Saturday, November 9, 2013

ပညာရေးအိပ်မက်များမှ လက်တွေ့ပုံဖော်တည်ဆောက်ရေးသို့ "


" ပညာရေးအိပ်မက်များမှ လက်တွေ့ပုံဖော်တည်ဆောက်ရေးသို့ "

► ပညာ၏ အခန်းကဏ္ဍ

ယနေ့ကမ္ဘာကြီးသည် လက်နက် စွမ်းရည်ချင်းပြိုင်ပြီး အနိုင်လုရတော့ မည့် ခေတ်မဟုတ်တော့။ ဥာဏ်ကြီးသူ သာ အောင်ပွဲဆင်နိုင်သောခေတ်ဖြစ် သည်။ လူသားအပေါင်း ၏ လွတ်လပ် ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း၊ ယဉ် ကျေးမှု လောကပါလတရားကို ပညာက သာလျှင် ဆောင်ရွက်လာနိုင်ပေလိမ့် မည်။ခေတ်သစ်ကမ္ဘာတွင် အရာရာ ထက် ခေါင်းတစ်လုံးသာနေသည့်”ပညာ” ကို ဘယ်လိုရှာကြမလဲ၊ ဘယ်လိုယူကြ မလဲ၊ ဘယ်လို သင်ကြားပေးကြမလဲ၊ ပညာရှာလူငယ်များကို ဘယ်လိုပြုစု ပျိုး ထောင်ကြ မလဲ၊ ပညာကို သိက္ခာရှိရှိ ဖြန့်ဖြူးပေးရာ ဌာနများကို နေချင့်စ ဖွယ်ဖြစ်အောင် ဖန်တီးပေးရေးတို့သည် စဉ်းစားစရာနှင့် အဖြေကောင်းရှာဖွေ ကြရန် လိုအပ်လာပါသည်။

►ေ နချင့်စဖွယ်နှင့်ပညာရေးပတ်ဝန်းကျင် ဖန်တီးရေး

နိုင်ငံရေး အယူသီးမှုကြောင့်၊ လုံ ခြုံရေးအစိုးရိမ်လွန်ကဲမှုကြောင့်၊ တာ ဝန်ရှိသူများ၏ တာဝန်ယူနိုင်ရေး ပျက် ကွက်မှုကြောင့် တက္ကသိုလ်ကျောင်းများ ကို မြို့နှင့် အ လှမ်းဝေးရာသို့ပို့ပြီး ဘော် ဒါဆောင်များ ထားရှိခြင်းကို ဖျက်သိမ်း ခဲ့သည်။ ထို့ကြောင့် အသစ်ထူထောင် သော တက္ကသိုလ်များသည် ဆရာမလုံ လောက်မှု၊ သင်ထောက် ကူ ပစ္စည်းများ မပြည့်စုံမှု၊ လမ်းပန်းဆက်သွယ်ရေး ညံ့ ဖျင်းမှု၊ နေချင့်စဖွယ်နှင့် ပျော်ရွှင်ဖွယ် ပညာရေးပတ်ဝန်းကျင် တည်ထောင်ရန် ပျက်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အကျိုးဆက်မှာ နံနက်စောစော လွယ် အိတ်တစ်လုံးဖြင့် ကျောင်းတက်ရန် ထွက်ခွာသွားသော သား၊ သမီးများ သည် မိုးစုံးစုံးချုပ်မှ အိမ်ပြန်ရောက် သည်။ သားသမီးများ အိမ်ပြန်ရောက် ချိန်ကို မိခင်၊ ဖခင်တို့က အစိုးရိမ်ကြီး စွာ စောင့်စားနေခဲ့ရသော ဝေဒနာ၊ အိမ်မှကျောင်းသို့၊ ကျောင်းမှ အိမ်သို့ ခရီးရှည်ကြီးကို နေ့စဉ်သွားလာနေရသ ဖြင့် ကုန်ဆုံးသော အချိန်၊ ပင်ပန်းမှု ကာယိကဒုက္ခ၊ အသွားအပြန်ကြား စိတ်လေလွင့်ပြီး ပြုန်းတီးခဲ့ရသော စာ ရိတ္တစသည့် ဆုံးရှုံးမှုများ .........

Readmore >> http://www.popularmyanmar.com/mpaper/2013/11/ပညာရေးအိပ်မက်များမှ-လက်/

0 comments:

Post a Comment

Facebook Like Page