(နိုဝင်ဘာလ ၂ရက်နေ့ ဖြန့်ချိမည့် The Voice Weekly မျက်နှာဖုံးနှင့် Editorial)
လျှပ်စစ်မီတာခကိစ္စ
လျှပ်စစ်မီတာခ ဈေးပြောင်းသည့်ကိစ္စမှာ
၁။ ယခင်စနစ်ကကဲ့သို့ တိုင်းပြည်ဘဏ္ဍာငွေ ထဲမှ မစိုက်တော့ (သို့မဟုတ်
စိုက်ထုတ်ခြင်းကိုလျှော့ချ) ခြင်းဖြစ်သည်။ ဥပမာ- လျှပ်စစ် ဓာတ်အားထုတ်
စက်ရုံမှ အိမ်အရောက် မီတာတစ်ယူနစ် ၇၀ ကျသည်ဆိုလျှင် တစ်ယူနစ် ၃၀ သာ
ကောက်ခံလျှင် တိုင်းပြည်က ၄၀ စိုက်ပေးထားခြင်း ဖြစ်သည်။ တစ်ယူနစ် ၃၀ မှ ၆၀
သို့ တိုးကောက်လျှင် တိုင်းပြည်က ၁၀ သာ စိုက်ရတော့မည်ဖြစ်ပြီး တစ်ယူနစ် ၇၀
ကောက်လိုက်လျှင် တိုင်းပြည်က လုံးဝမစိုက်တော့။ ဝန်ဆောင်မှုအားလုံးကို
တိုင်းပြည်က ဖြည့်ဆည်းရမည် ဟူသော ဆိုရှယ်လစ်စနစ် လက်ကျန်သဘောတရား
မဟုတ်တော့ဘဲ ဈေးကွက်သဘောတရား အရ ကိုယ်သုံးသလောက် ကိုယ်ခံ သဘောတရားမျိုး
ကျင့်သုံးလာသည့် သဘောဖြစ်သည်။
၂။ ယခင်ကကဲ့သို့ လျှပ်စစ်ဓာတ်အား
အစိုးရတစ်ဦးတည်းက လက်ဝါးကြီးအုပ် ထုတ်လုပ်ခြင်းမျိုး မဟုတ်တော့ဘဲ
အစိုးရတစ်ဦးတည်း ဆိုလျှင် အားမရှိသည့် အတွက် ပုဂ္ဂလိက များကိုပါ
ထုတ်လုပ်ခွင့်ပေးပြီး လျှပ်စစ်ဓာတ် ထုတ်လုပ်မှု အားတက်အောင် မူဝါဒ
ပြောင်းလဲထားသည်။ ယခုဈေးနှုန်း အပြောင်းအလဲသည် ထိုဘက်သို့ ရွေ့လာခြင်းဟု
ယူဆရသည်။
၃။ ဗုံးပေါလအော သုံးစွဲသူကိုပါ စိုက်ထုတ်ပေးခြင်းဟူသော
နွားထီး ငါးကျပ်၊ နွားမ ငါးကျပ်မူမျိုး မဟုတ်တော့ သည့်အတွက် ဗုံးပေါလအော
သုံးစွဲသူတို့ ကိုယ်ရှိန် သတ်သွားလျှင် ပိုထွက်လာသော ဘဏ္ဍာငွေမှ တိုင်းပြည်၏
အခြားနေရာများတွင် သုံးစွဲနိုင်သည်။ စနစ်တကျ သုံးစွဲသူများသည် အခန်းအပြင်
ထွက်သွားလျှင် အခန်းမီး ပိတ်ခဲ့ခြင်း၊ မီးပူထိုးပြီး ပလပ်ဖြုတ်ပြီးစတွင်
အဝတ်တစ်ထည်ပေါ် ဖိထားခြင်း၊ လျှပ်စစ်အားသုံးစွဲမှု နည်းသော မီးလုံး၊
မီးချောင်းများ သုံးစွဲခြင်း စသော ချွေတာသည့် ဓလေ့များဖြင့် လျှပ်စစ်မီတာ
လျော့သော်လည်း နဂိုလူနေမှု ဟန်ပန်အတိုင်း နေနိုင်သည်။
၎။ စက်ရုံ
အလုပ်ရုံများသည် လိုင်းမီးမရသည့်အတွက် မီးစက်များဖြင့် လည်ပတ်ရလျှင်
မီးစက်ဖိုး၊ ဒီဇယ်ဖိုး ငွေပိုကုန်သည်၊ အသံညစ်ညမ်း၊ လေထု ညစ်ညမ်းမှုလည်း
ဖြစ်သည်။ စက်မှုဇုန်တို့သည် စက်မှုဇုန်ဟူသော အမည်နှင့် မလိုက်ဖက်ဘဲ
မီးစက်နှင့်သာ လည်ပတ်နေရသည်မှာ စက်မှုဖွံ့ဖြိုးရေး ဟူသော ရည်မှန်းချက်နှင့်
တလွဲစီဖြစ်နေသည်။ မီးသာမှန်မှန်ရမည် ဆိုလျှင် ဈေးပြောင်းသော် လည်း
စက်ရုံအလုပ်ရုံ များအတွက် အကျိုးကျေးဇူးရှိနိုင်သည်။
၅။ မည်သည့်
ဈေးတက်ခြင်းမျိုးမျှ လူကြိုက်မများ သည့်အတွက် နိုင်ငံရေးအရ ရိုက်ခတ်မှု
ရှိနိုင်သည်။ ရွေးကောက်ပွဲဝင်မည့် အစိုးရတို့သည် ရွေးကောက်ပွဲနီးလျှင်
ထိုသို့ဈေးတက်ခြင်းမျိုး မလုပ်ရဲကြချေ။
၆။ မူဝါဒ ချမှတ်ရာတွင်
Timing ခေါ် ချိန်ကိုက်ဖြစ် မဖြစ်အရေးကြီးသည်။ မီတာခ ဈေးတက်သောအချိန်သည်
ပွင့်လင်းရာသီ အစတွင် ဖြစ်နေရာ လျှပ်စစ်မီး လျော့ပါးတတ်သည့် အချိန်နှင့်
တိုက်ဆိုင်နေသည်။ “မီတာခလည်း တက်သေး၊ မီးကလည်း မလာဘူး” ဟူသောစကားကို
ပိုကြားရဖွယ် အချိန်အစား အခြားအချိန်ကို ဘာကြောင့်မရွေးတာလဲဟု
စဉ်းစားစရာဖြစ်သည်။
၇။ တစ်ဖက်က လျှပ်စစ်ဓာတ်အားခ
တိုးကောက်လိုက်လျှင် အခြား ဝန်ဆောင်မှုတစ်ခုခု တက်လာမှသာ ပြည်သူတို့
စိတ်ကျေနပ်မှုရမည်။ ထို့ကြောင့် မီးမှန်မှန်လာအောင်၊ မီးအားပြည့်အောင်
စီမံပေးရမည်။ မီးစက်ဝယ်စရာမလိုလျှင်၊ အင်ဗာတာ မလိုတော့လျှင်၊
မီးအတက်အကျကြောင့် မီးသုံးစွဲရသည့် ပစ္စည်းများ သက်တမ်းကြာရှည်ခံလျှင်
သုံးစွဲလက်စ လျှပ်စစ်မီးယူနစ်အတိုင်း မလျှော့လျှင်တောင် ဘဲစားဘဲချေ
ဖြစ်သွားနိုင်သည်။
၈။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ
တင်သွင်းနေရသော မီးစက် အကြီးအသေးများ၊ အင်ဗာတာများ၊ မီးအားမမှန်သဖြင့်
လျှပ်စစ်ပစ္စည်းတို့ ပျက်လွယ်သဖြင့် တင်သွင်းရသော အပိုကုန်ကျစရိတ်များ၊
ဒီဇယ်ဖိုးများသည် နှစ်စဉ် ဒေါ်လာသန်းပေါင်း များစွာ ကုန်ကျသည်။
မီးမှန်မှန်လာအောင်၊ မီးအားမှန်အောင် ဖန်တီးနိုင်လျှင် မလိုဘဲကုန်နေသည့်
ဧရာမငွေယိုပေါက်ကြီး ပိတ်သွားမည်။
၉။ လူနေမှုအဆင့်အတန်း
ပြောင်းလာပြီး တီဗီ၊ လေအေးပေးစက်၊ အဝတ်လျှော်စက်၊ မီးလုံး၊ မီးချောင်း
လျှပ်စစ်ပစ္စည်းများ ဝယ်ယူသုံးစွဲမှု တိုးလာသဖြင့် စက်မှုလက်မှု
လုပ်ငန်းများကို ထည့်မတွက်လျှင်ပင် လျှပ်စစ်မီး လိုအပ်ချက် တစ်နှစ်ထက်
တစ်နှစ် ခုန်ပျံ တိုးလာဦးမည်သာ ဖြစ်သည်။
အယ်ဒီတာ (၃၁.၁၀.၂၀၁၃)
Photo: (မနက်ဖြန်၊ နိုဝင်ဘာလ ၂ရက်နေ့ ဖြန့်ချိမည့် The Voice Weekly
မျက်နှာဖုံးနှင့် Editorial) လျှပ်စစ်မီတာခကိစ္စ လျှပ်စစ်မီတာခ
ဈေးပြောင်းသည့်ကိစ္စမှာ ၁။ ယခင်စနစ်ကကဲ့သို့ တိုင်းပြည်ဘဏ္ဍာငွေ ထဲမှ
မစိုက်တော့ (သို့မဟုတ် စိုက်ထုတ်ခြင်းကိုလျှော့ချ) ခြင်းဖြစ်သည်။ ဥပမာ-
လျှပ်စစ် ဓာတ်အားထုတ် စက်ရုံမှ အိမ်အရောက် မီတာတစ်ယူနစ် ၇၀ ကျသည်ဆိုလျှင်
တစ်ယူနစ် ၃၀ သာ ကောက်ခံလျှင် တိုင်းပြည်က ၄၀ စိုက်ပေးထားခြင်း ဖြစ်သည်။
တစ်ယူနစ် ၃၀ မှ ၆၀ သို့ တိုးကောက်လျှင် တိုင်းပြည်က ၁၀ သာ
စိုက်ရတော့မည်ဖြစ်ပြီး တစ်ယူနစ် ၇၀ ကောက်လိုက်လျှင် တိုင်းပြည်က
လုံးဝမစိုက်တော့။ ဝန်ဆောင်မှုအားလုံးကို တိုင်းပြည်က ဖြည့်ဆည်းရမည် ဟူသော
ဆိုရှယ်လစ်စနစ် လက်ကျန်သဘောတရား မဟုတ်တော့ဘဲ ဈေးကွက်သဘောတရား အရ
ကိုယ်သုံးသလောက် ကိုယ်ခံ သဘောတရားမျိုး ကျင့်သုံးလာသည့် သဘောဖြစ်သည်။ ၂။
ယခင်ကကဲ့သို့ လျှပ်စစ်ဓာတ်အား အစိုးရတစ်ဦးတည်းက လက်ဝါးကြီးအုပ်
ထုတ်လုပ်ခြင်းမျိုး မဟုတ်တော့ဘဲ အစိုးရတစ်ဦးတည်း ဆိုလျှင် အားမရှိသည့်
အတွက် ပုဂ္ဂလိက များကိုပါ ထုတ်လုပ်ခွင့်ပေးပြီး လျှပ်စစ်ဓာတ် ထုတ်လုပ်မှု
အားတက်အောင် မူဝါဒ ပြောင်းလဲထားသည်။ ယခုဈေးနှုန်း အပြောင်းအလဲသည် ထိုဘက်သို့
ရွေ့လာခြင်းဟု ယူဆရသည်။ ၃။ ဗုံးပေါလအော သုံးစွဲသူကိုပါ
စိုက်ထုတ်ပေးခြင်းဟူသော နွားထီး ငါးကျပ်၊ နွားမ ငါးကျပ်မူမျိုး မဟုတ်တော့
သည့်အတွက် ဗုံးပေါလအော သုံးစွဲသူတို့ ကိုယ်ရှိန် သတ်သွားလျှင် ပိုထွက်လာသော
ဘဏ္ဍာငွေမှ တိုင်းပြည်၏ အခြားနေရာများတွင် သုံးစွဲနိုင်သည်။ စနစ်တကျ
သုံးစွဲသူများသည် အခန်းအပြင် ထွက်သွားလျှင် အခန်းမီး ပိတ်ခဲ့ခြင်း၊
မီးပူထိုးပြီး ပလပ်ဖြုတ်ပြီးစတွင် အဝတ်တစ်ထည်ပေါ် ဖိထားခြင်း၊
လျှပ်စစ်အားသုံးစွဲမှု နည်းသော မီးလုံး၊ မီးချောင်းများ သုံးစွဲခြင်း စသော
ချွေတာသည့် ဓလေ့များဖြင့် လျှပ်စစ်မီတာ လျော့သော်လည်း နဂိုလူနေမှု
ဟန်ပန်အတိုင်း နေနိုင်သည်။ ၄။ စက်ရုံ အလုပ်ရုံများသည် လိုင်းမီးမရသည့်အတွက်
မီးစက်များဖြင့် လည်ပတ်ရလျှင် မီးစက်ဖိုး၊ ဒီဇယ်ဖိုး ငွေပိုကုန်သည်၊
အသံညစ်ညမ်း၊ လေထု ညစ်ညမ်းမှုလည်း ဖြစ်သည်။ စက်မှုဇုန်တို့သည် စက်မှုဇုန်ဟူသော
အမည်နှင့် မလိုက်ဖက်ဘဲ မီးစက်နှင့်သာ လည်ပတ်နေရသည်မှာ စက်မှုဖွံ့ဖြိုးရေး
ဟူသော ရည်မှန်းချက်နှင့် တလွဲစီဖြစ်နေသည်။ မီးသာမှန်မှန်ရမည် ဆိုလျှင်
ဈေးပြောင်းသော် လည်း စက်ရုံအလုပ်ရုံ များအတွက် အကျိုးကျေးဇူးရှိနိုင်သည်။
၅။ မည်သည့် ဈေးတက်ခြင်းမျိုးမျှ လူကြိုက်မများ သည့်အတွက် နိုင်ငံရေးအရ
ရိုက်ခတ်မှု ရှိနိုင်သည်။ ရွေးကောက်ပွဲဝင်မည့် အစိုးရတို့သည်
ရွေးကောက်ပွဲနီးလျှင် ထိုသို့ဈေးတက်ခြင်းမျိုး မလုပ်ရဲကြချေ။ ၆။ မူဝါဒ
ချမှတ်ရာတွင် Timing ခေါ် ချိန်ကိုက်ဖြစ် မဖြစ်အရေးကြီးသည်။ မီတာခ
ဈေးတက်သောအချိန်သည် ပွင့်လင်းရာသီ အစတွင် ဖြစ်နေရာ လျှပ်စစ်မီး
လျော့ပါးတတ်သည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ “မီတာခလည်း တက်သေး၊ မီးကလည်း
မလာဘူး” ဟူသောစကားကို ပိုကြားရဖွယ် အချိန်အစား အခြားအချိန်ကို
ဘာကြောင့်မရွေးတာလဲဟု စဉ်းစားစရာဖြစ်သည်။ ၇။ တစ်ဖက်က လျှပ်စစ်ဓာတ်အားခ
တိုးကောက်လိုက်လျှင် အခြား ဝန်ဆောင်မှုတစ်ခုခု တက်လာမှသာ ပြည်သူတို့
စိတ်ကျေနပ်မှုရမည်။ ထို့ကြောင့် မီးမှန်မှန်လာအောင်၊ မီးအားပြည့်အောင်
စီမံပေးရမည်။ မီးစက်ဝယ်စရာမလိုလျှင်၊ အင်ဗာတာ မလိုတော့လျှင်၊
မီးအတက်အကျကြောင့် မီးသုံးစွဲရသည့် ပစ္စည်းများ သက်တမ်းကြာရှည်ခံလျှင်
သုံးစွဲလက်စ လျှပ်စစ်မီးယူနစ်အတိုင်း မလျှော့လျှင်တောင် ဘဲစားဘဲချေ
ဖြစ်သွားနိုင်သည်။ ၈။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ တင်သွင်းနေရသော
မီးစက် အကြီးအသေးများ၊ အင်ဗာတာများ၊ မီးအားမမှန်သဖြင့် လျှပ်စစ်ပစ္စည်းတို့
ပျက်လွယ်သဖြင့် တင်သွင်းရသော အပိုကုန်ကျစရိတ်များ၊ ဒီဇယ်ဖိုးများသည်
နှစ်စဉ် ဒေါ်လာသန်းပေါင်း များစွာ ကုန်ကျသည်။ မီးမှန်မှန်လာအောင်၊
မီးအားမှန်အောင် ဖန်တီးနိုင်လျှင် မလိုဘဲကုန်နေသည့် ဧရာမငွေယိုပေါက်ကြီး
ပိတ်သွားမည်။ ၉။ လူနေမှုအဆင့်အတန်း ပြောင်းလာပြီး တီဗီ၊ လေအေးပေးစက်၊
အဝတ်လျှော်စက်၊ မီးလုံး၊ မီးချောင်း လျှပ်စစ်ပစ္စည်းများ ဝယ်ယူသုံးစွဲမှု
တိုးလာသဖြင့် စက်မှုလက်မှု လုပ်ငန်းများကို ထည့်မတွက်လျှင်ပင် လျှပ်စစ်မီး
လိုအပ်ချက် တစ်နှစ်ထက် တစ်နှစ် ခုန်ပျံ တိုးလာဦးမည်သာ ဖြစ်သည်။ အယ်ဒီတာ
(၃၁.၁၀.၂၀၁၃)
Friday, November 1, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment