Tuesday, July 1, 2014

ဦးပိုင်ကုမ္ပဏီ(အင်ငါးဂွသကြားစက်)မှ သိမ်းယူထားသော လယ်/ယာမြေများပြန်လည်ရရှိရေးဆန္ဒဖေါ်ထုတ်


ဦးပိုင်ကုမ္ပဏီ(အင်ငါးဂွသကြားစက်)မှ သိမ်းယူထားသော လယ်/ယာမြေများပြန်လည်ရရှိရေးဆန္ဒဖေါ်ထုတ်
                                                        





ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို.နယ် ကြို.ပင်ဝိုင်းကျေးရွာအုပ်စု၊ ကြို.ပင်ဝိုင်း
ကျေးရွာ၊လွှစင်ကုန်းကျေးရွာ၊ရွာမ  ၊ကျောင်းကုန်းနှင့်   ငှက်ပျောတောကျေးရွာ
များမှ ဒေသခံတောင်သူများဧ။် ဘိုးဘွားစဉ်ဆက် ဓားမ ဦးချလုပ်ကိုင်လာသော
လယ်/ယာမြေ ဧက(၇၄)ဧကခန်.ကို ၂၀၀၆ ခုနှစ်တွင် ဦးပိုင်ကုမ္ပဏီ (အင်းငါးဂွ
သကြားစက်) မှသိမ်းယူထားသည်.အတွက် ကြို.ပင်ကျေးရွာအုပ်စုမှဒေသခံ
တောင်သူ (၃၀)ဦးခန်. သည်ယနေ. ၁.၇.၂၀၁၄ နေ. နံနက်၉း၃၀ အချိန်တွင်
သိမ်းဆည်းခံမြေယာများပြန်လည်ရရှိရေး ၊တရားဥပဒေ စိုးမိုးရေး၊ ဘိုးဘွားစဉ်
ဆက် ဓါးမ ဦးချ လုပ်ကိုင်ခဲ.သော လယ်မြေများပြန်လည်ရရှိရေး၊ အနိုင်ကျင့်
ဗိုလ်ကျသောစံနစ် ပပျောက်ရေး၊ နိုင်ငံတော်မှ တာဝန်ရှီသူများ အမြန်ဆုံးလာ
ရောက် ဖြေရှင်းပေးရေး ၊ကြွေးကြော်သံများကြွေးကျော်၍ ဗွီနိုင်းစားတန်းများ
ကိုင်ဆောင်ပြီး ပေါက်ခေါင်းမြို.အ၀င်မှ ပေါက်ခေါင်း - အုတ်တွင်းလမ်းအတိုင်း
မြို.လယ် ဗိုလ်ချုပ်ကျောက်ရုပ် ၊၄င်းနောက် မြို.နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို.နယ်
မြေစာရင်းရုံး၊ မြို.နယ် ဥပဒေရုံး၊မြို.နယ် တရားရုံးတို.ရှေ.တွင် ဆန္ဒဖေါ်ထုတ်
ခဲ.ကြ၍ နံနက် ၁၀း၄၀ အချိန်တွင်ပြီးဆုံးသွားကြောင်းသတင်းရရှိပါသည်။
ပေါက်ခေါင်းမြို.နယ် မြေစာရင်းဦးစီးဌာနဧ။် စာရင်းများအရ ကြို.ပင်ဝိုင်းကျေးရွာ
နေ ဦးထွန်းရီဧ။် လယ်ဧက(၂၀) ဧကခန်.၊ဦးခင်ဝင်းဧ။် လယ်ဧက(၁၆)ဧကခန်.၊
ဦးလှဟန်ဧ။် လယ်ဧက(၁၅)ဧကခန်.၊ဦးတင်အုန်းဧ။် လယ်ဧက(၁၀)ဧကခန်.၊
ဒေါ်လှကြင်ဧ။် လယ်ဧက(၁၃)ဧကခန်.၊စုစုပေါင်းလယ်ဧက(၇၄)ဧကခန်.အား
အင်းငါးဂွသကြားစက်(ဦးပိုင်ကုမ္ပဏီ) မှသိမ်းဆည်းထားကြောင်းသိရှိရပါသည်။
ဆန္ဒပြ တောင်သူတစ်ဦးအား မေးမြန်းရာ
ကျွန်တော်တို.က ပေါက်ခေါင်းမြို.နယ် ကြို.ပင်ဝိုင်းအုပ်စုအတွင်းမှာရှိတဲ. လွှစင်
ကုန်း၊ရွာမ၊ကျောင်းကုန်း၊ငှာက်ပျောတောကျေးရွာများမှ တောင်သူများဖြစ်ကြပါတယ်၊ ကျွန်တော်တို. ဓါးမဦးချ လုပ်ကိုင်ခဲ.တဲ. လယ်ယာမြေများကို နိုင်ငံတော်
စီမံကိန်း အင်ငါးဂွ သကြားစက်အတွက်ဆိုပြီး ဦးပိုင်ကုမ္ပဏီ က (၂၀၀၆)
ခုနှစ်မှာအတင်းသိမ်းယူခြင်းကိုခံခဲ.ရပါတယ်။ သီးနှံပျက်ဆီးရတဲ.အတွက် လျော်
ကြေးအနည်းငယ်သာ ပေးခဲ.ပြီးမြေယာလျော်ကြေးများ လုံးဝမရခဲ.ပါဘူး။
(၂၀၀၈)ခုနှစ်မှာ ဦးပိုင်ကုမ္ပဏီဟာ ကြံတွေစိုက်ရင်း အရှုံးပေါ်လာတဲ.အတွက်
လယ်ယာမြေများကို မူလပိုင်ရှင်ထံ ပြန်ပေးဘို.ဆောင်ရွက်ခဲ.ကြပါတယ်။ဒါပေ
မယ်. မူလပိုင်ရှင်များဖြစ်တဲ. ကျွန်တော်တို.ဒေသခံတွေ လုံးဝပြန်မရခဲ.ပါဘူး၊
အုပ်စုကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ သူတို.နှင့်နီးစပ်ရာများကို ပြန်ပေးခဲ.သလို
ရောင်းချစားသောက်ခြင်းကိုလဲ ခံခဲ.ရပါတယ်၊ ကျွန်တော်တို.ဒေသခံတောင်သူ
တွေမှာတော. မြေယာမဲ.ဘ၀နဲ. လူမူဒုက္ခမျိုးစုံကို ယခုချိန်ထိ ခံနေကြရတုန်းဖြစ်
ပါတယ်။အဲဒါကြောင့် တာဝန်ရှိသူ ဟု ကိုယ်.ကို.ကိုယ်လက်ခံထားသူများ တာဝန်
ခံမူ၊တာဝန်ယူမူ ရှိသည်နှင့်အညီ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအ
တွက် ယခုလို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်းပြောကြားသွားပါသည်။

                                                   ပေါက်ခေါင်းသတင်း
                                     https://www.facebook.com/pkgcitynews
                                       http://www.pkgcitynews.blogspot.com

0 comments:

Post a Comment

Facebook Like Page