Monday, September 23, 2013

သားသား မီးမီး တို.အတွက် ဓမ္မလက်ဆောင်



သားသား မီးမီး တို.အတွက် ဓမ္မလက်ဆောင်

က ကလေးငယ် ချစ်စဖွယ် ၊ကုသိုလ်ကောင်းမူပြုရမယ်
ခ  ခရေကုံး မလေးပြုံး၊ ခန္တီနှလုံး အစဉ်သုံး
ဂဏာန်းသင် ပြုံးရွှင်ရွှင် ၊ဂုဏ်တော်ပွားတာ စိတ်ကြည်လင်
ငချိပ်ပေါင်း စားလို.ကောင်း ၊ငတ်မွတ်သူကို ပေးလှူကောင်း
စခန်းသာ တောင်တန်းပြာ၊ စိတ်ကို ဖြူအောင်ထားကြပါ
ဆရာမ ရိုသေကြ၊ ဆုံးမစကားကို လိုက်နာကြ
ဇလပ်ဖြူ သင်းသင်းကြူ၊ ဇွဲကောင်းတဲ.သူ အောင်ဆုယူ
ညနေခင်း ရေခပ်ဆင်း၊ ဥာဏ်ကောင်းအလင်း ကုသိုလ်မင်း
တမာပင် ရွာအ၀င်၊ တရားဂုဏ်အင် အမြဲဆင်
ထမင်းနဲ လက်ဆုံနွဲ၊ ထူးချွန်မြတ်တဲ. ကုသိုသ်ပွဲ
ဒရယ်ယုန် သားမျိုးစုံ၊ ဒါနအစုံ ကုသိုလ်ပုံ
ဓနိတန်း ပင်လယ်ကမ်း ၊ဓမ္မစခန်း အရောက်လှမ်း
နဖူးပြင် နံ.သာပြင် ၊နူးညံ.စိတ်ကို အမြဲဆင်
ပလွေမှုတ် ကိုဖိုးတုတ် ၊ပါရမီလုပ် ကုသိုလ်ထုပ်
ဖရုံယို အလွန်ချို ၊ဖြူစင်စိတ်ကို ကုသိုလ်ပို
ဗလကြီး ဆင်ပြောင်စီး ၊ဗုဒ္စ စည်ကြီး အမြဲတီး
ဘဘိုးအို ဆီးလို.ကြို ၊ ဘာဝနာဆိုတာအမြဲလို
မမလေး ၀လုံးရေး ၊မိဘအလုပ်ကို ကူညီပေး
ယမင်းခင် ကကြိုးဆင် ၊ယဉ်ကျေးမူ.သင် စိတ်ကောင်းဆင်
ရထားကြီး ပျော်ပျော်စီး ၊ရိုင်းစိုင်းစိတ်ကြီး ချုပ်ကာတည်း(တီး)
လ၀ါဝါ ထိန်ထိန်သာ ၊လီမ်ညာမူ.တွေ ရှောင်ရှားပါ
ဝတုတ်တုတ် ဖိုးဝရုပ်၊ ဝေယျာဝစ္စ အကုန်လုပ်
သပြေညို အောင်ပွဲကြို ၊သတိရှိဖို. အမြဲလို
ဟဟာဟ ရယ်လိုက်ရ ၊ဟဒယအလှ ဖြူစင်ကြ
အမိမြေ တို.တိုင်းပြည် ၊ငါတို.ချစ်တဲ. အမိမြေ။
အရဟံ မြတ်စွာ သာသနာ ၊ရောင်ဝါလင်းအောင် တို.စွမ်းဆောင်
တို.စွမ်းဆောင် တို.စွမ်းဆောင်။
သာသနာ ရောင်ဝါနေသို.ထွန်းစေရန် ရည်သန်လျက် ပေါက်ခေါင်းသတင်း

0 comments:

Post a Comment

Facebook Like Page