လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံမည်. အစီအစဉ်ရပ်ဆိုင်း
လျှပ်စစ်ဓါတ်အားခ
 တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ရပ်ဆိုင်း၊ လာမည့်ဘဏ္ဍာနှစ်မှသာ 
ပြန်လည်ညှိနှိုင်းဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်ရန် 
ပြည်ထောင်စုလွှတ်တော်ဆုံဖြတ်
 
 နိုဝင်ဘာလမှစ၍ လျှပ်စစ်ဓါတ်အားခ 
တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီး လာမည့် ၂၀၁၄-၂၀၁၅ 
ဘဏ္ဍာနှစ်တွင် ပြန်လည်ညှိနှိုင်းဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်ရန် နိုဝင်ဘာလ 
၁၂ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။
 
 နိုဝင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် 
လျှပ်စစ်ဓါတ်အားခ တိုးမြှင့်ခဲ့ခြင်းနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအား 
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လာရောက်ရှင်းလင်းခဲ့ပြီးနောက် 
ပြည်ထောင်စုလွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်များကို ဆန္ဒခံယူခဲ့ရာ 
ကန့်ကွက်သူမရှိဘဲ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
Credit to >Eleven Media Group             ပေါက်ခေါင်းသတင်း
Tuesday, November 12, 2013
Subscribe to:
Post Comments (Atom)





 
 
 
 
 
 
 
0 comments:
Post a Comment