။် မိုဘိုင်းလ် ဖုန်းသို. ငွေလွဲထုတ်ယူနိုင်ကြောင်းမက်
စိတ်ရောက်ရှိပါက နီးစပ်ရာ C B Bank (သို.မဟုတ်) Mobile Agent ထံတွင်
လွယ်ကူလျင်မြန်စွာထုတ်ယူနိုင်ပါသည်။

C B BANK Mobile Agent (ပေါက်ခေါင်းမြို.)BGO.005
ဦးသိန်းလှိုင် (ဆေးဆိုင်)
ဈေးအတွင်း၊ပေါက်ခေါင်းမြို.၊ပဲခူးတိုင်းဒေသကြီး။
0931669922, 09250114477

                                                                  


                                                               

Sunday, November 16, 2014

အ.ထ.က ၊ပေါက်ခေါင်းမြို.၊(၁၇)ကြိမ်မြောက် သက်ကြီး ဆရာကြီး/ဆရာမကြီး များအား ပူဇော်ကန်တော.ပွဲ ကျင်းပပြုလုပ်မည်

အ.ထ.က ၊ပေါက်ခေါင်းမြို.၊(၁၇)ကြိမ်မြောက် သက်ကြီး ဆရာကြီး/ဆရာမကြီး
=========================================
များအား ပူဇော်ကန်တော.ပွဲ ကျင်းပပြုလုပ်မည်

==========================

                                                                 


နှစ်စဉ်ကျင်းပမြဲဖြစ်သော၊ပေါက်ခေါင်းအ.ထ.က ကျောင်းသား/ကျောင်သူဟော င်းများဧ။် (၁၇)ကြိမ်မြောက် သက်ကြီးအာစရိယပူဇော်ပွဲကို (၂၈.၁၂.၂၀၁၄)၊
တနင်္ဂနွေနေ.၊နေ.လည်(၁၂း၀၀) နာရီတွင် အ.ထ.က ၊ပေါက်ခေါင်း ရွှေရတုခန်း
မ တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ပါသဖြင့် အသက်(၆၀)ပြည်.
ဆရာကြီး/ဆရာမကြီးများ ဆက်သွယ်ကြပါရန်နှင့် ရပ်ဝေး ရပ်နီးမှ ကျောင်းသား
ကျောင်းသူဟောင်းများ ကိုယ်တိုင်လာရောက် ကန်တော.နိုင်ကြပါရန်နိုးဆော်
အပ်ပါသည်။

ဆက်သွယ်လှူဒါန်းရန်

ရန်ကုန်မြို.       ဦးမော်လီ(ခ) ဦးကြည်လွင်ထွေး 095018118
                    ဦးမြင့်နိုင်+ဒေါ်ယဉ်ယဉ်ဝင်း      0945001618

နေပြည်တော်    ဦးတင့်လွင်သိမ်း(ခ)လုံးချို        09401544309

မန္တလေး           ဦးလှမိုး                             09402641391

ပြည်              ဦးမော်စီ (ရွှေဓနု)                09250816320
                    ဦးမျိုးဇော်ဦး( စတီးလုပ်ငန်း) 0943024418
                    ဦးသော်တာဝင်း(ဆိုင်ကယ်ရောင်းဝယ်ရေး) 095360177
                    ဦးနိုင်ဝင်း 09250216611
                    ဦးဝင်းညွန်. 09250306844

ပေါက်ခေါင်း    ဦးအောင်အောင်(ရတနာပုံစတိုး) 09423671501
                   ဦးဝင်းဌေး (ဆေးဆိုင်) 09250114477
                   ဦးအုန်းချို 09250407547
                   ဦးအောင်တင်သိန်း(အ.ထ.က) 09452333349
                   ဒေါ်မူမူသိန်း (အ.ထ.က) 09423667942

နေရပ်လိပ်စာပြည်.စုံစွာဖြည်.စွက်၍ နီးစပ်ရာကမ္ဘောဇဘဏ်တွင်လည်း
ဦးကြည်လွင်ထွေး( အာစရိယပူဇော်ပွဲ) Account No.0053010050180010
သို.ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

သက်ကြီးအာစရိယပူဇော်ပွဲကျင်းပရေးကော်မတီ
အ.ထ.က၊ ပေါက်ခေါင်းမြို.။

(၉၄)နှစ်မြောက်အမျိုးသားနေ.အခမ်းအနားကျင်းပ


(၉၄)နှစ်မြောက်အမျိုးသားနေ.အခမ်းအနားကျင်းပ
============================

                                                               


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို. ၊၂၀၁၄ ခုနှစ်(၉၄)နှစ်မြောက်
အမျိုးသားနေ.အခမ်းအနားကို ယနေ. ၁၆.၁၁.၂၀၁၄ ၊န့နက်(၉)နာရီအချိန်တွင်
အခြေခံပညာအထက်တန်းကျောင်း ၊ပေါက်ခေါင်းမြို.၊ရွှေရတု ခမ်းမတွင် ကျင်း
ပပြုလုပ်ခဲ.ပါသည်။
အစီအစဉ်အရ ကျောင်းသား/ကျောင်းသူလေးများမှ ပြည်မြန်မာသီချင်းဖြင့်အ
ခမ်းအနားကို ဖွင့်လစ်ခဲ.ပါသည်။ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
တော် ၊နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံမှ ပေးပို.သော (၉၄)နှစ်မြောက်
အမျိုးသားနေ. သ၀ဏ်လွှာကို မြို.နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှဖတ်ကြားခဲ.
ပါသည်။ဆက်လက်၍ အမျိုးသားနေ.အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ
များတွင် ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများကို ဆုများအသီးသီးချီး
မြှင့်ခဲ.ပါသည်။
ကျောင်းသား/ ကျောင်းသူလေးများမှ ဇာတိမာန်းသီးချင်းသီဆိုဖျော်ဖြေ၍ အခမ်းအနားကို နံနက်၁၀း၀၀ နာရီတွင်ပြီးဆုံးခဲ.ပါသည်။
အခမ်းအနားသို. တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များ၊ မြို.နယ်အထွေ
ထွေအုပ်ချုပ်ရေးမှူးနှင့်အဖွဲ.၀င်များ၊မြို.နယ်ပညာရေးမှူးနှင့် ထက်၊လယ်၊မူ
ကျောင်းအုပ်ကြီးများ၊ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/ကျောင်းသူများနှင့်
မိဘများတက်ရောက်ခဲ.ကြကြောင်းသတင်းရရှိပါသည်။

Friday, November 14, 2014

PR စနစ် ကျင့်သုံးမည့် အစီအစဉ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက ပယ်ဖျက်လိုက်ပြီ

PR စနစ် ကျင့်သုံးမည့် အစီအစဉ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက ပယ်ဖျက်လိုက်ပြီ

၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပါအ၀င် ရွေးကောက်ပွဲ အားလုံး၌ ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် မဲအချိုးကျ ကိုယ်စားပြု (Proportional Representative – PR) စနစ်ကို လွှတ်တော် အသီးသီး၌ ကျင့်သုံးရန် အဆိုပြု ထားခြင်းအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ပယ်ဖျက်လိုက်သည်ဟု လွှတ်တော် အသီးသီးသို့ အကြောင်း ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ PR စနစ် ကျင့်သုံးရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ပြဌာန်ထားခြင်း မရှိကြောင်း၊ ထို့ကြောင့် ထိုစနစ်အား ကျင့်သုံးမည် ဆိုပါက ဖွဲ့စည်းပုံ ဥပဒေနှင့်ဆန့်ကျင်သည်ဟု ဆိုကာ ဖွဲ့စည်းပုံ ခုံရုံးက ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ ခုံရုံးက ပယ်ဖျက်လိုက်သည့် အတွက် လွှတ်တော် အသီးသီး၌ PR စနစ် ကျင့်သုံးမည့် အစီအစဉ် လုံးဝ ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။
Credit to >>> The Irrawaddy (Burmese Version)

                                                              

Wednesday, November 12, 2014

EASI MOBILE AGENT Banking -C B BANK (ပေါက်ခေါင်းမြို.)


EASI MOBILE AGENT Banking -C B BANK (ပေါက်ခေါင်းမြို.)
==================================

                                                    

MOBILE Banking Services ၀န်ဆောင်မူကို မြန်မာတစ်နိုင်ငံလုံးရှိ မိုဘိုင်းလ်
ဖုန်း အသုံးပြုနိင်တဲ.နေရာအားလုံးမှာ အသုံးပြုနိုင်အောင် စီစဉ်ထားပါသည်။
နေ.စဉ် ဘဏ်လုပ်ငန်းဆောင်ရွက်ချက်များနှင့် ငွေကြေးစီးဆင်းမူများကို ရိုးရှင်း
လွယ်ကူပြီးလုံခြုံစိတ်ချစွာသင့်ရဲ.မိုဘိုင်းလ်ဖုန်းကနေ အသုံးပြုနိုင်မှာဖြစ်ပါသည်
သင်တို.ရဲ. မိုဘိုင်းလ် ဖုန်းများဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ CB BANK တည်ရှိရာ
မြို.များ နှင့် C B BANK MOBILE Banking Agent ရှိရာ မြို.များသို. ပိတ်ရက်
မရှိ ငွေလွဲ ပို.ခြင်း၊ ငွေလွဲထုတ်ယူခြင်း၊ ATM ကဒ်များသို. ငွေဖြည်.ပေးခြင်း၊
C B Bank Account သို. ငွေလွဲပို.ခြင်းများကို လက်ခံဆောင်ရွက်ပေးနေပါ
သည်။
ပဲခူးတိုင်ဒေသကြီး ၊ပေါက်ခေါင်းမြို. မှ မြန်မာတစ်နိုင်ငံလုံးရှိC B BANK ရှိရာမြို.
များသို. အပြန်အလှန် ငွေလွဲပေးပို.ခြင်း၊ ငွေလွဲထုတ်ယူခြင်းများ ကိုဆောင်ရွက်
ပေးနေပါသည်။
ဆက်သွယ်ရန်
ဦးသိန်းလှိုင် (ဆေးဆိုင်)
ဈေးအတွင်း (ပေါက်ခေါင်းမြို.)
0931669922 ,09250114477

ပေါက်ခေါင်းမြို. မှငွေများ အပြန်အလှန် ပေးပို.နိုင်သောမြို.များမှာ

၇န်ကုန် ၊မန္တလေး ၊နေပြည်တော်၊ ပဲခူး၊ပြည်၊ ညောင်လေးပင်၊တောင်ငူ၊မော်လမြိုင်၊ဘားအံ၊အောင်ပန်း၊ပျဉ်းမနား
မိတ္ထီလာ၊ရွှေဘို၊ ဟင်္သာတ၊ ကျိုင်းတုံ၊ တာချီလိတ်၊ပုသိမ်၊ တောင်ကြီး၊လှိုင်ကော်
ဖျာပုံ၊ ပြင်ဦးလွင် ၊စစ်ကိုင်း၊ ကျောက်ပန်တောင်း၊ ရမည်းသင်း၊ ထားဝယ်၊မူဆယ်
ပျော်ဖွယ်၊ ပခုက္ကူ ၊မြ၀တီ ၊စစ်တွေ၊ အောင်လံ၊ သထုံ၊ မိုးကုတ်၊မအူပင်၊ကလေး၊
လားရှိုး၊ လပွတ္တာ၊ တောင်တွင်ကြီး၊ကျောက်ဆည်၊တောင်သာ၊ ဓနုဖြူ၊လယ်ဝေး
ကြို.ပင်ကောက်၊ ကျုံပျော်၊ မကွေး၊ မုံရွာ၊ ညောင်ဥိး၊ ညောင်တုန်း၊ဗန်းမော်၊
ကသာ၊ သီပေါ၊သံတွဲ၊ဟားခါး၊တပ်ကုန်း၊ဘိုကလေး၊ေ၇နံချောင်း၊ မြန်အောင်
မြောင်းမြ၊ဖြူး၊ မြင်းခြံ၊ ကလော၊ တိုက်ကြီး၊တံတားဦး၊ ကျိုတ်လတ်၊၀ါးခယ်မ၊
မြိတ်၊ ပုသိမ်၊ သာယာဝတီ၊ ပုဏားကျွန်း၊ သံဖြူဇရပ်၊အုတ်တွင်း၊ပြွန်တန်ဆာ၊
ညောင်လေးပင်၊မိုင်းလား၊ကျိန်တလီ၊ ဂွမြို.၊ကွင်းကောက်(အင်္ဂပူမြို.နနယ်)
မြောက်ဦး၊နတ်သံကွင်း( ကျောက်ကြီးမြို.နယ်)၊ လောက်ကိုင်၊ လှည်းကူး၊ရေတာ
ရှည်၊ မိုးညှင်း၊ဖားကန်.၊မြစ်ကြီးနား မြို.များသို. လွဲငွေပေးပို.ခြင်း ၊လွဲငွေထုတ်
ယူခြင်းများကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေပါသည်။

အသားသီးများဖယ်ရှားနိုင်မည့် ဆေးဖက်ဝင်ကုသမှု သုံးရပ်


အသားသီးများဖယ်ရှားနိုင်မည့် ဆေးဖက်ဝင်ကုသမှု သုံးရပ်
--------------------------------------------------------------------

                                                               


အရေပြားမှာ ဖြစ်ပေါ်တဲ့ အသားသီးတွေကို ဖယ်ရှားနိုင်မယ့် အလွယ်နည်းတွေ ဖြစ်ပါတယ်။

လက်ဖက်ဆီ
============
လက်ဖက်ဆီဟာ မှဲ့နဲ့ အသားသီးတွေကို ဖယ်ရှားနိုင်ပါတယ်။ လက်ဖက်ဆီနည်းနည်းကို ဝါဂွမ်းစတစ်စနဲ့ ဆွတ်ပြီး အသားသီးရှိတဲ့ နေရာတွေကို တိုက်ရိုက် သုတ်လိမ်းပါ။ တစ်နေ့တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ခန့် ပြုလုပ်နိုင်ပြီး လေးပတ်ကျော် ကြာတဲ့အထိ၊ အသားသီး ပျောက်တဲ့အထိ လုပ်ဆောင်ပေးပါ။

ကြက်ဆူဆီ
=============
ကြက်ဆူဆီကို ပြင်ပလိမ်းဆေး အနေနဲ့ သုံးနိုင်ပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ ဆော်ဒါမှုန့် အနည်းငယ်ကို ကြက်ဆူဆီ အနည်းငယ်နဲ့ ရောမွှေပြီး စေးပျစ်တဲ့ အနှစ်သားရအောင် လုပ်ပါ။ အဲဒီနောက် သံပရာဆီ အနည်းငယ် ထည့်မွှေကာ အသားသီးရှိတဲ့ အရေပြားပေါ် သုတ်လိမ်းပြီး ဖုံးအုပ်ထားပါ။ အချိန် ၂-၄ ပတ် ကြာတဲ့အထိ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင် အသားသီး ပျောက်သွားပါလိမ့်မယ်။

ရှာလကာရည်
============
ရှာလကာရည်ကိုလည်း အသားသီး ဖယ်ရှားဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ရှာလကာရည်ကို ဂွမ်းစနဲ့ ဆွတ်ပြီး အသားသီးပေါ်ကို တိုက်ရိုက် သုတ်လိမ်းပေးပါ။ ရှာလကာရည် လိမ်းပြီး နှစ်မိနစ်အကြာမှာ အရေပြား စပ်ဖျဉ်းဖျဉ်း ခံစားချက် ဖြစ်ပေါ်စေပါတယ်။ နေ့စဉ် ၂-၄ ပတ် ကြာတဲ့အထိ လုပ်ဆောင်ပေးသင့်ပါတယ်။
================
Credit to ကြယ်စင်(Good Health)

သက်ရှည်ကျန်းမာ

စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲမေးခွန်းများကို ခရိုင်နှင့်တိုင်းဒေသကြီး ပြည်နယ်အဆင့် မေးခွန်းများအသုံးပြုမည်


စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲမေးခွန်းများကို ခရိုင်နှင့်တိုင်းဒေသကြီး
ပြည်နယ်အဆင့် မေးခွန်းများအသုံးပြုမည်


11 NOV 2014 -BY ချမ်းငြိမ်း(မြစ်မခ မီဒီယာ)


၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ကျင်းပမည့် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်စာမေးပွဲများကို ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် မေးခွန်းများဖြင့် ဖြေကြားရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

စတုတ္ထတန်းအဆင့်တွင် ခရိုင်အဆင့် မေးခွန်းများ၊ အဌမတန်းအဆင့်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မေးခွန်းများဖြင့် ဖြေကြားရမည်ဖြစ်ကြောင်း ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး အကြံပေးအဖွဲ့ နာယက ဆရာကြီးဦးသန်းဦးက ပြောသည်။

နိုဝင်ဘာ (၁၀)ရက်နေ့ အ.ထ.က.(၄) အလုံတွင် ကျင်းပသည့် အခြေခံပညာ မူလအတန်းနှင့် အလယ်တန်း အဆင့် စားမေးပွဲများအတွက် မေးခွန်းပြုစုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုစာမေးပွဲက ပြင်ပစစ် စာမေးပွဲဖြစ်ပါတယ်။ အစိုးရစစ်လို့ အခေါ်အဝေါ်တွေ မှားနေကြတယ်။ ကျောင်းစစ် စာမေးပွဲကလည်း အစိုးရစစ် စာမေးပွဲလည်းဖြစ်တယ်။ မေးခွန်းတစ်ခုက ကလေးတွေရဲ့ ပကတိ အခြေအနေနဲ့ ကွဲလွဲလို့မရဘူး။ လွယ်လွန်းခက်လွန်းတဲ့ မေးခွန်းလဲ မဖြစ်ရပါဘူး။ မေးခွန်းထုတ်တဲ့ သူတွေကလည်း ဥာဏ်ကွန့် ပြီး မထုတ်ပါနဲ့ တကယ်ခံရမှာက ကလေးတွေပဲ ဖြစ်ပါတယ်။” ဟု ဦးသန်းဦးက ပြောသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် စတင်စစ်ဆေးမည့် ပြင်ပစစ်စာမေးပွဲအနေဖြင့် ကျောင်းသားများနှင့် ဆရာ/ ဆရာမ များအနေဖြင့် ပေါ့ဆစွာနေထိုင်၍ ရတော့မည် မဟုတ်ဘဲ ကြိုးစားအားထုတ်သင်ကြားရတော့မည်ဖြစ်ပြီး စာမေးပွဲ၏ လွှမ်မိုးမှုများဖြစ်သော ကျူရှင်၊ ၀ိုင်းနှင့်Guide ဂိုက်များ လွှမ်းမိုးမှု ပိုမိုကြီးထွားလာနိုင်ကာ အပြစ် နည်ပြီး အကျိုးဖြစ်ထွန်းမှုများရရှိလာအောာင် အားလုံးကြိုးစားရမည်ဟု ဦးသန်းဦးက ပြောသည်။

ဖေဖော်ဝါရီလအတွင်း စစ်ဆေးမည့် ပြင်ပစစ်စာမေးပွဲ မဖြေဆိုမီ ဒီဇင်ဘာလအတွင်းတွင် အထောက်အကူ ဖြစ်စေရန် အကြိုအစမ်းစစ် စာမေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း အမှတ်(၂) အခြေခံပညာဦးစီဌာန ညွန်ကြားရေးမှူး (ပညာ) မှ ဦးခင်မောင်မြင့်က ပြောသည်။

“တတ်အောင်သင် အောင်အောင်စစ်ဆိုတဲ့အခါမှာ ဆရာ/ဆရာမအပိုင်းတွေမှာ လျော့နည်းလာတယ်၊ အခန်း ဆုံး စစ်ဆေးပြီး တင်ပေးလိုက်၊ ကလေးကဒါသင်ပြီး မေ့သွားရော၊ နောက်တစ်ခုသင်လိုက်မေ့သွားလိုက် အိတ် ပေါက်နဲ့ ဖားကောက်သလိုဖြစ်ဖြစ်နေတယ်။တစ်နှစ်စာလုံးပြန်မေးလိုက်တဲ့အခါကြတော့ ကျောင်းသားရော၊ ဆရာရော ပြန်ပြီးနွှေးဖြစ်မယ်၊ သူတို့ရဲ့ တတ်မြောက်မှုကို စစ်ဆေးတာဖြစ်ပါတယ်။ ကလေးတွေကို ညှင်းဆဲဖို့၊ စာမေးပွဲနဲ့ ခြောက်ဖို့ ဘေးက ကျူရှင်တွေကို မြှောက်ပေးဖို့ မဟုတ်ဘူး။”ဟု ဦးခင်မောင်မြင့်က ပြောသည်။

ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စာမေးပွဲ မေးခွန်းများ ပြုစုခြင်းဆိုင်ရာ ဆွေးနွေးပွဲများကို စတုတ္ထတန်း တွင် ခရိုင်အဆင့်မှ ပညာရေမှူး တစ်ဦး ဘာသာရပ်ဆရာ၊ ဆရာမ(၅)ဦး၊ အဌမတန်းတွင် တိုင်းဒေသကြီး နှင့် ပညာရေမှူး(၁)ဦး၊ ဘာသာရပ်ဆရာ(၆)ဦးဖြင့် ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဆွေးနွေးမည် ဖြစ်ပြီး ဆွေးနွေးပွဲရလဒ်များအတိုင်း သက်ဆိုင်ရာ ခရိုင်၊ တိုင်းနှင့် ပြည်နယ်များမှ မေးခွန်းထုတ်ကြရမည် ဖြစ်သည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း မေးခွန်းအစမ်းစာမေးပွဲကို ဒီဇင်ဘာလ(၁၇)မှ (၂၄)အထိစစ်ဆေးမည်ဖြစ်ပြီး ဇန်န၀ါရီလတွင် စာမေးပွဲရလဒ်ကို စီစစ်ရေးဆွဲပြီး ၂၀၁၅ ဖေဖေါ်ဝါရီလ (၂၀)ရက်မှ(၂၇)ရက်အထိတစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် စတုတ္ထတန်းစာမေးပွဲကို တစ်ဘာသာလျှင် အချိန်တစ်နာခွဲ၊ အဋ္ဌမတန်းကို နှစ်နာရီဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

                                                                   

Tuesday, November 11, 2014

ငရုတ်ကောင်း၏ ဆေးဖက်ဝင်အာနိသင်များ

ငရုတ်ကောင်း၏ ဆေးဖက်ဝင်အာနိသင်များ 
                                                                   

ကျန်းမာရေး ကောင်းဖို့ရာအတွက် “မိုးမှာ ပိတ်ချင်း၊ နွေမှာ ချင်း (ဂျင်း)၊ ဆောင်းတွင်း ငရုတ်ကောင်း” ဆိုတဲ့ ဆိုရိုးတစ်ခု ရှိပါတယ်။ လူအတော်များများဟာ ငရုတ်ကောင်းရဲ့ ဆေးဖက်ဝင်ပုံကို မေ့လျော့နေတတ်ကြပါတယ်။ တကယ်တော့ ငရုတ်ကောင်းမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်၊ ဘက်တီးရီးယားဆန့်ကျင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုနဲ့ ကင်ဆာ ဆန့်ကျင်တဲ့အစွမ်းတို့ ပါဝင်နေပါတယ်။ ငရုတ်ကောင်းမှာ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ဗီတာမင်စီနဲ့ အမျှင်ဓာတ်တို့ များစွာ ပါဝင်နေတာကြောင့် အောက်ပါအကျိုးကျေးဇူးတို့ကို ရရှိနိုင်ပါတယ်။

(၁) အစာကြေစေပါတယ်

ငရုတ်ကောင်းမှုန့်ကို ဟင်းချိုထဲ ထည့်သောက်ရင် အစာခြေစနစ် ပြဿနာတွေနဲ့ အူလမ်းကြောင်း ပိုးဝင်မှုတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကိုလည်း ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ ငရုတ်ကောင်းမှုန့်ဟာ အစာအိမ်ကနေ ဟိုက်ဒရိုကလိုရစ် အက်စစ် ထွက်ရှိစေပြီး ဒီအက်စစ်ဟာ အစာတွေကို ကြေညက်ဖို့အတွက် လိုအပ်ပါတယ်။ ငရုတ်ကောင်းဟာ အစာအိမ်ထဲမှာ အစာတွေ ကြာကြာမရှိစေတာကြောင့် လေပွတာနဲ့ အစာအိမ်ဝေဒနာတို့ ကင်းဝေးစေတာပါ။

(၂) အစာစားချင်စိတ် မရှိတာကို လျော့ပါးစေပါတယ်

ငရုတ်ကောင်းဟာ လျှာအရသာခံအဖုတွေကို လှုံ့ဆော်ပေးတာကြောင့် အစာစားချင်စိတ်မရှိဘဲ ခံတွင်းပျက်တဲ့ ဝေဒနာကို သက်သာစေပါတယ်။

(၃) ကိုယ်ပူကျစေပါတယ်

ကိုယ်ပူပြီး ဖျားနေချိန်မှာ ငရုတ်ကောင်းစေ့ အနည်းငယ်ထည့်ကာ ပြုတ်ထားတဲ့ ရေနွေးကြမ်းကို သောက်ပေးရင် ကိုယ်ပူကြီးတာကို သက်သာစေပါတယ်။

(၄) သွားကိုက်တာကို သက်သာစေပါတယ်

သွားကိုက်နေချိန်မှာ ငရုတ်ကောင်းစေ့ ထည့်ပြုတ်ထားတဲ့ ကြက်သီးနွေးရေနဲ့ အာလုတ်ကျင်းပေးပါက သွားကိုက်ဝေဒနာကို သက်သာစေပါတယ်။

(၅) ဝမ်းချုပ်တာကို သက်သာစေပါတယ်

တစ်နေ့ နှစ်ကြိမ်လောက် ငရုတ်ကောင်းခတ်ထားတဲ့ ဟင်းရည်ပူပူကို သောက်ပေးရင် ဝမ်းချုပ်ခြင်း ကင်းစေပါတယ်။

(၆) အအေးမိတာနဲ့ ချောင်းဆိုးတာကို ကင်းဝေးစေပါတယ်

ငရုတ်ကောင်း အနည်းငယ်ငုံပေးတာကြောင့် ချောင်းခြောက်ဆိုးတာနဲ့ လည်ချောင်း ယားယံတာတို့ကို သက်သာစေပါတယ်။ ငရုတ်ကောင်းပါတဲ့ ရေနွေးကြမ်းကို တစ်နေ့နှစ်ကြိမ် သောက်ရင်လည်း အအေးမိဝေဒနာကို သက်သာစေပါတယ်။

(၇) ကိုယ်တွင်းမှ အဆိပ်အတောက်တွေကို ထွက်သွားစေပါတယ်

ငရုတ်ကောင်းပါတဲ့ ဟင်းရည်ကိုသောက်တာကြောင့် ချွေးထွက်များစေပြီး ဆီးသွားစေတာကြောင့် ကိုယ်တွင်းမှ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို ကင်းစင်သွားစေပါတယ်။

(၈) ပြတ်ရှရာကို အနာကျက်လွယ်စေပါတယ်

အသေးအမွှား ပြတ်ရှ ဒဏ်ရာတွေအတွက် ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ဖြူးပေးရင် သွေးထွက်တာကို တိတ်စေပြီး ပိုးသေကာ ချက်ချင်း အနာကျက်တယ်လို့ တချို့က ယုံကြည်ကြပါတယ်။ ငရုတ်ကောင်းမှာ ဘက်တီးရီးယားသတ်တဲ့ ဂုဏ်သတ္တိပါဝင်လို့ပါ။

(၉) ကင်ဆာကို ကာကွယ်ပေးပါတယ်

ငရုတ်ကောင်းမှုန့်ဟာ ရင်သားကင်ဆာကို တွန်းလှန်ပေးနိုင်ပါတယ်။ ငရုတ်ကောင်းမှာပါတဲ့ Piperine ဓာတ်ဟာ ရင်သားကင်ဆာအကျိတ်ကို ကြီးထွားမှု မဖြစ်လာအောင် ကာကွယ်ပေးနိုင်တယ်လို့ မစ်ချီဂန် ကင်ဆာစင်တာရဲ့ လေ့လာမှုအရ သိရပါတယ်။ ငရုတ်ကောင်းကို နနွင်းမှုန့်နဲ့ တွဲသုံးရင် ကင်ဆာကာကွယ်နိုင်တဲ့ အစွမ်းက ပိုရှိလာပါတယ်။

(၁ဝ) နှာခေါင်းပိတ်တာကို သက်သာစေပါတယ်

ငရုတ်ကောင်းမှာပါတဲ့ သဘာဝ နှာစေးပျောက် အာနိသင်ဟာ ချွဲအမြှေးပါးတွေကို လှုံ့ဆော်မှုဖြစ်စေပြီး အရည်ကျဲကျဲ နှာရည်တွေကျကာ နှာခေါင်းပိတ်တာ သက်သာသွားစေနိုင်ပါတယ်။ နှာခေါင်းပိတ်နေရင် ကြက်သား စွပ်ပြုတ်ထဲကို ငရုတ်ကောင်းမှုန့် ဖြူးပြီး စားပေးပါ။ အသက်ရှူလမ်းကြောင်း တစ်လျှောက် ကျန်းမာစေပြီး အသက်ဝဝရှူနိုင်ပါလိမ့်မယ်။
Credit to >> သဘာဝရဲ.အင်အားစာမျက်နှာမှ

ခေါက်ဆွဲစိမ်းများ အော်ဒါမှာနိုင်ပါသည်

ခေါက်ဆွဲစိမ်းများ အော်ဒါမှာနိုင်ပါသည်
======================
                                                           

ပေါက်ခေါင်းမြို.မှ မိဘပြည်သူများဧ။် အလှူမင်္ဂလာပွဲများအတွက် ကောင်းမွန်
သော ဂျုံဖြင့်ပြုလုပ်ထားသော ဂျုံခေါက်ဆွဲစိမ်းများကို စိတ်တိုင်းကျ ဆောင်ရွက်
ပေးနေပါသည်။
ဆက်သွယ်ရန် ....ဆင်ပျံခေါက်ဆွဲစက်
အမှတ်(၅)ရပ်ကွက် ၊ပေါက်ခေါင်းမြို.
09423671497

Facebook Like Page