ရပ်ကွက်အတွင်းမှ သားသတ်လုပ်ငန်းပြောင်းရွေ.ပေးပါရန်
+++++++++++++++++++++++++++++++
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင် ပေါက်ခေါင်းမြို.၊အမှတ်(၃)ရပ်ကွက် (မြို.နယ်အားကစားကွင်းအနီး) တွင်
ဦးချိုနိုင် ပိုင် လိုင်စင်ရှိ သားသတ်လုပ်ငန်း(အမဲ) သည် ရပ်ကွက်အတွင်း လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို. ရပ်ကွက်အတွင်းဆောင်ရွက်နေသဖြင့်
(၁)။ အချိန်မတော်(နံနက် ၂း၀၀ နာရီမှ ၆း၀၀ ခန်.) အထိ သားသတ်လုပ်ငန်းအသံများကြောင့် ရပ်ကွက်
တွင်းနေ အများပြည်သူများ စိတ်အနှောက်အယှက် များစွာဖြစ်ရခြင်း၊
(၂)။သားသတ်လုပ်ဆောင်သည်. နေရာအနီးတ၀ိုက်တွင် အနံ.ဆိုးများထွက်ပေါ်ခြင်းကြောင့် ရပ်ကွက်
တွင်းနေ အများပြည်သူများ စိတ်အနှောက်အယှက်ဖြစ်ရခြင်း၊
(၃)။သားသတ်မည်. နွားများအား ရပ်ကွက်အတွင်းနွားစားကျက်အဖြစ် အသုံးပြုခြင်းကြောင့် အိမ်ခြံစည်း
ရိုးများအား သားသတ်ခုံရှိ သိုလှောင်နွားများမှ ဖျက်စီးခံရခြင်း၊
(၄)။ ရပ်ကွက်အတွင်း သားသတ်လုပ်ငန်းလုပ်ဆောင်နေခြင်းကို ရပ်ကွက်နေပြည်သူများမှ လုံးဝ(လုံးဝ)
မနှစ်သက်ခြင်းတို.ကြောင့် ရပ်ကွက်(၁၀)အိမ်မှူးများဖြစ်သော ဦးကျော်ငြိမ်း၊ဦးဆန်းလင်း တို.ထံသို.
ရပ်ကွက်နေပြည်သူများမှ တိုင်ကြားလာသဖြင့် (၁၀)အိမ်မှူးများမှ ဦးဆောင်၍ရပ်ကွက်အကျိုးမျှော်
ကိုးပြီး ရပ်ကွက်အတွင်းရှိ ဦးချိုနိုင် ပိုင် သားသတ်လုပ်ငန်း(အမဲ) အား လူနေရပ်ကွက်နှင့်ဝေး၇ာသို.
အမြန်ဆုံးပြောင်းရွေ.ပေးပါရန် ရပ်ကွက်နေပြည်သူများမှ လက်မှတ်ထိုးစာရင်းနှင့်တကွ မြို.နယ်အုပ်
ချုပ်ရေးမှူး ၊မြို.နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ပေါက်ခေါင်းမြို. သို.လိပ်မူတိုင်ကြားထား
ကြောင်းသိရှိရပါသည်။
ပေါက်ခေါင်းသတင်း
0 comments:
Post a Comment