Saturday, October 5, 2013

မြန်မာ.စီးပွါးရေးဘဏ်နှင့်ဆက်သွယ်သူများသို.အသိပေးခြင်း


မြန်မာ.စီးပွါးရေးဘဏ်နှင့်ဆက်သွယ်သူများသို.အသိပေးခြင်း
 
နိုင်ငံတစ်ဝန်းလုံးရှိ မြန်မာ.စီးပွားရေဘဏ်၊ဘဏ်ခွဲများသည် ပြည်ထောင်စု
အစိုးရနှင့်တိုင်းဒေသကြီး/ပြည်နယ်အစိုးရများဧ။် ဌာနအဖွဲ.အစည်းများဧ။်
ဘဏ္ဍာရန်ပုံငွေစာရင်းမှ ငွေအထုတ်၊အသွင်းလုပ်ငန်းများ ချောမွေ.စေရေး
နှင့် ထိုဘဏ္ဍာရန်ပုံငွေစာရင်း ထိန်းသိမ်းခြင်းဆိုင်ရာ ၀န်ဆောင်မူလုပ်ငန်းများ
အများပြည်သူအတွက် ငွေစုဘဏ်လုပ်ငန်း၊ချေးငွေလုပ်ငန်း၊ပြည်တွင်း/ပြည်ပ
ငွေလွဲလုပ်ငန်း၊နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ဘဏ်ဝန်ဆောင်မူလုပ်ငန်း၊ နိုင်ငံ
ဝန်ထမ်းများဘဏ်ချေးငွေလုပ်ငန်း၊နိုင်ငံ.၀န်ထမ်းအငြိမ်းစားများအား ပင်စင်
လစာထုတ်ပေးခြင်း၊နိုင်ငံတော်မူဝါဒအရ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ အသေး
စားနှင့်အလတ်စားလုပ်ငန်းများ ဖွံ.ဖြိုးရေး၊မိုက်ကရိုချေးငွေကဏ္ဍစသည်. 

ဦးစားပေး စီးပွားရေးကဏ္ဍများသို. လက်ကားချေးငွေ ပံ.ပိုးခြင်းအပါအ၀င်
ငွေကြေးဝန်ဆောင်မူလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို.ဆောင်ရွက်ရာတွင် Online စံနစ် တွဲဖက်အသုံးပြုခြင်း၊ ကြိုးနီစံနစ်
လျော.ချဖယ်ရှားခြင်း ၊၀န်ထမ်းလေ.ကျင့်သင်ကြားမူတိုးမြင့်ခြင်း၊e-pension
စံနစ်ဖန်တီးဆောင်ရွက်ခြင်း၊Quick Cash စံနစ်ဖြင့် Utility bill payment ၀န်
ဆောင်မူပေးခြင်း၊ပြည်သူများထံ ဘဏ်ဝန်ဆောင်မူ ပိုမိုကျယ်ပြန်.စွာရောက်ရှိ
ရေးအတွက်ဘဏ်ခွဲများ ဘဏ်ငွေတိုက်ခွဲများကို တိုးမြင့်ဖွင့်လစ်ခြင်းနည်းလမ်း
များဖြင့် ကြိုးပမ်းဆောင်ရှိပါသည်။မြန်မာ.စီးပွါးရေးဘဏ်တွင် နှစ်စဉ်ပြည်သူ
များဧ။် အပ်ငွေနှင့်ချေးငွေ နှစ်ရပ်စလုံးမှာများစွာတိုးတက်ကာ ဘဏ်ဧ။် ဘဏ်
ဝန်ဆောင်မူလုပ်ငန်းပမာဏ တိုးတက်များပြားလျက်ရှိပါသည်။ မြန်မာ.စီးပွား
ရေးဘဏ်တွင် စုစုပေါင်းချေးငွေနှင့်အပ်ငွေအချိုးမှာ ၂၀၁၁ ခုနှစ်ဒီဇင်ဘာလ
တွင် ၂၀ဒသမ၉ ရာခိုင်နူန်းနှင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ၃၂ ဒသမ ၃၉
ရာခိုင်နူန်းရှိခဲ.ရာမှ ၂၀၁၃ ခုနှစ် ဇူလိုင်လကုန်တွင် ၄၂ ဒသမ ၃၁ ရာခိုင်နူန်း
သို. တိုးမြင့်ရောက်ရှိခဲ.ပါသည်။
မြန်မာ.စီးပွားရေးဘဏ်နှင့် ဆက်သွယ်သူများအားလုံးကို မြန်မာ.စီးပွားရေး
ဘဏ်ဝန်ထမ်းများက အထူးပင်ကျေးဇူးတင်ရှိပါသည်။ မြန်မာ.စီးပွားရေးဘဏ်
အား အပြုသဘောဖြင့် ဝေဖန်အကြံပြုသူများအားလည်း ကျေးဇူးတင်ပါသည်။
ဘဏ်ဝန်ဆောင်မူပိုမိုကောင်းမွန်စေရန် ပြုပြင်ဆောင်ရွက်နေပြီး ဆထက်ထမ်း
ပိုး တိုးတက်ကောင်းမွန်စေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသဖြင့် ဝေ
ဖန်အကြံပြုချက်များကို အောက်ပါ ဖုန်းနံပါတ်များသို. ဆက်သွယ်အသိပေး
အကြံပြုနိုင်ပါကြောင်း နှင့်Customer များဧ။်အခက်အခဲများကို အသိပေးပါက
ထိရောက်စွာ ကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဘဏ်နှင့်ဆက်သွယ်
သူ မိဘပြည်သူများကို လေးစားစွာအသိပေးအပ်ပါသည်။
မြန်မာ.စီးပွားရေးဘဏ်
ဖုန်း- ၀၆၇-၄၂၁၃၃၅၊၀၆၇-၄၂၁၃၂၈၊၀၆၇-၄၂၁၄၈၁၊၀၆၇-၄၂၁၄၉၅၊
၀၆၇-၄၂၁၄၉၄ ဟုဖေါ်ပြပါရှိပါသည်။
မြန်မာ.အလင်းသတင်းစာ(အောက်တိုဘာ ၂၊၂၀၁၃)၊စာမျက်နှာ -၁၁ မှကူး
ယူဖေါ်ပြပါသည်။                                       ပေါက်ခေါင်းသတင်း

0 comments:

Post a Comment

Facebook Like Page