Tuesday, February 23, 2016

Missed Call Alert ၀န်ဆောင်မှုကို MPT က Default အဖြစ်ပြုလုပ်ပေး

Missed Call Alert ၀န်ဆောင်မှုကို MPT က Default အဖြစ်ပြုလုပ်ပေး
=====================================
                                                           


Missed Call Alert ၀န်ဆောင်မှုကို MPT က Default အဖြစ် စတင်ပြုလုပ်ပေးလိုက်ကြောင်း သိရသည်။
အဆိုပါ ၀န်ဆောင်မှုကို ယခင်ကစာတိုပို့၍ အခမဲ့ ရယူရခြင်းဖြစ်ပြီး ယခုအခါ ထိုသို့ပို့စရာမလိုတော့ကြောင်း၊ ဖေဖော်ရီလ ၁၅ ရက်နေ့မှ စတင် အသုံး ပြုနိုင်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် MPT မိုဘိုင်းဖုန်း အသုံးပြုသူများ အားလုံးသို့ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
MPT မိုဘိုင်းဖုန်း အသုံးပြုသူများအနေဖြင့် အခြားသူမှ လတ်တလော ဖုန်းဖြင့် ဆက်သွယ်၍မရပါက Missed Call (MCA) ၀န်ဆောင်မှုအတွက် စာတို တစ်စောင်ကို လက်ခံရရှိမည်ဖြစ်ကြောင်း၊ MPT ၏ GSM/WCDMA အသုံးပြုသူတိုင်းအတွက် ယင်း Missed Call Alert ကို Default အဖြစ်ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝန်ဆောင်မှုကို အသုံးမပြုလိုပါက 1331 သို့ MCA OFF ဟု ရိုက်နှိပ်ပေးပို့ကာ ပယ်ဖျက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
Credit to >>>Internet Journal  17 FEB 2016
ရွှေအလင်းအိမ် Mobile (ပေါက်ခေါင်းမြို.)

0 comments:

Post a Comment

Facebook Like Page