Saturday, February 8, 2014

သူငယ်ချင်းများနှင့် ရေအတူကူးရာမှရေနစ်သေဆုံး


သူငယ်ချင်းများနှင့် ရေအတူကူးရာမှရေနစ်သေဆုံး
8.2.2014 နေ. နံနက် ၁၁ နာရီခန်.တွင် ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို.
အမှတ်(၁)ရပ်ကွက်နေ မောင်အောင်သူဟိန်း (၁၄) နှစ် (ဘ) ဦးဝင်းဗိုလ် ၊
အဌမတန်းကျောင်းသားသည် သူငယ်ချင်းများဖြစ်သော မောင်အောင်ပြည်.စုံ
မောင်ဝေဖြိုးခိုင် တို.နှင့်အတူ ပေါက်ခေါင်းမြို. အမှတ်(၅)ရပ်ကွက် လှိုင်းတက်
ဘုန်းတော်ကြီးကျောင်း ရေကန်အတွင်း ရေကူးကြစဉ် မောင်အောင်သူဟိန်း
သည် ရေကန်အလည်အရောက်တွင် ရေနစ်မြုပ်သွားကြောင်းကို ပေါက်ခေါင်း
ရဲစခန်းသို. ဖုန်းဖြင့်အကြောင်းကြားလာသဖြင့် စခန်းမှူး ဒုရဲမှူး ခင်ဇော်ဦး နှင့်
အဖွဲ.မှ သွားရောက်ကြည်.ရှု.၍ မိမိရဲတပ်ဖွဲ.၀င်များ ၊မြို.နယ်မီးသတ်တပ်ဖွဲ.၀င်
များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ၄င်းဧ။် မိဘဆွေမျိုးများ ၊  လုပ်သားပြည်သူ
များနှင့်အတူ ရေကန်အတွင်း လိုက်လံရှာဖွေခဲ.ရာ နေ.လည် ၁း၃၀ အချိန်ခန်.
တွင် ရေနစ်မြုတ်သေဆုံးသွားသော မောင်အောင်သူဟိန်း ဧ။် အလောင်အား
ဆယ်ယူရရှိခဲ.ကြောင်းသိရှိရပါသည်။
သေဆုံးသူ မောင်အောင်သူဟိန်း (ပြင်ပဒဏ်ရာမရှိ) အားမူခင်းဆေးစာဖြင့်
ပေါက်ခေါင်းပြည်သူ.ဆေးရုံသို.ပို.အပ်ခဲ.ပြီး သေဆုံးသူမောင်အောင်သူဟိန်း
သည် ဓမ္မတာအတိုင်းမဟုတ်ပဲရုပ်တရက်သေဆုံးရသည်. အကြောင်းအား
စုံစမ်းဖော်ထုပ်အရေးယူပါရန် တာဝန်မှူး ဒုရဲအုပ် အေးမင်းထွန်းမှ 8.2.2014
နေ. ၁း၄၅ အချိန်တွင် သေမူသေခင်း ၃/၁၄ ဖြင့်အရေးယူဆောင်ရွက်ထားရှိ
ပြီး အမှုအား စခန်းမှူး ဒုရဲမှူး ခင်ဇော်ဦး မှလက်ခံစစ်ဆေးလျက်ရှိ ပြီး သေ
ဆုံးသူ မောင်အောင်သူဟိန်းသည် ဓမ္မတာအတိုင်းမဟုတ်ပဲ ရုပ်တရက်သေ
ဆုံးရခြင်းအား စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

(မိဘပြည်သူများဧ။် သားရတနာများအား ရေနစ်သေဆုံးခြင်းမှ ကင်းဝေးစေ
ရန် သတိပေး တင်ပြရခြင်းဖြစ်ပါသည်)
Credit to >> မူခင်းသတင်းမီဒီယာ (ပေါက်ခေါင်းမြို.)

0 comments:

Post a Comment

Facebook Like Page