Friday, October 25, 2013

"ဆေးဝါးများ မှီဝဲရာတွင် လိုက်နာသင့်သော ညွှန်ကြားချက်များ"


"ဆေးဝါးများ မှီဝဲရာတွင် လိုက်နာသင့်သော ညွှန်ကြားချက်များ"
အစာမစားမီ သောက်သင့်သော ဆေးများ မှီဝဲမည်ဆိုလျှင် အစာမစားခင် အနည်းဆုံး မိနစ် ၃၀ ခြားပြီး ဒီဆေး တွေကို မှီဝဲဖို့ လိုပါတယ်။ အစာမစားခင် နှစ်မိနစ်အလိုမှာ ဆေးမသောက် သင့်ပါဘူး။ (အကြောင်းပြချက်-ဆေးဝါးတချို့ဟာ အစာရှိချိန်မှာ စားလိုက်ရင် အာနိသင် လျော့ကျ သွားတတ်လို့ပါ။)

အစာစားပြီး သောက်သင့်သော ဆေးများ မှီဝဲမည်ဆိုလျှင် အစာစားပြီး ၅-၁၀ မိနစ်ကြာမှ ဆေးသောက် ရပါမယ်။ (အကြောင်းပြချက်-တချို့ဆေးတွေက အစာမရှိဘဲ စားလိုက်ရင် အစာအိမ်ကို မအီမသာ ဖြစ်စေ နိုင်ပါတယ်။ အစာရှိမှ ဝေဒနာ သက်သာ သွားနိုင်လို့ပါ။)

ဆေးပတ်လည်အောင် သောက်ပါ ဆေးအားလုံးကို ဝေဒနာ သက်သာတဲ့အထိ သတ်မှတ်ကာလ ပြည့်မီအောင် သောက်သင့် ပါတယ်။ (အကြောင်းပြချက်-သင့်ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ ပိုးမွှားတွေ သေစေဖို့ရာအတွက် ဆေးပတ်လည်တဲ့ အထိ သောက်သင့် တာပါ။ ပိုးမွှားတွေ ကျန်နေရင် ပိုမို အာနိသင်ပြည့်လာပြီး ဆေးတွေကို ခုခံနိုင်စွမ်းရှိကာ နောက်တစ်ကြိမ် နာမကျန်းဖြစ်နိုင်ခြေ ရှိပါတယ်။ )

အားဆေး မှီဝဲမည်ဆိုလျှင် နေ့အချိန်အတွင်း အစာစားပြီးနောက် အားဆေးကို မှီဝဲသင့်ပါတယ်။ အစာမရှိဘဲ အားဆေး မသောက်ပါနဲ့။ (အကြောင်းပြချက်-ဆီးကနေ ဗီတာမင် ဘီနဲ့ စီ မြန်မြန်ထွက်ရှိ သွားတာကြောင့် အားဆေးရဲ့ အာနိသင် ဆုံးရှုံးသွား ပါလိမ့်မယ်)။
https://www.facebook.com/chittarkglar?fref=ts မှပြန်လည်ဖေါ်ပြပါသည်။  ပေါက်ခေါင်းသတင်း

0 comments:

Post a Comment

Facebook Like Page