Monday, August 11, 2014

Facebook chat ပြောဆိုသူများအတွက် Messenger Application ဖြင့်အသုံးပြုနိုင်

Facebook chat ပြောဆိုသူများအတွက် Messenger Application ဖြင့်အသုံးပြုနိုင်
                                                             



ယခုရက်ပိုင်းမှစတင်၍ မိုဘိုင်းဖုန်းဖြင့် facebook အသုံးပြုသူ User များအနေ ဖြင့်မူလ Facebook Application ထဲတွင် Chat ( တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ) ပြောဆိုခြင်းများ ကို ခွင့်ပြုတော့မည် မဟုတ်တော့ပဲ Messenger Application ဖြင့် သုံးစွဲမှသာ Message များကို တွေ့ မြင်နိုင်မည်ဖြစ်သည်။
ထို့ ကြောင့် မိုဘိုင်းဖုန်းဖြင့် Facebookသုံးစွဲသူ User များအနေဖြင့် မိမိတို့ 
မိုဘိုင်းဖုန်းများအတွင်း Messenger Application ကို ထည့်သွင်းရန်လိုအပ်
ကြောင်း Facebook မှတရားဝင်ပြောဆိုလိုက်သည်။

"အခုမှ သိရတာပါ Messenger Install ဆိုပြီး ပေါ်လာတယ် ။ ဘာလုပ်ရမှန်းလည်းမသိဘူး ။ အဲ့ဒါနဲ့ Install လုပ်ပြီးမှ Message တွေကို ပြန်ဖတ်လို့ရပါမယ်"

ပြည်တွင်းရှိ Andriod မိုဘိုင်း အသုံးပြုသူများအနေဖြင့် Google Play Store တွင် ၄င်း Messenger Application ကို အသုံးပြုရယူနိုင်ခြင်း မရနိုင်သည့် အခက်အခဲမျိုးကြုံတွေ့ ဖြစ်ပေါ်လျှက်ရှိသည့်အတွက် One Mobile Market
ကဲ့သို့ သော Application များဖြင့် Download ရယူနိုင်ကြောင်း
အသိပေးအပ်ပါသည်။

0 comments:

Post a Comment

Facebook Like Page