Monday, September 23, 2013

အပြိုင်အဆိုင် ဈေးလျှော့ ၍ မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ရောင်းချ ခြင်း ကို မြန်မာ့ ဆက်သွယ်ရေး မှ တားမြစ်


အပြိုင်အဆိုင် ဈေးလျှော့ ၍ မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ရောင်းချ ခြင်း ကို မြန်မာ့ ဆက်သွယ်ရေး မှ တားမြစ်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သည် ၄င်းတို့ နှင့် ပူးပေါင်း ၍ ငွေဖြည့်ကတ် များ ထုတ်လုပ် ရောင်း ချေ န သည့် ကုမ္ပဏီ ၅ ခုကို အပြိုင် အဆိုင် ဈေးနှုန်း လျှော့ချ၍ ငွေဖြည့်ကတ် ရောင်းချ ခြင်း မပြု လုပ် ရန် တားမြစ် လိုက်သည်။ ကုမ္ပဏီများ အချင်းချင်း ဈေးနှုန်း လျှော့၍ ပြိုင်ဆိုင် ရောင်း ချခြင်းေ ကြာင့် ဈေးကွက် ပျက် မည်ကို စိုးရိမ် သဖြင့် ယခု ကဲ့သို့ ဝင်ရောက် ထိန်းသိမ်း ခြင်း ဖြစ်သည်ဟု မြ န်မာ့ ဆက်သွယ်ရေး ၏ တားမြစ်ချက် ကို ကိုးကား ၍ မိုဘိုင်းဖုန်း ငွေဖြည့် ကတ်များ ထုတ်လုပ် ရာ င်း ချ နေသည့် ကုမ္ပဏီကြီး တစ်ခုမှ တာဝန်ရှိ သူက ပြောသည်။

ပြည်သူများ ထံသို့ ငွေဖြည့်ကက် လက်လီ ရောင်းချ ပေးနေသူ များ ကို ယခင်က GSM အ တွက် ၅ ရာခိုင်နှုန်း အမြတ်ငွေ ပေးထား သော်လည်း ယခု အခါ တစ်ဆင့် ရောင်းချ သည့် ကိုယ်စားလှယ် များ က ၂.၈ ရာခိုင်နှုန်း သာ အမြတ်ငွေ ပေးတော့ သည် ဟု သိရ သည်။ မြန်မာ့ ဆက်သွယ်ရေး ၏ တားမြစ်ချက် အရ အမြတ် ရာခိုင်နှုန်း တင် ၍ ရောင်းချ နေသူ များ ကို တိုင်ကြား နိုင်သည် ဟု လ ည်း သိရသည်။ “ကျွန်တော် တို့လည်း သတ်မှတ် ထားတဲ့ ရာခိုင်နှုန်း ထက် အမြတ် ပိုပေးပြီး ရောင်း လို့ မရဘူး။ ရောင်းသူ တွေ ကို အမြတ် ရာခိုင်နှုန်း လျှော့ပြီး ပေးရင် တော့ ပေးလို့ ရတယ်။ အရှုံးခံ ပြီး ရောင်း တာမျိုး တွေ၊ အရှုံး နီးပါး ဖြစ်အောင် ရောင်းတာမျိုး တွေ မလုပ်ရ တော့ဘူး” ဟု အထက် ပါ ပုဂ္ဂိုလ် က ပြော သည်။

မိုဘိုင်းဖုန်း ငွေဖြည့်ကတ် လက်လီ ရောင်းချ သူများ အတွက် အမြတ် ရာခိုင်နှုန်း ရရှိမှု နည်းပါး သွား သည် မှာ ယခုလ အစော ပိုင်း ကတည်းက ဖြစ်ပြီး အဆိုပါ ကဲ့သို့ အမြတ်ငွေ ရရှိမှု နည်းပါး သွားသ ည့် အတွက် ဝယ်ယူသူ များမှာ စိတ်ကသိ ကအောက် နှင့် ကြုံတွေ့ နေရ သည်ဟု မိုဘိုင်းငွေ ဖြည့် ကတ် တစ်ဆင့်ခံ ကိုယ်စားလှယ် ဖြစ်သည့် Touch Mobile မှ ကိုသက်လွင်သိန်းစိုး က ပြောသည်။

Internet Journal

0 comments:

Post a Comment

Facebook Like Page