Monday, September 23, 2013

1G,2G, 3G, 4G ဆက်သွယ်ရေး စနစ် နှိုင်းယှဉ် ခြင်း


1G,2G, 3G, 4G ဆက်သွယ်ရေး စနစ် နှိုင်းယှဉ် ခြင်း

အကြမ်း ဖျဉ်း ရှင်းပြ ရုံလေး ပါ။ အသေးစိတ် ကိုတော့ Wireless Communication နည်း ပညာ စာ အုပ် တွေ မှာ အကျယ် တစ်ဝင့် ရှင်းလင်း ထား ပါတယ်။ ယခုက သာမန်လူ တစ်ယောက် အနေ နဲ့ အခြေခံ အားဖြင့် သိရှိရန် ရေးသား မျှဝေ လိုက်ရ ပါတယ်။

1G - အသံပဲ ပို့ နိုင့်၊ ရောက်နိုင် ပါတယ်။ အနီးစပ် ဆုံး ဥပမာ အနေ နဲ့ ကတော့ တစ်ချိန်တုန်း ကေ ပ်ါခဲ့ဖူး တဲ့ ဆယ်လူလာ ဖုန်းတွေပါ။ ဆယ်လူလာ တောင် Analogue Signal သုံးတဲ့ ဆယ်လူ လာ ဖြ စ်ပြီး လိုင်း က ပြတ်တောင်း ပြတ်တောင်း ဖြစ် ပါတယ်။

2G - အသံ အပြင်၊ Data ပါ Transfer လုပ်လို့ ရပါတယ်။ သူကတော့ ဒစ်ဂျစ်တယ် ဆယ်လူလာ အဆင့် ရောက်သွား ပါပြီ။ လက်ရှိ မြန်မာပြည် က ဆက်သွယ်ရေး စနစ်မှာ အသုံးပြု နေဆဲ ဖြစ် ပါ တယ်။ GSM, CDMA, TDMA တို့ ဖြစ် ပါတယ်။

2.5G - 2G ကို အဆင့် အနည်းငယ် မြင့် လိုက် တာပါ။ ဒီတော့ Data Rate ပိုမြင့် လာတာ ထူးခြား သွားပါတယ်။

3G - သူ ကတော့ အသံ လည်းရ၊ အချက် အလက် လည်းရ၊ ဗီဒီယို signal ပါ ပို့လို့ ရတဲ့ ဆက်သွ ယ် ရေး စနစ်ပါ။ အင်တာနက် ပါ အသုံးပြု လို့ ရပါတယ်။ လက်ရှိ ကမ္ဘာ မှာ လည်း တွင်တွင် ကျယ် ကျယ် အသုံးပြု နေဆဲပါ။ 3G, W - CDMA တို့လို ဆက်သွယ် ရေး စနစ် ဖြစ်ပါတယ်။

4G - 3G ထက်ပို အဆင့် မြင့် သွားပါပြီ။ LTE လို့ ဥရောပ မှာ ခေါ်ဆို ပေမယ့် 4G နဲ့ LTE မှာ ကွဲပြား မှု အနည်းငယ် ရှိပါတယ်။ သို့ပေမယ့် တူတယ် လို့ အကြမ်းဖျဉ်း မှတ်ယူ နိုင်ပါတယ်။   ပေါက်ခေါင်းသတင်း

Aung Kham (TSJ team)

0 comments:

Post a Comment

Facebook Like Page