ကျုပ်ကတော့ သမ္မတ မဖြစ်ခြင်တော့ဘူး
၂၀၁၅ နီးလာပြီ ၊ ဘာတွေဘယ်လိုဖြစ်မလဲ တော့မသိဘူး..
လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ လူကြီးတွေ၊၀န်ကြီးတွေ အနားယူချိန်နီးလာပြီ..။
ဆက်အရွေးခံမယ်. လူတွေ လက်ရှိတာဝန်ကနှုတ်ထွက်ပြီး မဲဆွယ်ကြပါလိမ့်မည်..။
အတိုက်ခံများလဲ အသင့်ပြင်နေကြပြီ ၊
စကားပြော မဆင်ခြင်ခဲ့ ကြသော ၀န်ကြီးများနှင့် လူကြီးများ လဲ ဆောရီးဘဲ ဆရာရေ..။
ထမင်းတစ်နပ် လျှော့စား ၊ ၂၀၀၀နဲ့သုံး ပါးရိုက်လိုက်မယ် စတာတွေလဲ ပလူပျံနေကြ၏။
နေရာတိုင်း မှာ မြေယာ ပြသနာများ ရှုပ်ထွေးလျှက်ရှိ၏။ဖင်မနိုင်ဘဲ ပဲကြီးဟင်း စားခဲ့ဟန်တူပါပေ၏..။
နောက်အစိုးရ လက်ထက် ဘာဆက်လုပ်မည်နည်း။တစ်ချို့ပါတီများ အပေါစားစည်းရုံးနေကြသည်..။ငါတို့ သမ္မတဖြစ်ရင် မြေတွေ ပြန်ရအောင် လုပ်ပေးပါမည်..။
ပေါက်ဈေး သိန်းရာထောင်ချီသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဘီလီယံပေါင်းများစွာဖြစ်သည် နိုင်ငံတော် ဘတ်ဂျက်မှ ပြန်ပေးရန် သင့်၊မသင့် ၊ကျွေးမြီ များလည်း မကြေသေး လည်ပင်းနစ်နေပါသည်..။
ဝန်ထမ်းများ လစာ ကိုလည်း အခြေခံ လူတန်းစား လစာတွေ သတ်မှတ်ကာ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင် လုပ်ရပေတော့မည်..။
ပင်စင်စားများ ကလည်း လစာတိုးပေးရန်မျော်လင့်လျှက်ရှိနေကြ၏၊ လာဘ်စားမှုများ လည်း ရှိနေဆဲဘဲ ဖြစ်နေ၏..၊မတိုင်ကြလို့ မသိ ၊ အဆင်ပြေနေကြလို့ မသိဘဲ ဖြစ်နေဟန်တူ၏..။ကုန်ဈေး နှုန်းကို လည်းမထိန်းသိမ်းနိုင်သေး.။ကုလား တွေကလဲ ချောင်းမြောင်းလျှက်ရှိ၏..။
စားဖားကြီးများနှင့် တောကြောင်ကြီးများ လက်ခမောင်းခတ်ကာ တောမီးလောင်မည့် အချိန်စောင့် နေကြ၏..။ငြိမ်းချမ်းရေး လုပ်ရင်း ကျဆုံးနေသူများလည်း အသဲနာသဖြင့် တိုက် ဆိုသော အမိန့်ကိုသာစောင့် နေကြ၏..။
ဖွံဖြိုးရေးလုပ်ငန်းများ လုပ်ရန် ဘတ်ဂျတ်များစွာ လိုနေပါ၏..၊
တစ်နိုင်ငံလုံးအနေဖြင့် လျှပ်စစ်မီး ၂၄ နာရီ ရရန် နှစ်ပေါင်း မည်မျှကြာလေဦးမည်နည်း.။ကာကွယ်ရေး ဘတ်ဂျတ်များလည်း များစွာလိုနေမည်ဖြစ်လေ၏..။
စီမံကိန်း များစွာလဲ တို့လို့တွဲလောင်းဖြစ်နေလေ၏…။
ယာဉ်ကြောပိတ်ဆို့ မှုများမကြာခဏဖြစ်နေပါသည်..။လမ်းတွေ ချဲ့ဖို့ ဘယ်လိုဆက်လုပ်ကြလေမည်နည်း…။
အိမ်နီးချင်း နိုင်ငံတွေကလဲ သွေးတိုးစမ်းလာကြကုန်၏…။
အဓိကရုန်းဖြစ်ရန် လှု့ဆော်နေသော တောကြောင်များလည်း ရှိကြလေ၏..။
အောင်မလေးလေး ရင်လေးစရာကြီးပါလားဗျာ….။
သမ္မတရူး ရူးနေကြတဲ့သူတွေ ..သူတို့မို့ ရူးနိုင်ကြတယ်…။
ရူးကြ ရူးကြ…
ကျုပ်ကတော့ ၂၀၁၅ မှာ သမ္မတ မဖြစ်ချင်ဘူး ဟေ့……
Credit to >> Yoe Yoe
0 comments:
Post a Comment