Thursday, June 12, 2014

ပေါက်ခေါင်းမြို. လေးမျက်နှာစေတီတော်မြတ်ကြီး မိုးကောင်းစိန်ဘုရား ဖွင့် လစ်အပူဇော်ခံ






ပေါက်ခေါင်းမြို. လေးမျက်နှာစေတီတော်မြတ်ကြီး မိုးကောင်းစိန်ဘုရား ဖွင့်
လစ်အပူဇော်ခံ


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို. လေးမျက်နှာစေတီတော်မြတ်
ကြီး ဂန္ဓကုဋိတိုက်တွင် ကိန်းဝပ် စံပယ်တော်မူသော မိုးကောင်းစိန်ဘုရား
ကို အများပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရန် ဖွင့်လစ်အပူဇော်ခံပွဲကို ယနေ.
12.6.2014 ၊၁၃၇၆ ခုနှစ် နယုန်လပြည်.နေ. နံနက်(၈)နာရီအချိန်တွင် ပေါက်
ခေါင်းမြို. လေးမျက်နှာစေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်ခဲ.ပါသည်။
အခမ်းအနားကို နမောတသာ (၃)ကြိမ်ရွတ်ဆို၍ ဘုရားကန်တော.ဖွင့်လစ်ခဲ.
ပါသည်။ အခမ်းအနား အစီအစဉ်အရ လေးမျက်နှာစေတီတော် သြ၀ါဒါစရိယ
ပညာဇောတရုံစာသင်တိုက် ပဓာန နာယက ဆရာတော်ထံမှ (၈)ပါးသီလခံယူ
တော်မူကြပါသည်။ ဆက်လက်၍ ဆရာတော်ကြီးထံမှ သြ၀ါဒကထာနာယူ
တော်မူကြပါသည်။ အစီအစဉ်အရ မိုးကောင်းစိန်ဘုရားကို ဂန္ဓကုဋိ တိုက်မှ
အများပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်၇န် မဟာသန္တိသုခ သာသနဗိမာန်သို.
ပင့်ဆောင်ကြပါသည်။ ဆက်လက်၍ ဆရာတော်ကြီးများက မေတ္တာသုတ်၊
ငါးရံ.မင်းပရိတ်တရားတော်နှင့် မဟာသမယသုတ်များကို ရွတ်ဖတ်သရဇ္ဇယ်
ကြပါသည်။ ဆက်လက်၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်
ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားကို နံနက်(၁၀)နာရီတွင် အောင်မြင်စွာ
ရုပ်သိမ်းခဲ.ပါသည်။
မိုးကောင်းစိန်ဘုရားကို ယနေ.12.6.2014 နေ.မှ 14.6.2014 နေ.အထိ အပူ
ဇော်ခံထားရှိမှာဖြစ်ကြောင်းသတင်းရရှိပါသည်။

0 comments:

Post a Comment

Facebook Like Page