Friday, November 14, 2014

PR စနစ် ကျင့်သုံးမည့် အစီအစဉ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက ပယ်ဖျက်လိုက်ပြီ

PR စနစ် ကျင့်သုံးမည့် အစီအစဉ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက ပယ်ဖျက်လိုက်ပြီ

၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပါအ၀င် ရွေးကောက်ပွဲ အားလုံး၌ ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် မဲအချိုးကျ ကိုယ်စားပြု (Proportional Representative – PR) စနစ်ကို လွှတ်တော် အသီးသီး၌ ကျင့်သုံးရန် အဆိုပြု ထားခြင်းအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ပယ်ဖျက်လိုက်သည်ဟု လွှတ်တော် အသီးသီးသို့ အကြောင်း ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ PR စနစ် ကျင့်သုံးရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ပြဌာန်ထားခြင်း မရှိကြောင်း၊ ထို့ကြောင့် ထိုစနစ်အား ကျင့်သုံးမည် ဆိုပါက ဖွဲ့စည်းပုံ ဥပဒေနှင့်ဆန့်ကျင်သည်ဟု ဆိုကာ ဖွဲ့စည်းပုံ ခုံရုံးက ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ ခုံရုံးက ပယ်ဖျက်လိုက်သည့် အတွက် လွှတ်တော် အသီးသီး၌ PR စနစ် ကျင့်သုံးမည့် အစီအစဉ် လုံးဝ ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။
Credit to >>> The Irrawaddy (Burmese Version)

                                                              


0 comments:

Post a Comment

Facebook Like Page