Monday, September 29, 2014

ကျေးရွာမီးလင်းရေး ကိုယ့်အားကိုယ်ကိုး ထရန်စဖော်မာအသစ်ဖွင့်ပွဲကျင်းပ

ကျေးရွာမီးလင်းရေး ကိုယ့်အားကိုယ်ကိုး ထရန်စဖော်မာအသစ်ဖွင့်ပွဲကျင်းပ
=========================================

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို.နယ် ပေါက်ခေါင်း - ပြည် ကားလ
မ်းဘေး သဖန်းချိုကျေးရွာတွင် ကိုယ်.အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေးအတွက်
ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီ နှင့်သဖန်းချိုမြောက်ကျောင်းဆရာတော်
ရွာသူ ရွာသားများစုပေါင်းဆောင်ရွက်ခဲ.ပြီးထရန်စဖော်မာဖွင့်ပွဲကို၂၈.၉.၂၀၁၄
နေ. ညနေ(၆)နာရီအချိန်တွင်ကျင်းပခဲ.ပါသည်။
ဖွင့်ပွဲအခမ်းအနားသို. ပေါက်ခေါင်းမြို.နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး
ဦးလွင်မိုးနှင့်အဖွဲ.၀င်များ၊ မြို.နယ်ရဲတပ်ဖွဲ.မှူး ရဲမှူးမောင်မောင်သွင်၊ မြို.နယ်
စည်ပင်သာယာရေးဦးစီးအရာရှိဦးသန်းဦး၊ ကျေးလက်စည်ပင် ဦးစီးအရာရှိ ဦး
ကြည် နှင့်အဖွဲ.၀င်များ၊ မြို.နယ်စည်ပင်သာရေးအဖွဲ. ဥက္ကဌ နှင့်အဖွဲ.၀င်များ၊
မီလင်းရေးကော်မတီ အဖွဲ.၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ.၀င်များ
မြို.နယ် လျှပ်စစ်ဦးစီးအရာရှိ ဦးကျော်သူ နှင့်ဝန်ထမ်းများနှင့် ရွာသူ ရွာသား
များ တက်ရောက်ခဲ.ကြကြောင်းသိရှိရပါသည်။
သဖန်းချိုကျေးရွာ မီးလင်ရေးအတွက် ကေဗွီိအေ ၁၆၀ ဗို.အားထရန်စမော်မာ ကိုရွာသူ ရွာသားများက စုပေါင်းတပ်ဆင်ခဲ.ခြင်းဖြစ်ပြီး စုစုပေါင်းကုန်ကျငွေမှာ
ကျပ်သိန်း ၃၃၀ ခန်.ဖြစ်ကြောင်းသိရှိရပါသည်။
ကျေးရွာမီးလင်းရေးအတွက် ပေါက်ခေါင်းမြို.နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ၀န်
ထမ်းများ ဆောင်ရွက်လျှက်ရှိရာ ၂၈.၉.၂၀၁၄ နေ.တွင် (၃၃) အိမ်လျှပ်စစ်မီ
တာများတပ်ဆင်ပေးခဲ.နိုင်ပြီး ဆက်လက်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း
သိရှိရပါသည်။
လျှပ်စစ်သုးစွဲသူများ လျှပ်စစ်အန္တရာယ်ကာကွယ်နိုင်ရေးအတွက် မီတာတပ်ဆင်
ပြီးသော အိမ်များကို လျှပ်စစ်အန္တရာယ် ကင်းရှင်စေရေးလက်ကမ်းစာ
ဆောင်များဝေငှခဲ.အသိပညာများပေးခဲ.ကြောင်းသတင်းရရှိပါသည်။
                                                                





0 comments:

Post a Comment

Facebook Like Page