Friday, September 13, 2013

ဆိုင်ကယ်ရှေ့ခြင်းထဲမှ ရွှေငွေ ၃၄ သိန်းဘိုးပျောက်ဆုံး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို. အမှတ်(၂)ရပ်ကွက်ရှိ
အိမ်ခြံအနီးရပ်ထားသော ဆိုင်ကယ်ရှေ့.ခြင်းထဲမှ
 ရွှေထည်မျိုးစုံ ၅ကျပ်သားခန်. နှင့်ငွေစက္ကူ ၅၀၀၀ ကျပ်တန် ၆၀ ရွက် 
စုစုပေါင်းကာလတန်ဘိုး ၃၄ သိန်းခန်.ပျောက်ဆုံးသွားကြောင်းသိရပါသည်။

ဖြစ်စဉ်မှာ ၁.၉.၂၀၁၃ နေ. နံနက် ၁၀း၃၀ အချိန်ခန်. ပေါက်ခေါင်းမြို. အမှတ်
၂ ရပ်ကွက် နေ မအေးအေးလှ (ခ) မပုချို (၃၉)နှစ် ဈေးရောင်းသည် တစ်ရပ်
ကွက်တည်းနေ မိဘများဖြစ်ကြသော ဦးလှဖေ ဒေါ်တင်ရွှေ တို.ဧ။် အိမ်ခြံအနီး
လမ်းဘေးတွင် ဆိုင်ကယ်ရပ်ပြီး ဖခင် ဦးလှဖေ ၊ မိခင် ဒေါ်တင်ရွှေ ၊အမ မသန်းသန်းဌေး ၊
ညီမ မသင်းသင်းရွှေ (ခ) မအာဝါး တို.နှင့် မိသားစု ကိစ္စစကားပြောဆိုကြပြီး ဈေးရောင်းသည်.
လေးမျက်နှာဘုရားအနီး ဈေးဆိုင်ခန်းသို. ပြန်လာခဲ.ပါသည်။

ဈေးဆိုင်အရောက် ဆိုင်ကယ်ရှေ.ခြင်းထဲမှလက်
ကိုင်အိပ်အတွင်း ဖွင့်ကြည်.ရာ အိတ်အတွင်း ကျွတ်ကျွတ်အိပ်နှင့်.ထည်.ထား
သော ရွှေဆွဲကြိုး (၂) ကုံး ၊လက်ကောက်(၇)ကွင်း ၊ရွှေဆံညှပ်ကလစ်(၁)ခု၊
ရွှေလက်စွပ်(၂)ကွင်း ၊စိန်လက်စွပ်(၁)ကွင်း၊ ရွှေဆြွဲ့ပား (၁)ခုနှင့် ငွေစက္ကူ
(၅၀၀၀) တန် (၆၀)ရွက် ၊နိုင်ငံသားစီစစ်ရေးကဒ်(၁)ခု စုစုပေါင်းကာလတန်
ဘိုး (၃၄) သိန်းခန်.ပျောက်ဆုံးနေကြောင်းသိရရူ် ရပ်ကွက်အတွင်း ပြန်သွား
ကာ မိဘများအားပြောပြခဲ.ပြီး လိုက်လံစုံစမ်းရာ မိဘများအိမ်အနီး ဆိုင်ကယ်
ရပ်ထားသည်.နေရာနှင့် ၁၀ ပေခန်.အကွာ ဆရာမဒေါ်မိုးစန်း စာကျက်ဝိုင်း
တွင် စာကျက်နေသည်. (၁၀) တန်းကျောင်းသာများဖြစ်ကြသော မောင်မိုးဝေ
ယံ နှင့်မောင်အောင်ကျော်သန်း တို.(၂) ဦးသည် ပြူတင်းပေါက်မှ မြင်တွေ.
သည်မှာ မသင်းသင်းရွှေ (ခ) မအာဝါး သည် မအေးအေးလှ (ခ) မပုချို ဧ၊်
ဆိုင်ကယ်ရှေ.ခြင်းထဲ မှအိတ်အား ထုတ်ယူပြီး ပြန်ထည်.လိုက်သည်ကို မြင်
တွေ.ကြကြောင်းပြောဆိုသိရရူ် ခိုးယူသည်ဟု မသင်္ကာသူ
ညီမ ဖြစ်သူ မသင်းသင်းရွှေ(ခ)မအာဝါး အား အမဖြစ်သူ မအေးအေးလှ(ခ) မပုချို က
အရေးယူပေးပါရန် ၄.၉.၂၀၁၃ နေ.တွင် ပေါက်ခေါင်းရဲစခန်းသို. သွားရောက်
အမူတိုင်ကြားခဲ.ကြောင်းသိရပါသည်။

ရွှေငွေများပျောက်ဆုံးသူ တရားလိုဧ။်တိုင်ကြားချက်အား ပေါက်ခေါင်းရဲစခန်း
မှ (ပ)၁၉၁/၁၃၊ ပုဒ်မ (၃၇၉) ဖြင့် (၄.၉.၂၀၁၃) နေ. ၁၁း၀၀ နာရီ အချိန်တွင်
အမူဖွင့်ပြီး အမူစစ် ဒုရဲအုပ် အောင်ကျော်မိုးမှ အမူမှစွပ်စွဲခံရသူ
မသင်းသင်းရွှေ (ခ) မအာဝါး နေအိမ်သို. သက်သေများဖြင့် ၀င်ရောက်ရှာဖွေခြင်း၊
အခင်းဖြစ်စဉ်အား မြင်တွေ.သော ဆရာမဒေါ်မိုးစန်း စာကျက်ဝိုင်းမှ
၁၀တန်းကျောင်းသား မောင်မိုးဝေယံ နှင့် မောင်အောင်ကျော်သန်းတို.အားစစ်
ဆေးခြင်း၊အခင်းဖြစ်စဉ်အား မြင်တွေ.နိုင်မူကို မှတ်တမ်းဓာတ်ပုံများရိုက်ကူး
ခြင်း၊အခင်းဖြစ်မြေပုံကြမ်းမျးရေးဆွဲပြီး အမူမှ စွပ်စွဲခံရသူ မသင်းသင်းရွှေ (ခ)
မအာဝါး (၃၆)နှစ်၊(ဘ) ဦးလှဖေ ၊နိုင်ငံသားအမှတ် ၇/ပခတ(နိုင်)၀၅၃၄၂၆
ဈေးရောင်း၊အမှတ်(၂)ရပ်ကွက်၊ကွက်သစ်(၁) ပေါက်ခေါင်းမြို.နေသူအား
၁၂.၉.၂၀၁၃ နေ. ၈း၃၀ နာရီအချိန်တွင် အမူဖြင့်ဖမ်းဆီးကာ သသ်သေခံ
ပစ္စည်းများပေါ်ပေါက်သိမ်းဆည်းနိုင်ရေး ၊အမှုအားတရားဆွဲတင်ပို.နိုင်ရေးတို.
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်း -သန်းဦး (ပေါက်ခေါင်း S.H )

0 comments:

Post a Comment

Facebook Like Page