Friday, June 27, 2014

ဖုန်းဆိုင်မှ ဟန်းစက်နှင့်ငွေဖြည်.ကဒ်များခိုးယူသူကို တာဝန်သိပြည်သူများကူ ညီမူဖြင့် (၂၄)နာရီအတွင်းဖမ်းဆီးရမိ


ဖုန်းဆိုင်မှ ဟန်းစက်နှင့်ငွေဖြည်.ကဒ်များခိုးယူသူကို တာဝန်သိပြည်သူများကူ
ညီမူဖြင့် (၂၄)နာရီအတွင်းဖမ်းဆီးရမိ


ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို. အမှတ်(၁)ရပ်ကွက်
ဖန်ခါးပင်၊အိမ်အမှတ် ၁/၂၁ နေ ဦးညီညီဇော် (မိုဘိုင်းစတား ဟန်းစက်ဆိုင်)
သည် ၂၆.၆.၂၀၁၄ နေ. ည ၈း၀၀ နာရီခန်.တွင် ဖုန်းပစ္စည်းအရောင်းဆိုင်အား
တံခါးပိတ်ပြီး ဇနီးဖြစ်သူ ခလေးမီးဖွား၍ ဆေးရုံတက်နေသော ပေါက်ခေါင်းမြို.
ပြည်သူ.ဆေးရုံတွင် ညအိပ်နေထိုင်ခဲ.ပြီး နောက်နေ. ၂၇.၆.၂၀၁၄ နေ. နံနက်
၆း၄၀ အချိန်ခန်.တွင် ၄င်းဧ။် မိုဘိုင်းပစ္စည်းအရောင်းဆိုင်အားပြန်လာခဲ.ရာ၊ ဖုန်းပစ္စည်းအရောင်းဆိုင်ဧ။်ရှေ.မျက်နှာစာတွင်ပိတ်ထားသော ခေါက်တံခါးတစ်    ချပ်ပွင့်နေသည်ကိုတွေ.ရှိသဖြင့်  ဆိုင်ခန်းရှိပစ္စည်းများကိုစစ်ဆေးကြည်.ရာ
HUAWEI ဟန်းစက်(၂)လုံးနှင့်ဆက်စပ်ပစ္စည်းများ၊ GSM (၅၀၀၀) ကျပ်တန်ငွေ
ဖြည်.ကဒ်(၃၁)ကဒ်၊GSM (၁၀၀၀၀)ကျပ်တန်ငွေဖြည်.ကဒ်( ၉)ကဒ်၊ MEC CDMA (၅၀၀၀)ကျပ်တန်ငွေဖြည်.ကဒ်(၂၈)ကဒ် ၊ငွေစက္ကူရောရော(၁၂၇၀၀၀)ကျပ်၊
စုစုပေါင်းတန်ဘိုးငွေ ၆၄၉၀၀၀ခန်.ခိုးယူခံရ၍ပျောက်ဆုံးနေကြောင်းစစ်ဆေးတွေ.ရှိ၍ ဦးညီညီဇော်မှ
ခိုးယူသွားသူကို စုံစမ်းဖေါ်ထုတ်ပေးပါရန် ပေါက်ခေါင်းမြို.မ ရဲစခန်းသို.တိုင်ကြာ
းခဲ.ပါသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါက်ခေါင်းရဲစခန်းမှ(ပ)၁၅၄/၂၀၁၄ ၊ပြစ်မူ
ဆိုင်ရာဥပဒေပုဒ်မ ပ-၃၈၀ အရအရေးယူဆောင်ရွက်ထားပြီး ၊အမူအားနယ်ထိန်
းခေါင်းဆောင် ရဲအုပ် အောင်ကျော်မိုး နှင့်အဖွဲ.မှ စုံစမ်းရှာဖွေရာ ၊ပြည်မြို.အဝေး
ပြေးကားဂိတ်အတွင်း ငွေဖြည်.ကဒ်များ လိုက်လံရောင်းချနေကြောင်း၊ ပြည်မြို.
မှတာဝန်သိပြည်သူတစ်ဦးဧ။် သတင်းပေးချက်အရ စုံစမ်းသိရှိရပါသည်။ဆက်
လက်၍ စုံစမ်းရာ ၄င်းရောင်းချသူသည် ပြည်-ရန်ကုန် အာရှ ခရီးသည်တင်ကား
ဖြင့် လက်ပံတန်းမြို.သို.လိုက်ပါသွားကြောင်းသိရှိရသဖြင့်၊သက်သေများနှင့်အ
တူ ၄င်းလိုက်ပါလာသော အာရှခရီသည်တင်ကားအား ပေါင်တည်မြို. အာရှကား
ဂိတ်မှ စောင့်ဆိုင်းရှာဖွေရာ မောင်-----(၁၅)နှစ် ၊(ဘ) ဦး---၊အမှတ်(၄)ရပ်ကွက်
တောင်ရွာကွက်သစ် နေသူဧ။် လက်ကိုင်အိပ်အတွင်းမှ ငွေဖြည်.ကဒ်များ၊ဟန်းစက်
နှင့်အပိုပစ္စည်းများတွေ.ရှိ၍ ၄င်းအားမေးမြန်းရာ မိုဘိုင်းစတား ဖုန်းဆိုင်မှခိုးယူ
လာသော ပစ္စည်းများဖြစ်ကြောင်းထွက်ဆို၍ သက်သေများရှေ.တွင် ပေးအပ်ခဲ.ပါသည်။
ဆက်လက်၍ မောင် ----အားစစ်ဆေးမေးမြန်းရာ ရွှေမြန်မာလျှစ်စစ်ပစ္စည်းဆိုင်
(ပေါက်ခေါင်းမြို.) မှခိုးယူထားသော ပစ္စည်းများပါစုံစမ်းဖေါ်ထုတ်သိမ်းဆည်းနိုင်
ခဲ.ပါသည်။
အမူအား အမူစစ် ဒုရဲအုပ် သန်းဇော်မှလက်ခံစစ်ဆေး၍ အမြန်တရားစွဲဆိုနိုင်၇န်
ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
                                                                



0 comments:

Post a Comment

Facebook Like Page