Thursday, September 12, 2013

နှလုံးခုန်မှုကို Password အဖြစ် အသုံးပြုနိုင်သည့် ကွန်ပျူတာစနစ် တီထွင်


တရုတ်နိုင်ငံမှ သုတေသနပညာရှင်များသည် နှလုံးခုန်ပုံကို Passwordအဖြစ် အသုံးပြုနိုင်သော ကွန်ပျူတာလုံခြုံရေး စနစ်တစ်ရပ်ကို တီထွင်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စနစ်အရ အသုံးပြုသူသည် တစ်စုံတစ်ရာ ပြုလုပ်ရန်မလိုဘဲ သူ၏ နှလုံးခုန်ပုံအရ ကွန်ပျူတာလုံခြုံရေး စနစ်ကို အလိုအလျောက် ပွင့်စေလိမ့်မည် ဟုဆိုသည်။ လူတိုင်းသည် တစ်ဦးနှင့် တစ်ဦး နှလုံးခုန်ပုံကွဲပြားပြီး နှလုံးခုန်ပုံမှာ လူတစ်ဦးအတွက် အတုမရှိဖြစ်သည် ဟုဆိုသည်။ သုတေသနပညာရှင်များသည် ကွန်ပျူတာအသုံးပြုသူ၏ လက်ဖဝါးမှတစ်ဆင့် ECGဖတ်ယူပြီး ယင်းECGကို Passwordအဖြစ် ပြောင်းလဲသည့် စနစ်ကို တီထွင်ခဲ့ခြင်း ဖြစ်သည်။ECGတွင် ပေါ်နေသည့် အချက်ပြမှုများသည် လူတစ်ဦးနှင့်တစ်ဦး မတူညီသောကြောင့် ယင်းကို လူတစ်ဦး၏ သက်သေခံ အထောက်အထားအဖြစ် သုံးစွဲနိုင်ကြောင်း တရုတ်(တိုင်ပေ)၊ တေချွမ်အရပ်ရှိ ချွမ်စင်း အမျိုးသားတက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားခဲ့သည်။ Microsoft ကုမ္မဏီသည် ယခုအခါ ၎င်းတို့၏ Window8 စနစ်သစ်အတွက် ကရိကထမများသည့် Password စနစ်အသစ် တစ်ရပ်ကို သုတေသနပြုလျက်ရှိရာ ယခုတရုတ်တို့၏ နည်းစနစ်သည်လည်း လူကြိုက်များနိုင်ဖွယ် ရှိသည်ဟုဆိုသည်။

Full Premium Now Free

0 comments:

Post a Comment

Facebook Like Page