Saturday, February 8, 2014

မျက်စိဝေဒနာရှင်များအားဖိတ်ခေါ်ပါသည်


မျက်စိဝေဒနာရှင်များအားဖိတ်ခေါ်ပါသည်                                                                                လှိုက်ခနဲ ဝမ်းသာ ပီတိဖြစ်မိသွားရတဲ့ တခဏ

မျက်လုံးထဲမှာ စိတ်ကူးထဲမှာ ချို့တဲ့သော မျက်စိဝေဒနာရှင်တွေကိုမြင်ယောင်လာပြီး

သူတို့အတွက် ဘဝအလင်းရဖို့မျှော်လင့်ချက်ရောင်ခြည်များစွာ

ရှိလာပြီလို့ ခံစားလိုက်ရပါတယ်

===========================================

သီတဂူစတားမှ ကူးယူဖော်ပြပါတယ်ခင်ဗျာ

သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန ဆေးရုံ ဖွင့်လှစ်ပွဲ ဖိတ်ကြားလွှာ
================================

သီတဂူဆရာတော်ကြီး မွေးရပ်မြေ၊ ပြည်ခရိုင်၊ သဲကုန်းမြို့တွင်

“သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန” ဆေးရုံကို ၁၃၇၅ခုနှစ်၊

တပိုတွဲလပြည့်နေ့ (၁၄-၂-၂၀၁၄)တွင် ဖွင့်လှစ်လှူဒါန်းမည် ဖြစ်သည်။

ထိုဆေးရုံတော်ကို သီတဂူဆရာတော်ကြီးနှင့်

ရွှေဥရာစုသစ် ဒေါ်ရွှေဥတို့က လှူဒါန်းသည်။

ထိုဆေးရုံတော်သည် သီတဂူသာသနာပြုအဖွဲ့က

ဆောက်လုပ်လှူဒါန်းပြီး ဆေးရုံများတွင် ၂၇ ခုမြောက်ဆေးရုံတော်ဖြစ်သည်။

ထိုနေ့မှာပဲ အလှူ့ရှင် ရွှေဥရာစုသစ် ဒေါ်ရွှေဥကပဲ

သီတဂူဆရာတော်ကြီးအား ဆောက်လုပ်ပြီးဖြစ်သော စံကျောင်းတော်ကိုလည်း

လှူဒါန်းမည်ဖြစ်သည်။ ပင့်သံဃာတော် အရှင်မြတ်တို့အား ဆွမ်းခဲဖွယ်များနှင့်

သင်္ကန်းစသော လှူဖွယ်များ လှူဒါန်းပါမည်။

(က) မျက်စိအထူးကုအစီအစဉ်

ပြည်တွင်း ပြည်ပရှိ မျက်စိအထူးကုဆရာဝန်ကြီးများက

(13- 2- 2014)နေ့မှ (19- 2- 2014)နေ့အထိ

(၇)ရက်တိုင်တိုင် စမ်းသပ် စစ်ဆေး၊ ခွဲစိပ်ကုသခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပါသည်။

(ခ) သီတဂူ အထူးဓမ္မသဘင်

တပိုတွဲလဆန်း (၁၄) ရက်နေ့မှ တပိုတွဲ လပြည့်ကျော် (၅)ရက်နေ့အထိ

သီတဂူဓမ္မကထိကများ ဖြစ်ကြသော

၁။သီတဂူကြယ်တစ်ပွင့်

၂။ သီတဂူကြာတစ်ပွင့်

၃။ဦးတိက္ခသာရ

၎။ဒေါက်တာ ကိတ္တိဗလ

၅။ဒေါက်တာဣန္ဒက

၆။ဒေါက်တာဣန္ဒာ စရိယ

၇။ ဦးဒေဝိန္ဒာဘိဝံသ တို့က ညစဉ်ဟောကြားပေးမည်ဖြစ်သည်။

(၈) ဖျော်ဖြေ ရေးအစီအစဉ်
ကြွရောက်လာကြသော အလှူရှင်များ၊ ဆရာဝန်များ၊ လူနာများ၊ ဒေသခံပြည်သူများအတွက် အောက်ပါ အနုပညာရှင်များက ဖျော်ဖြေပေးကြမည် ဖြစ်သည်။

(13- 2- 14) နေ့ ည မြန်မာပြည်ကျောက်စိမ်း ဆိုင်းဝိုင်း
(17- 2- 14) (18- 2- 14) နေ့ (၂) ညတိုင်တိုင် ဇာတ်မင်းသားဖိုးချစ်ဇာတ်သဘင်
(19- 2- 14)နေ့ည အလင်္ကာဝတ်ရည် တေးဂီတအဖွဲ့တို့က တစ်နေ့တစ်မျိုးမရိုးရအောင် ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။
အလှူပွဲသို့ ကြွရောက် ကုသိုလ်ယူကြပါရန် ဖိတ်ကြားအပ်ပါသည်။
(13- 2- 2014)နေ့မှ (19- 2- 2014)နေ့အထိမျက်စိဝေဒနာရှင်များကို
(၇)ရက်တိုင်တိုင်အခမဲ. စမ်းသပ် စစ်ဆေး၊ ခွဲစိပ်ကုသခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပါသည်။လိုက်ပါကုသလိုသူများသည်
ပြည်မြို..ဆင်စုရပ်ကွက် ပုထိုး ကြီး ရွှေဘုံသာဘုန်းကြီးကျောင်တွင်
လာရောက်စာရင်းပေးသွင်းနျိုင်ပါသည်။ နေ.စဉ်မနက် (၈) နာရီပြည် မှသဲကုန်သို.
ကားများဖြင်.အခမဲ.ပိုဆောင်ပေးပါမည် ပြည်တွင်း ပြည်ပရှိ မျက်စိအထူးကုဆရာဝန်ကြီးများက

(13- 2- 2014)နေ့မှ (19- 2- 2014)နေ့အထိ

(၇)ရက်တိုင်တိုင် စမ်းသပ် စစ်ဆေး၊ ခွဲစိပ်ကုသခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပါသည်။


“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၂-၂၀၁၄
www.thesitagu.org
www.sitagustar2020.net

0 comments:

Post a Comment

Facebook Like Page