Saturday, October 5, 2013

တိုက်ရိုက် ဖုန်းများမှ အင်တာနက်လို်င်းလျှောက်ခြင်းပြဿနာ

တိုက်ရိုက် ဖုန်းများမှ အင်တာနက်လို်င်းလျှောက်ခြင်းပြဿနာ
*********************************************
GSM, WCDMA တွေကို 1331 သို့ တိုက်ရိုက် Orderdata service ဆိုပြီး SMS ပို့ပြီးလျှောက်နိုင်တယ်လို့ဆိုပါတယ်။ ဖုန်းထဲမှာ ၁၀၀၀၀ ကျော်အောင် ငွေဖြည့်ထားရန်လိုပါတယ်။ ၁၅၀၀ ဖုန်းတွေမရသေးပါ။ CDMA 800 မရပါ။
ပြဿနာကတော့ အချို့ဖုန်းတွေမှာ (အများအားဖြင့် နယ်ဒေသ) ပြန်လည်၍ Message မလာသလို၊ နှစ်ခါလျှောက် နှစ်ခါစားပါတယ်။ ဘာမှလည်းပြန်လည် မဖြေရှင်းပေးသလို ပြည်သူတွေ ဘာလုပ်ရမယ်မှန်းလည်း မသိ ဖြစ်နေကြပါတယ်။
တာဝန်ရှိသူများမှ သတင်းအတိအကျ၊ လုပ်ဆောင်ပုံအတိအကျ များကို စာနယ်ဇင်းများမှ ဖော်ပြပေးသင့်ပါတယ်။ အစိုးရစနစ်နဲ့ လုပ်နေသေးသော MPT အနေဖြင့် ဒီ့ထက် Smart ကျအောင်သုံးခွင့်ရရန် ပြင်ဆင်ထားသင့်ပါတယ်။
နိုင်ငံတကာမှာ ဒီလို SMS Auto service စနစ်ရှိသော်လည်း မရလျှင် ငွေမစားပါ။ မှားယွင်းစားမိလျှင် ၅ မိနစ်အတွင်းပြန်သွင်းပေးပါတယ်။
စေတနာဖြင့် အကြံပြုလိုက်ပါတယ်။ ပေါက်ခေါင်းသတင်း
ပြည်သူပြည်သားများဆုံဆည်းရာမှ

0 comments:

Post a Comment

Facebook Like Page