စွမ်းအင်ဝန်ကြီး သိသာစေရန် တင်ပြအပ်ပါသည်
==========================
==========================
မြန်မာပြည်ရှိ မော်တော်ကားသုံးစွဲသူများ၏ ဘဝမှာကား ဆုတ်လဲစူး...
စားလည်းရူးဘဝပင်တည်း...
အဘယ့်ကြောင့်နည်းဆိုသော် တန်ရာတန်ကြေးပေး၍ စက်သုံးဆီဝယ်ယူသုံးစွဲကြသော်လည်း...
တန်ရာတန်ကြေးပေး၍ ရလာသောအကျိုးမှာ ဆီအရည်အသွေး မပြည့်ဝခြင်းဟူသော...
အကြောင်းတရားကြောင့် ရရှိလာသည့် အကျိုးတရားမှာကား...
Catalytic Converter ပိတ်သောကြောင့် ကားမီးလောင်ခြင်း...
Plug ပလပ်များ မကြာခဏလဲရခြင်း...
Knocking မီးသံများခေါက်၍ ကားအဆွဲအရုန်းကျခြင်း...
Diesel Pump များ...Injector နော်ဇယ်များ မကြာခဏ ပျက်ခြင်း လဲရခြင်း...
O2 Sensor များ မကြာခဏ ပျက်စီးခြင်း...
Pressure Pump များ...
High Pressure Pump များ မကြခဏ ပျက်စီးခြင်းတို့အပြင်...
ကမ္ဘာ့ဘယ်နိုင်ငံမှာမှ မဖြစ်ဖူးသော ကားရောဂါ ၉၆ ပါးတို့သည်...
မြန်မာပြည်တွင် စက်သုံးဆီ အရည်အသွေးမပြည့်ဝခြင်းဟူသော အဟာရကြောင့်...
ရောဂါပေါင်းစုံ ဖြစ်ပေါ်လျှက်ရှိပေသည်...
အရင်က Ferrocene ဟူသော ဓာတုဓါတ်ပေါင်းဆိုးဆေးကြောင့်ဖြစ်ရာတွင်တော့...
တော်တော်ဆိုးပါသည်...
ယခု ကျွန်တော်ကိုယ်တိုင် ဆိုးဆေးအနီရောင်မပါသော...
Octane 92 ကို သေချာစိစစ်ထည့်ကာသုံးစွဲသော်လည်း...
ကီလို ၅၀၀၀ လောက်သာခံပြီး ပလပ်တွေ ပျက်စီးကာ...
ဆီတိုင်ကီအတွင်းရှိ ဆီပန့်နှင့် ဆီစစ်များပါပျက်စီးကုန်ပါသည်...
ဒီမှာ ပြောစရာရှိတာက...
ဟာ ကိုတိုး ခင်ဗျားက ဝပ်ရှော့သမား ကားပြင်စားတာလေဗျာ...
ကားတွေ များများ ပျက်တော့ မကောင်းဘူးလားမေးရင်...
ဟုတ်ကဲ့ ပျက်ချိန်မတန်ပဲ ဆီမကောင်းလို့ ပျက်တဲ့ကားတွေကိုတော့...
မပြင်ချင်သလို ပျက်လည်း မပျက်စေချင်ပါဘူးခင်ဗျာ...
ယနေ့ မြန်မာပြည်တွင် အင်္ဂျင်ပိုင်းဆိုင်ရာ ပြုပြင်ရသော ကားများမှာ...
စက်သုံးဆီ အရည်အသွေး မပြည့်ဝခြင်းကြောင့် ပျက်စီးရသည်မှာ...
ပြင်ရသောကားများ၏ ၆၀ % ကျော် အထိရှိပါသည်...
စွမ်းအင်ဝန်ကြီးဌါန MPPE မှ တာဝန်ရှိသူလူကြီးမင်းများသည်...
အဆိုပါ စက်သုံးဆီအရည်အသွေး မပြည့်ဝသော ဆိုင်များကို စစ်ဆေးအရေးယူရန်...
ဆီအရည်အသွေး အချင်အတွယ်ပြည့် မပြည့် စစ်ဆေးသော Mobile Car ၅ စီး...
ဆိပ်ကမ်းသို့ရောက်ရှိနေသည်ဟု ကြားရသည်မှာ တစ်လခွဲ ခန့်ပင်ရှိပါသည်...
သေချာ ဟုတ်မဟုတ်တော့ မသိသလို...စစ်ဆေးအရေးယူသည်ကိုလည်း...
မကြားမိရသေးပါ...
တန်ရာ တန်ကြေးပေး၍ ပေးသောအဖိုးအခနှင့် ထိုက်တန်သော စက်သုံးဆီကိုပြန်မရသော...
မြန်မာပြည် ကားသုံးစွဲသူတို့၏ ရွေးချယ်ခွင့်မရှိသော အဖြစ်ကို...
စွမ်းအင် ဝန်ကြီးမင်း ကိုယ်ချင်းစာနာထောက်ထားကာ...
စက်သုံးဆီ အရည်အသွေးပြည့်ဝစေရန် အချင်အတွယ်ပြည့်ဝစေရန် စစ်ဆေးအရေးယူပေးခြင်းနှင့်...
မိမိနိုင်ငံမှ ထွက်သော သဘာဝဓါတ်ငွေ့မှရရှိသော...
LPG ဂက်စ်ကို မြန်မာပြည်တွင်းတွင် လုံလောက်စွာ ထုတ်လုပ်ရောင်းချပေးစေချင်ပါသည်...
ဒါမှသာ မြန်မာပြည်ကားသုံးစွဲသူတို့သည် ရွေးချယ်စရာ အခွင့်အလမ်းရှိလာမှာ...
ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးမင်းသို့ တင်ပြလိုက်ရပါတယ်ခင်ဗျာ...
အောက်မှာ ဆီအရည်အသွေးမပြည့်ဝလို့ ပျက်ချိန်မတန်ပဲ ပျက်တဲ့...
ကားပစ္စည်းလေးတွေပါ တင်ပြလိုက်ပါတယ်ခင်ဗျာ...
Credit to >>> Toetar Atoe
0 comments:
Post a Comment