Wednesday, March 12, 2014

သိမ်ရွှေ့ပြောင်း၊ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ လယ်တီဆရာတော် ကြီး၏ ဆုံးဖြတ်ချက်သြ၀ါဒ ●

သိမ်ရွှေ့ပြောင်း၊ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ လယ်တီဆရာတော်
ကြီး၏ ဆုံးဖြတ်ချက်သြ၀ါဒ ●

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ လယ်တီဆရာတော်ဘုရားကြီး ဆုံးဖြတ်မိန့် ကြားတော်မူသော
သိမ်ကို အထိပါး မခံနိုင်ခြင်းအကြောင်းရင်း -

မြန်မာပြည်ကို အင်္ဂလိပ်များ အုပ်ချုပ်ခဲ့စဉ်က တစ်ခါမှာ သာသနာ့
ပဟေဠိတစ်ခုကြုံခဲ့ရဖူးတယ်။ ရထားလမ်းအသစ်ဖောက်တဲ့အခါ
လမ်းကြောင်းတည့်တည့်မှာ စေတီတော်တစ်ဆူနဲ့ တည့်တည့်
တိုးနေသတဲ့။ အဲဒီတော့ အင်္ဂလိပ်အစိုးရက စေတီတော်ကိုဖျက်ပြီး
တစ်နေရာမှာ ပြန်တည်ပေးမယ်လို့ စီစဉ်တော့ စေတီတော်ကို
ဖျက်ပြီးရွှေ့ ကောင်းတယ် ၊ မရွှေ့ ကောင်းဘူးဆိုပြီး အငြင်းအခုန်
တွေပေါ်လာကြတယ်။

အဲဒါနဲ့ နောက်ဆုံးမှာတော့ နေလိုလလို ထင်ရှားတဲ့ လယ်တီ
ဆရာတော်ဘုရားကြီးဆီကို ပြသာနာက ရောက်သွားခဲ့တယ်။
လယ်တီဆရာတော်ကြီးက ဘယ်လိုမိန့် ပြီးဆုံးဖြတ်ပေးခဲ့သလဲ
ဆိုတော့ -
“ စေတီတော်ကို ရွေ့ ပြောင်းတာက လုပ်မယ်ဆို လုပ်နိုင်တယ်။
စေတီတော်ဆိုတာက ပြန်တည်လို့ ရတယ်။ အေး..........သိမ်
ဆိုရင်တော့ နည်းနည်းလေးမှ မထိလေနဲ့ ။ ဘာလို့ လဲဆိုတော့
သိမ်ဆိုတာဟာ သာသနာတော်မျိုးဆက်ပွားရေးအတွက်
အရေးကြီးဆုံးသော နေရာဌာနဖြစ်တယ်။ သိမ်ကို ထိပါးဖျက်ဆီး
ခြင်းဟာ သာသနာတော်ကို မျိုးဆက်ပြတ်သွားအောင် ပြုလုပ်
ခြင်းပဲ။ အဲဒါကြောင့် စေတီတော်ကိုတော့ ရွှေ့လိုက ရွှေ့ နိုင်တယ်။
သိမ်ဆိုရင်တော့ ဘာနဲ့ပဲ မလွတ်မလွတ် အထိပါးမခံနိုင်ဘူး။ ”

ဆရာတော်ဘုရားကြီး၏ အထက်ပါဆုံးဖြတ်ချက်ကို တရုတ်အစိုးရ
တာဝန်ရှိသူများ၊ မြန်မာအစိုးရတာဝန်ရှိသူများသိနိုင်ရန် ဗုဒ္ဓဘာသာဝင်
တို့မှ မိမိတို့ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးနှင့် သာသနာဘက်မှ
ပြတ်ပြတ်သားသားရပ်တည်ကာ ဖြန့်ဝေ(Share) ပေးနိုင်ကြပါရန်
နှိုးဆော်တိုက်တွန်းအပ်ပါသည်။

Ref : [ ယနေ့ထုတ် မနောမယဂျာနယ် အမှတ် ၆၅၄ ၊ စာမျက်နှာ ၅ ]

- Admin Team of YBAM မူရင်းဆိုဒ် https://www.facebook.com/youngbuddhistassociation.mm?hc_location=timeline
Photo: သိမ်ရွှေ့ပြောင်း၊ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ လယ်တီဆရာတော်

0 comments:

Post a Comment

Facebook Like Page