Monday, September 29, 2014

ကားတစ်စီးမောင်းနှင်တော့မည်ဆိုလျှင်...


ကားတစ်စီးမောင်းနှင်တော့မည်ဆိုလျှင်...
သိသင့်သည့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ...

ကားတစ်စီးကို မောင်းနှင်တော့မယ်ဆိုရင် ကားဒက်ဘုတ် ဒိုင်ခွက်(car dashboard)ထဲမှာပါတဲ့...
မီးတွေအကြောင်းနဲ့ အချက်ပြမီတာတွေကို သိပြီးမှ ကားတစ်စီးကို စတင်မောင်းနှင်သင့်ပါတယ်...

မနက်ပိုင်း(သို့)ကားတစ်စီးစတင်မောင်းနှင်တော့မယ် ဆိုရင်...
ကားပေါ်တက်ထိုင်ပြီး စက်နိုးခြင်းကို အရင်မလုပ်သင့်ပါဘူးခင်ဗျာ...

ကားစက်မနိုးခင် အင်္ဂျင်စက်ခန်းအဖုံးကိုဖွင့်၍...
ရေတိုင်ကီနှင့် ရေပြန်ဗူး ရေရှိ/မရှိ...
အင်္ဂျင်ဝိုင်ဆီလျော့/မလျော့...
ဘရိတ်ဆီရှိ/မရှိ...
ကလပ်ဆီရှိ/မရှိ(Manual gear)...
အော်တိုဆီရှိ/မရှိ(Auto & CVT gear)...
စတာတွေကို နေ့စဉ်တိုင်းတာ စစ်ဆေးသင့်ပြီး...
တစ်လတစ်ခါလောက် ဘက္ထရီအက်ဆစ်ရှိ/မရှိကိုပါ စစ်ဆေးသင့်ပါတယ်...

စစ်ဆေးစဉ်မှာ သတိထားရမှာက ရေတိုင်ကီရေနဲ့ ရေပြန်ဗူးရေဟာ ၁ လစ်လောက်နီးပါးနေ့စဉ်လျော့နေရင်...
အင်္ဂျင်ရေလိုင်းပုံမှန်မဟုတ်လို့ ဝပ်ရှော့မှာသွားရောက်စစ်ဆေးသင့်ပါတယ်...

အင်္ဂျင်ဝိုင်မကြာခဏလျော့နေခဲ့ရင်လည်း အင်္ဂျင်ဝိုင်ဟာ အွိုင်းစီးတွေက ယိုစိမ့်မှု့ရှိလို့လား...
ဆိုတာကို စစ်ဆေးပြီး...အင်္ဂျင်မှာ ယိုစိမ့်ခဲ့ရင်ဖြစ်စေ...ယိုစိမ့်မှု့မတွေ့ခဲ့ရင်ဖြစ်စေ...
ဝပ်ရှော့မှာ သွားရောက်ပြသ စစ်ဆေးရမှာဖြစ်ပါတယ်...
အင်္ဂျင်ဝိုင်ကို သတ်မှတ်ကီလိုတွင်လဲရပါမည်...

ဘရိတ်ဆီလျော့နေခဲ့ရင်တော့ ဘရိတ်ဆီယိုစိမ့်မှု့မရှိပါက...
ဘရိတ်ရှုးပါး နေလို့ဖြစ်ပြီး ဝပ်ရှော့သွားရောက်ကာ...
လေးဘီးလုံး ဘရိတ်ရှုး ပါး/မပါးနဲ့...ဆက်သုံးလို့ ရ/မရစစ်ဆေးရမှာဖြစ်ပါတယ်...

ကလပ်ဆီလျော့နည်းနေခဲ့ရင်လည်း ကလပ်အပေါ်ပန့်အိုးနဲ့ အောက်အိုးပစ္စတင်ဝါရှာတွေယိုစိမ့်မှု့...
ရှိနေတာကြောင့် ဝပ်ရှော့မှာသွားရောက်စစ်ဆေးရမှာဖြစ်ပါတယ်...
ဘရိတ်ဆီ/ကလပ်ဆီကိုတော့ ဆီဖြည့်တဲ့ အဖုံးမှာရေးထားတဲ့ DOT 3/4 နံပါတ်တူတာနဲ့...
အရောင်တူတာကို ထည့်ရမှာဖြစ်ပါတယ်...

အော်တိုဆီတွေကတော့ စစ်ဆေးတဲ့အခါမှာ အရမ်းညစ်ပတ်နေရင်...
ကီလိုမပြည့်သေးလည်း လဲရမှာဖြစ်ပါတယ်...

ဒီလိုစစ်ဆေးပြီးလို့ အင်္ဂျင်စက်နိုးပြီး ၁ မိနစ်လောက်ကြာချိန်မှာ...
Parking Brake ဆွဲထားခဲ့ရင် အဝိုင်းပုံမီးအနီလေးနဲ့...
ထိုင်ခုံခါးပတ်ကြိုး(Safety Belt) မီးအနီလေးကလွဲလို့ ဘာမီးမှ မလင်းရတော့ပါဘူး...
Parking Brake မီးကလည်း Parking Brake ဖြုတ်လိုက်ရင် မလင်းတော့ပါ...
ခါးပတ်ကြိုးမီးကလည်း ခါးပတ်ကြိုးထည့်ပြီးလျှင် မလင်းတော့ပါ...
အသက်ကယ်ခါးပတ်ကြိုးဟာ ခရီးနီးရော ခရီးဝေးပါ...
မပတ်မဖြစ် ပတ်ထားသင့်ပါတယ်...
ဒါကြောင့်မို့ ကားစထွက်ချိန်မှာ ဒိုင်ခွက်ထဲမှာ ဘယ်မီးမှ မရှိတော့ပါဘူး...
အော်တိုဂီယာဆိုရင်တော့ ဂီယာမီး(Gear position light)လင်းနေရပါမယ်...

မောင်းနှင်နေချိန် မသိမဖြစ်သိရမယ့် မကြည့်မဖြစ်ကြည့်ရမယ့် မီတာဒိုင်ခွက်တွေကတော့...
မသိမဖြစ်သိရမယ့် မီးတွေကတော့...
အင်္ဂျင်ချက်မီး(Engine check warning light)အဝါ/အနီ ရှိပါသည် အင်္ဂျင်မမှန်၍ လင်းခြင်းဖြစ်ပါသည်...
နီးစပ်ရာဝပ်ရှော့တွင်ပြသရပါမည်...

အင်္ဂျင်ဝိုင်မီး(Oil pressure warning light) ဆီခွက်ပုံမီအနီလေးလင်းလာပါက...
အင်္ဂျင်ဝိုင် လုံးဝမရှိသလောက်ဖြစ်သောကြောင့် လုံးဝ ဆက်မမောင်းသင့်ပါ...
အင်္ဂျင်ဝိုင်ဖြည့်ပြီးမှ စစ်ဆေးပြီးမှ ဆက်မောင်းသင့်ပါသည်...

နီးစပ်ရာဝပ်ရှော့တွင်အင်္ဂျင်ဝိုင်လျော့ရခြင်းအကြောင်းအရင်းအား မဖြစ်မနေ စစ်ဆေးရပါမည်...
ဘက္ထရီမီး (Battery charging warning light) ဘက္ထရီပုံမီးအနီလေးလင်းနေပါက...
ခရီးဝေး ဆက်မမောင်းသင့်ပါ...ဘက္ထရီအားမဝင်သဖြင့် လမ်းတွင် စက်ရပ်သွားမည်ဖြစ်ပါသည်...
နီးစပ်ရာ ဝါယာရိန်းဆိုင်တွင်ပြသစစ်ဆေးရပါမည်...

ဘရိတ်မီး(Break warning light) အဝိုင်းပုံမီးအနီလေးလင်းလာပါက...
ဘရိတ်ဆီမရှိ၍သော်လည်းကောင်း...ဘရိတ်စနစ် ချို့ယွင်းချက်ရှိ၍သောလည်းကောင်းဖြစ်သောကြောင့်...
ဘရိတ်ဆီမရှိပါက ဆီဖြည့်ပြီး မီးမလင်းတော့ပါက...ဆက်လက်မောင်းနှင်နိုင်ပါသည်...
ဆီဖြည့်ပြီး မီးလင်းနေပါက သတိဖြင့်ဖြည်းဖြည်းမောင်းကာ နီးစပ်ရာဝပ်ရှော့တွင်စစ်ဆေးပြုပြင်ရပါမည်...

ရေအပူချိန်မီးအနီလေး(Engine overheating warning light)လင်းလာပါကလည်း ဆက်မမောင်းသင့်ပါ...
စက်ရပ်ထားပြီး အင်္ဂျင်အေးချိန်မှ ရေတိုင်ကီရေဖြည့်ကာ ဆက်မောင်း၍ နီးစပ်ရာဝပ်ရှော့တွင်ပြသရပါမည်...
အင်္ဂျင်ပူနေချိန် ရေတိုင်ကီအဖုံးအား လုံးဝမဖွင့်ရပါ...ဖွင့်ပါက ရေပူများတွန်းကန်ထွက်လာကာ...
မျက်နှာနှင့် ခန္ဓာကိုယ်အပူလောင်တတ်ပါသည်...

လေအိတ်မီး/SRS မီး(Airbag warning light)အနီရောင်လေး လင်းလာပါက မောင်း၍ရပါသည်...
သို့သော် အန္တာရာယ်ဖြစ်ချိန်တွင် လေအိတ်က လူကို ကာကွယ်မပေးတော့ပါ...
ဝပ်ရှော့တွင်သွားရောက်ပြုပြင်သင့်ပါသည်...

တံခါးမီး(Open Door warning light) ကားတံခါးပွင့်နေသည်ပုံစံ မီးအနီလေးလင်းလာပါက...
ကားအားချက်ချင်းရပ်တန်းကာ ကားတံခါးများကို စစ်ဆေးပြီး ပြန်ပိတ်ကာ မီးငြိမ်းမှ...
ဆက်လက်မောင်းနှင်ရပါမည်...

ABS မီး(Antilock breaking system warning light) မီးအဝါလေးလင်းလာပါက ဆက်လက်မောင်းနှင်၍...
ရပါသည်...သို့သော် အချိန်ရသည်နှင့် ဝပ်ရှော့တွင် စစ်ဆေးပြုပြင်သင့်ပါသည်...

ကားမောင်းနှင်နေစဉ် မီးအနီရောင်လင်းလာပါက ခေတ္တရပ်ထားကာ...
နားလည်တတ်ကျွမ်းသောသူ(သို့) ဝပ်ရှော့ကို ဖုန်းဆက်ကာ ပြသသင့်ပါသည်...
ထိုသူတို့မှ ဆက်လက်မောင်းနှင်ရန်မသင့်ဆိုပါက...ကားအား ဝပ်ရှော့သို့...
ယူသွားကာ စစ်ဆေးပြုပြင်ပြီးမှ ဆက်လက်မောင်းနှင်အသုံးပြုရပါမည်...

ကားမောင်းနှင်နေစဉ် မီးအဝါရောင်လင်းလာပါက...
ဆက်လက်မောင်းနှင်ကာ နီးစပ်ရာဝပ်ရှော့တွင်ပြသရမည်ဖြစ်ပါတယ်ခင်ဗျာ...

ဒါကြောင့် ကားနဲ့ ပတ်သက်တဲ့ သတိပေး အချက်ပေးမီးတွေကို
တင်ပေးလိုက်ပါတယ်ခင်ဗျာ...

ဘေးအန္တာရာယ်ကင်းရှင်းစွာဖြင့် မောင်နှင်နိုင်ကြပါစေခင်ဗျာ...
Credit to >> Toetar Atoe

                                                              


0 comments:

Post a Comment

Facebook Like Page