Monday, October 28, 2013

တရားမ၀င်ကျွန်းသစ်( ၄.၀၈၄၀)တန်ဖမ်းဆီးရမိ


တရားမ၀င်ကျွန်းသစ်( ၄.၀၈၄၀)တန်ဖမ်းဆီးရမိ
၂၀၁၃ ခုနှစ်အောက်တိုဘာ ၂၇ရက် ၂၁း၃၀ အချိန်ခန်. ပေါက်ခေါင်းမြို.နယ်
သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမြတ်စိုး ဦးဆောင်သော သစ်တောဝန်
ထမ်း(၅)ဦးပါဝင်သော အဖွဲ.သည် ပေါက်ခေါင်း-အုတ်တွင်း ကားလမ်းအတိုင်း
ရှောင်တခင်စစ်ဆေးမူများပြုလုပ်စဉ် မိုင်တိုင်အမှတ်(၁၉/၁)အနီး ရဲစခန်းအ
နောက် (၃)ဖာလုံခန်.တွင် ပေါက်ခေါင်းမြို.မှ ပြည်မြို.ဘက်သို.မောင်းနှင်လာ
သည်. မော်တော်ယဉ်အမှတ် ၂ဂ/၁၇၉၂ လီဖန်းဖောကားအပြာရောင်ယဉ်
အား ရပ်တန်.စစ်ဆေးရာ တရားမ၀င်ကျွန်းသစ်များတွေ.ရှိသဖြင့် ပေါက်ခေါင်း
မြို.နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိရုံးအတွင်းသို. ဖမ်းဆီးခေါ်ဆောင်လာ
ပြီး ယာဉ်ပေါ်ရှိမိုးကာအားလှန်ရ်ုစစ်ဆေးရာ တရားမ၀င်ကျွန်းသစ်(၁၈) လုံး
(၃.၉၀၄၀)တန် နှင့် ကျွန်းတိုင်(၁)လုံး (၀.၁၈၀၀)တန် စုစုပေါင်း ကျွန်းသစ်/
တိုင် (၁၉)လုံး (၄.၀၈၄၀)တန် အားတွေ.ရှိသဖြင့် သိမ်းဆည်းပြီး ယာဉ်မောင်း
ဦးအောင်ဇော်မိုး (၂၈)နှစ် (ဘ)ဦးရဲညွန်.၊ရွှေတလေးရပ်၊ပေါင်းတလည်မြို. နှင့်
ယာဉ်နောက်လိုက် ရဲလင်းနောင် (၃၇)နှစ် (ဘ)ဦးမြစိန်၊သာယာကုန်းရပ်ကွက်
ပေါင်းတလည်မြို. နေသူတို.အား စစ်ဆေးရာ ၄င်းတို.ထွက်ဆိုချက်အရ
ကိုထွန်းထွန်းနိုင် (ဘ)ဦးဝင်ရွှေ၊မကျီးကုန်းရပ်၊အမှတ်(၁)ရပ်ကွက်၊ပေါက်ခေါင်
းမြို နေသူဧ။် သစ်များဖြစ်ပြီး ယာဉ်ပိုင်ရှင်မှာ ပေါင်းတလည်မြို. ၊ရွှေတလေးရပ်
ကွက်နေ ဦးရဲမြင့်ဇော် တို.ဖြစ်ကြောင်း သိရှိရပြီး ယာဉ်မောင်း အောင်ဇော်မိုး
နှင့် ယာဉ်နောက်လိုက် ရဲလင်းနောင် တို.အားအောက်တိုဘာ ၂ရ ရက်၂၃း၃၀
အချိန် သစ်တောဦးစီးအရာရှိရုံးဝန်းအတွင်း ရှိစာကြည်.တိုက်တွင် စစ်ဆေးမူ
ပြုလုပ်နေစဉ်အတွင်း စာကြည်.တိုက်ဝရံတာမှ ခုန်ကျော်ထွက်ပြေးသွားပါသ
ဖြင့်လိုက်လံဖမ်းဆီးခဲ.သော်လည်း မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် အမှောင်
ထု ဖုံးလွမ်းနေခြင်းကြောင့် ထွက်ပြေးလွှတ်မြောက်သွားခဲ.သဖြင့် တရားမ၀င်
ကျွန်သစ်/တိုင်(၁၉)လုံး (၄.၀၈၄၀) တန်အား ယာဉ်အမှတ်- ၂ဂ/၁၈၄၂ ၊
လိုင်စင်(စီစစ်ဆဲ) ယာဉ်ဖြင့်သယ်ဆောင်သူ သစ်ပိုင်ရှင် ထွန်းထွန်းနိုင်၊ယာဉ်
ပိုင်ရှင် ရဲမြင့်ဇော်၊ယာဉ်မောင်း အောင်ဇော်မိုး၊ ယာဉ်နောက်လိုက်ရဲလင်းနောင်
တို.အပေါ် ဥပဒေအရ အရေးယူပေးပါရန် အောက်တိုဘာ ၂၈ ရက် ၃း၄၅ အချိန်တွင် ဦးမြတ်စိုး (၄၉)နှစ်(ဘ) ဦးကိုလေး ၊၉/ပမန(နိုင်) ၀၀၂၇၁၄ ၊
တောအုပ်ကြီး၊သစ်တောဦးစီးဌာန၊ပေါက်ခေါင်းမြို.မှ တိုင်စာပေးပို.တိုင်တန်းခဲ.
ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်ရု အောက်တိုဘာ ၂၈ ရက် ၄း၀၅ အချိန်တွင် ပေါက်ခေါင်း မြို.မရဲစခန်းမှ (ပ)၂၄၈/၁၃၊ပပက-၆(၁) အရ အရေး
ယူ ဆောင်ရွက်ထားပြီး အမူအား လ-၂၀၅၀၄၀ ဒုရဲအုပ် မောင်မောင်ခိုင်စိုး မှ
လက်ခံစစ်ဆေးလျက်ရှိပြီး အမူမှ သက်သေခံပစ္စည်းများအား သိမ်းဆည်းရ်ု ထွက်ပြေးတိမ်းရှောင်နေသည်. တရားခံများအား ဖမ်းဆီးရမိရေးအတွက်
ဆောင်ရွက်လျက်ရှိပါကြောင်းသတင်းရရှိပါသည်။
ပေါက်ခေါင်းသတင်း

1 comment:

  1. ပေါက်ခေါင်းနဲ့အုတ်တွင်းကြားကပဲခူးရိုးမကြီးပြောင်တလင်းခါနေတာကြာပြီ။အခု-အတိအကျဖမ်းဆီးမိ
    ကြောင်းပွင့်ပွင့်လင်းလင်းသိရတာ၊ပထမဆုံးလို့တောင်ပြောရမယ်။ဖေါကားနဲ့သယ်လာတာလောက်ကတော့
    သွားကြားထိုးတံအဆင့်လောက်သာရှိတယ်လို့ဆိုရမယ်။အလုံးလိုက်နေ့တိုင်းညတိုင်းမြို့ထဲသယ်လာပြီး၊
    စက်သံတဒီးဒီးနဲံ့ခွဲစိတ်ရောင်းချနေတာ၊ရန်ကုန်ထိကားကြီးကားငယ်တွေနဲ့သယ်သယ်ထုတ်နေခဲ့တာ၊ ဆယ်စုနှစ်တစ်ခုမကတော့ပါဘူး။အခုလည်းသယ်ဆဲ၊ခွဲစိတ်ဆဲ၊ထုတ်ရောင်းဆဲပါပဲ။သစ်တောဝန်ထမ်းများ
    တကယ်တာဝန်ကျေကြပါစေ။ဝိသမသစ်တောဖျက်စီးပွားရေးသမားများကိုပိုမိုဖော်ထုတ်နိုင်ပါစေ။၊

    ReplyDelete

Facebook Like Page