Sunday, September 22, 2013

မျိုးစောင့် ဥပဒေ ကြမ်း နှင့် ၁၉၅၄ ခုနှစ် လက်ထပ် ထိမ်းမြားခြင်း ဥပဒေ တို့ ပေါင်းစပ် ဥပဒေ သစ် တစ် ခု ရေးဆွဲ ပြီး လွှတ်တော် တင် မည် ဟု ဦးသိန်းညွန့် ပြော


မျိုးစောင့် ဥပဒေ ကြမ်း နှင့် ၁၉၅၄ ခုနှစ် လက်ထပ် ထိမ်းမြားခြင်း ဥပဒေ တို့ ပေါင်းစပ် ဥပဒေ သစ် တစ် ခု ရေးဆွဲ ပြီး လွှတ်တော် တင် မည် ဟု ဦးသိန်းညွန့် ပြော

သံ ဃာတော် များ ရေးဆွဲ ထားသော မျိုးစောင့် ဥပဒေ ကြမ်း ပါ အချက် အလက် များ နှင့် ၁၉၅၄ လက်ထပ် ထိမ်းမြား ခြင်း ဥပဒေ ပါ အချက် အလက် တို့ကို ပေါင်းစပ် ၍ ဥပဒေ တစ်ခု ရေး ဆွဲကာ လွှတ်တော် တင် သွားမည် ဟု သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်း ညွန့် က ပြောသည်။

သင်္ဃန်းကျွန်း မြို့နယ် ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဦး သိန်းညွန့် က '' ၁၉၅၄ ခုနှစ် ဥပဒေ ဟာ ခေတ် ကာ လ နဲ့ မလျော် ညီ တော့ တဲ့ အတွက် ပြောင်း ကို ပြောင်း ရမယ်။ သံဃာတော် တွေ ရဲ့ စေ တနာ တွေ ကိုလဲ ဖြည့်စွက် ပေး ချင် တယ်။ ဒါကြောင့် လူ့ အခွင့်အရေး လို့ ကြွေးကြော် နေ တဲ့ ပုဂ္ဂိုလ်တွေ လဲ မေးခွန်း မ ထုတ် နိုင်အောင် ၁၉၅၄ ဥပဒေ နဲ့ သံဃာတော် တွေ ရေးဆွဲ တဲ့ ဥပေ ဒ ကြမ်း တို့ကို လို အပ်သလို ပေါင်းစပ် ပြီး ဥပဒေ တစ်ခု ကို တင်သွား မယ်'' ဟု ပြော သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥ ပဒေ ပါ အခန်း ( ၈ ) ပုဒ်မ ၃၆၁ အရ နိုင်ငံတော် သည် ဗုဒ္ဓဘာသာ သာ သနာတော် ကို နိုင်ငံတော် ၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူး ဝိသေ သ နှင့် ပြည့်စုံ သည့် ဘာသာ သာသ နာ ဖြစ်သည် ဟု နိုင်ငံတော် က အသိ အမှတ် ပြု သည် ဟူ၍ လည်းကောင်း၊ ပုဒ်မ - ၃၆၂ အရ နိုင်ငံတော် သည် ခရစ်ယာန် ဘာသာ သာသနာ၊ အစ္စလာမ် ဘာ သာ သာ သနာ၊ ဟိန္ဒူ ဘာသာ သာသနာ နှင့် နတ် ကိုးကွယ် သော ဘာသာ တို့ကို ဤ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာဏာ တည်သော နေ့ ၌ နိုင်ငံတော် တွင် ရှိနေကြသော ကိုးကွယ် ရာ ဘာ သာ များ ဟူ၍ အသိအမှတ် ပြု သည် ဟူ၍ ပြဋ္ဌာန်း ထားသည်။

ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အခန်း ( ၈ ) ပုဒ်မ - ၃၆၁ နှင့် ၃၆၂ တို့ အရ ရဟန်း သံဃာများ၊ ပြည်သူ များ လည်း ထောက်ခံ နိုင်သော လူ့ အခွင့် အရေး စံနှုန်း များ ဖြင့်လ ည်းေ ထာက်ပြ ၍မ ရနိုင်သော ဥပဒေ တစ်ခု ဖြစ်ရန် အတွက် ယင်း ဥပ ဒေ နှင့် ဥပဒေ ကြမ်း နှစ်ခု ကို ပေါင်း စပ်ကာ ဥပဒေ တစ် ခု ပေါ်ပေါက် လာရန် ကိုင်တွယ် သွားမည် ဟု ဦး သိန်းညွန့် က ပြော သည်။

မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းနိုင် ရေး အတွက် ပါဝင် ဆောင်ရွက် ပေးနေ သည့် သံဃာတော် တစ်ပါး ဖြ စ်ေ သာ မကွေး ဆရာတော် ဦး ပါမောက္ခ က ''ဦးဇင်း တို့မှာ ရည် ရွယ် ထား တဲ့ အချက် လေးချက် ရှိပါတယ်။ ဒီ အချက် လေး ချက် ကို ပါဝင် အောင် ရေးဆွဲပေး နိုင် မယ် ဆိုရင် ဘယ် လွှတ်တော် ကို ယ် စားလှယ် ပဲတင်တင် လက်ခံ မှာ ပါ။ ဦးသိန်းညွန့် တို့ ပါတီ ရဲ့ စေ တနာ မေတ္တာ၊ ဘာသာ ချ စ် စိတ်၊ လူမျိုး ချစ်စိတ် ကိုလက်ခံ ပါတယ်'' ဟု မိန့်ကြား သည်။

သံဃာတော် များ ရည်ရွယ် ထားသော အချက် လေးချက်မှာ -

( ၁ ) လက်ထပ် ထိမ်းမြားခြင်း ဥပ ဒေ၊
( ၂ ) တစ် လင်တစ် မယား စနစ် ဖြစ်စေမည့် ဥပဒေ၊
( ၃ ) သားဖွား နှုန်းကို ထိန်းချုပ် မည့် ဥပဒေ၊
( ၄ ) ဘာသာ ကူးပြောင်း ခြင်း ဆိုင် ရာ ဥပဒေ တို့ ဖြစ်ကြောင်း နှင့် ၁၉၅၄ ဥပဒေ မှာ ပစ္စည်း ဥစ္စာ ကိုသာ ကာ ကွယ်ပေး ခြင်း ဖြစ်ပြီး သံဃာတော် များ ရေးဆွဲ သော ဥပဒေ မှာ ပစ္စည်း ကို သာမက လူမျိုး ပါ ကာကွယ်ပေး နိုင်မည့် ဥပဒေ ဖြစ်သောကြောင့် ၎င်းတို့ နှစ်ခု ပေါင်းစပ် လိုက်မည် ဆိုပါက အဆင်ပြေ နိုင်ကြောင်း ဆက်လက် မိန့်သည်။  MyanmarDaily.net မှကူးယူဖေါ်ပြပါသည်။ ပေါက်ခေါင်းသတင်း

Yangon Media Group

(via Golden Land Myanmar)

0 comments:

Post a Comment

Facebook Like Page