Wednesday, February 26, 2014

နတ်ဆေးဆိုပြီး အန္တရာယ်ရှိသော ADOXY ဆေး


 နတ်ဆေးဆိုပြီး အန္တရာယ်ရှိသော ADOXY ဆေးကိုလက်လွတ်စပယ် ရောင်းချနေမှုများ ဖြန့် ချီနေမှုများ တိုက်တွန်းကြော်ညာနေမှုများနှင့် ပတ်သက်၍ သတိပေးခြင်း။

ဒီ ADOXY ဆေးဟာ ကလေးနို့ တိုက်နေတဲ့ မိခင်တွေ၊ ကလေးသူငယ်တွေ၊ သွေးတိုးရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင်တွေအတွက် အန္တရာယ်ရှိပါတယ်။ ထို့ အပြင် ဆိုးကျိုးတွေက Anaphylaxis, Angioneurotic edema, Diarrhoea, Dryness of mouth, Eosinophilia, Exfoliative dermatitis, Glossitis, Haemolytic anaemia, Hypoprothrombinaemia, Irritation and inflammation at the site of administration, Local pain, Muscle weakness, Nausea/vomiting, Neutropenia, Oesophageal ulcer, Paraesthesia, Photosensitization, Rash, Stomatitis, Thrombocytopenia, Tooth discolouration, Toxic epidermal necrolysis, Urticaria တွေ ဖြစ်နိုင်ပါတယ်။

ဒီဆေးကို Acne, Anthrax, Chlamydiae trachomatis, Cholera, Genito-urinary infections, Gonorrhoea, Gram negative bacterial infections, Gram positive bacterial infections, Haemophilus influenzae infection, Lrti, Lymphogranuloma venereum, Ornithosis, Pelvic inflammatory disease, Plague, Psittacosis, Q fever, Relapsing fever, Respiratory infections, Rickettsial pox, Rocky mountain spotted fever, Shigella infection, Skin and soft tissue infections, Streptococcal infections, Streptococcus pneumoniae infection, Streptococcus pyogenes infection, Syphilis, Tick fever, Trachoma, Tularaemia, Typhus fever, Urti, Venereal diseases, Yaws ရောဂါတွေအတွက်လို့  ဆိုထားပေမယ့် ဆရာဝန်ရဲ့  ခွင့်ပြုချက်နဲ့  သုံးစွဲမှု ညွှန်ကြားမှုအတိအကျ မလိုက်နာဘဲနဲ့  သုံးစွဲရင် အင်မတန်အန္တရာယ် ရှိပါတယ်။

(ကိုးကား - http://www.healthvala.com/drugs/adoxy/883/)

ဒီလိုအန္တရာယ်ရှိနိုင်တဲ့ဆေးကို အတ္တသမား ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စီးပွားရေးသမားတွေက အရောင်းကောင်းအောင် မက်လုံးပေး ညာရွှီးထားတဲ့ ကြော်ညာတွေ အဆွယ်စကားတွေနဲ့ လက်လွတ်စပယ်ရောင်းချနေတာဟာ မသိနားမလည်တဲ့ ပြည်သူလူထုကို အသံတိတ် သတ်နေတာပါဘဲ။

ထို့ အတူ ဒီဆေးကို တင်သွင်းခွင့်ပေးတဲ့ တရားမ၀င် ခွင့်ပြုချက်မရှိဘဲ ဖြန့် ချီနေတဲ့ ဆရာဝန်ဆေးလက်မှတ်မပါဘဲ ရောင်းချနေတဲ့သူတွေ အားလုံးကို ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ အလားတူ ရောင်းကောင်းအောင် ဆွယ်ပြီး တိုက်တွန်းပေးနေသူတွေလည်း သတိပေးသင့်ပါတယ်။ ကျန်းမာရေးနဲ့  ပတ်သက်ပြီး ဆေးဝါးအတုများ အန္တရာယ်ရှိသော ဆေးများ ရောင်းချနေခြင်းကို တိတိကျကျ တားမြစ်ပိတ်ပင်သင့်ပါတယ်။ ဒီ ADOXY ဆေးကို ထိုင်းနိုင်ငံဘက်ကနေ တင်သွင်းတာ ဖြစ်နိုင်ပါတယ်။ ထိုင်းစာတွေနဲ့ ကြော်ညာဖေါ်ပြထားတဲ့ ဒီဆေးကို ထိုင်းနိုင်ငံဘက်မှာ တွေ့ ရှိရပါတယ်။

ပြည်သူလူထုအနေနဲ့ လည်း အပြောယုံ အလွယ်တကူ သုံးစွဲတာမျိုးဟာ ဆေးမဖြစ်စေဘဲ အဆိပ်သုံးစွဲမိသလို ဖြစ်တတ်တယ်ဆိုတာ သတိကြီးစွာ ထားသင့်ပါတယ်။

အင်မတန်အန္တရာယ်ရှိတဲ့ တားမြစ်ဆေး ဒီ ADOXY ဆေးနဲ့  ပတ်သက်ပြီး သတိပေးရေးသားချက်များကို ဖတ်ကြည့်ကြပါ၊ မသိရှိကြသေးသူများကို အသိပေးကြပါ။ ဆင်တူ ဆေးဝါးများကိုလည်း သတိထားကြပါလို့  ပြောကြားပါရစေ။

ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ပြည့်ဖြိုးအောင်ရဲ့  အချက်အလက် အထောက်အထားတွေနဲ့  သတိပေးရေးသားချက် ပြန်လည်လက်ဆင့်ကမ်း ဖေါ်ပြလိုက်ပါတယ်။

နစ်နေမန်း။

-------------------------------------------------------------------------

ဒေါက်တာပြည့်ဖြိုးအောင်ရဲ့  သတိပေးရေးသားချက်။

ကျွန်တော်တို့ ဒီတိုင်းကြည့်နေလို့ မသင့်တော်တော့ဘူး ထင်ပါတယ်။ US မှာ FDA က လက်မခံဘဲ Warning ထိထားတဲ့ ဆေးကို ကျွန် တော်တို့ ဆီက FDA က ဘာလို့ လက်ခံရတာလဲဗျာ။

ဆန်းဆန်းပြားပြား ကြော်ငြာထားတာတွေကို ယုံကြည်ပြီးတော့ လူနာတွေက တကယ် အကျိုးရှိမယ့် ကုထုံးတွေကို ပစ်ပယ်ပြီးတော့ အဲဒီဆေးတွေကို ဈေးကြီးကြီး ပေးပြီး ဝယ်သောက်နေတာ ကြားသိ နေရပါတယ်။

ဆေးကို တင်သွင်းဖြန့်ချိတဲ့ company၊ လိပ်စာနဲ့ FDA registration No. တွေကို အောက်က ဒုတိယမြောက် comment မှာ တင် ထားတဲ့ ဓာတ်ပုံမှာ ကြည့်နိုင်ပါတယ်။

အောက်မှာ attached လုပ်ထားတဲ့ ဓာတ်ပုံတွေက ဒီဆေးတွေကို တောင်ကြီးမြို့ မှာ ကော်မရှင်နဲ့ ဖြန့်နေတယ်လို့ ယူဆရတဲ့ လူတစ်ယောက်ရဲ့ ကြော်ငြာတွေပါ။ ဒီလိုမျိုး မြန်မာနိုင်ငံ အနှံ့ အပြားမှာ ကြော်ငြာပြီး ရောင်းနေတဲ့သူတွေ အများကြီး ရှိမယ်လို့ ယူဆရပါတယ်။ ဘာလို့ လဲဆိုတော့ ဒီဆေးက နယ်တော်တော်များများကို ပြန့် နေလို့ပါ။

ဒီကိစ္စဖြေရှင်းဖို့ဆိုရင် FDA ကို ပေါက်ရောက်တဲ့ သူတစ်ယောက်ယောက်က စိတ်ဝင်တစားနဲ့ လုပ်ဆောင်ပေးမှ ရမယ်လို့ ယူဆလို့ရယ်၊ အားလုံးရဲ့ အကြံဉာဏ်တွေနဲ့ ဝိုင်းဝန်းစဉ်းစား အဖြေရှာနိုင်ဖို့ အတွက် ဆရာကြီးတွေကိုပါ tag ထားရတာကို နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ် ဆရာကြီးတို့ ခင် ဗျား။ ကျွန် တော်တို့ ဆရာဝန်ငယ်တွေအနေနဲ့ က လူနာတွေကို ရှင်းပြပညာပေးတဲ့အပိုင်းမှာ တတ်နိုင်သလောက် စွမ်းဆောင်ပါ့မယ်။

"Adoxy Cell Food" နဲ့ ပါတ်သက်ပြီးတော့ မသိနားမလည်တဲ့ သူတွေကို ဘာအထောက်အထားမှ မပြဘဲ .. ဒီလိုတွေ ကြော်ငြာပါတယ်။

နတ်ဆေး တဲ့ ... ရောဂါအားလုံးကို ဆေးတစ်မျိုးထဲနဲ့ ပျောက်တယ်တဲ့ ... Hydrogen bomb ကို တီထွင်ခဲ့တဲ့ အမေရိကန်က သိပ္ပံပညာရှင်ကြီးက Nano နည်းပညာနဲ့ တီထွင် ထုတ်လုပ်ထားတာတဲ့ဗျာ ...

ကြော်ငြာထားတဲ့ အထာတွေက လူပြိန်းကြိုက် လူလိမ်အထာတွေဗျာ။

ဘယ်ရောဂါတွေမှာ ... ဘာသုတေသန လုပ်ပြီး ဘယ်လို result တွေ ရထားလဲတောင် မပါပါဘူး။

American မှာ မူပိုင်ခွင့် မှတ်ပုံတင်ထားတယ်လို့ သာ ပြောတယ်၊ American နဲ့ တစ်ခြားနိုင်ငံတွေက FDA တွေက အသိအမှတ်ပြု လက်ခံထားလား ဆိုတာတော့ ယောင်လို့ တောင် မပြောထားပါဘူး။ ဆေးတစ်ခု အကြောင်းပြောရင် ဘယ်လို သုတေသန ရလဒ်တွေ ရှိတယ် နဲ့ ... FDA တွေက ခွင့်ပြုချက် ရထား မထားပဲ အရေးကြီးတာဗျာ။ ခုတော့ ဒဏ္ဍာရီဆန်ဆန် ပုံပြင်တစ်ပုဒ် ဖတ်နေရသလိုပါပဲဗျာ။

ကျန်တာတွေ ဘယ်လို ကြော်ငြာထားသလဲ ဆရာ၊ ဆရာမတို့ ဆက်သာ ဖတ်ကြည့်ကြပါတော့ ဗျာ။

အောက်က ဝိုင်းပင့် ရေးထားတဲ့ comment တွေ ဖတ်ကြည့် ရတာတော့ အဲဒီဆေးကို ဖြန့်တဲ့ ကုမ္ပဏီက လူတွေနဲ့ တူပါတယ်ဗျာ။ Dr. လို့ လည်း title တပ်ပြီး ခေါ်ထားတာ တွေ့တယ်။ Profile မှာ ဘာမှ မရေးထားတော့ တကယ့် ဆရာဝန် ဟုတ် မဟုတ်တော့ မသိဘူး။
ဒီဆေးက တင်သွင်း ဖြန့်ချိ ခွင့်ဘယ်လို ရသလဲ မသိပါဘူ ဗျာ။

ရေးသားသူ -

Dr. Pyae Phyo Aung
________________________

*** Lumina Health is the company that sells cellfood product and the following from US FDA warning letter to Lumina Health. ***

Adoxy cellfood ကို ထုတ် လုပ် တဲ့ မူ ရင်း Company "Lumina Health" ကို US FDA က Warning ပေးထားတဲ့ စာပါ။

http://www.fda.gov/ICECI/EnforcementActions/WarningLetters/2013/ucm365989.htm
(Comment by Sayar Chris See)

To download the pdf file of above web page via Mediafire please click the following link.

http://www.mediafire.com/download/xl57a5fs9i6893g/2013+_+Lumina+Health+Products%2C+Inc.+8_1_13.pdf
________________________

If you are viewing the shared version of this status, please follow this link to see the comments which are informative.

https://www.facebook.com/pyaephyoaung/posts/10203081174940680
________________________

These are the links for the original posts of these advertisements.

https://www.facebook.com/honey.cho.71465/posts/293134937502335

https://www.facebook.com/honey.cho.71465/posts/293132024169293

https://www.facebook.com/honey.cho.71465/posts/292956667520162

1 comment:

  1. ကျွန်‌ ‌တော်‌ ‌ဒေါက်‌တာ ပြည့်‌ ဖြိုးေ‌အာင်‌ ပါ
    ကိုနစ်‌ ‌နေ မန်း ဆီက ကူးယူလာတဲ့ ဒီ ပို့စ်‌ မှာ
    ‌ရေးထားတဲ့ ‌ဆေးရဲ့ ‌ဘေးထွက်‌ဆိုးကျိုး နဲ့ ‌ရောဂါ
    ‌တွေ က Adoxy Cellfood နဲ့ နာမည်‌တူ
    Doxycycline ရဲ့ေ‌ဘးထွက်‌ ဆိုး ကျိုး ‌တွေ
    ကို ကို နစ်‌ ‌နေ မန်း မှားယွင်း ‌ဖော်‌ပြထား တာပဲ
    ဖြစ်‌ပါတယ်‌။ ဒါကို ကျွန်ေ‌တာ်‌ကိုနစ်‌ ‌နေ မန်း ကို
    ‌ပြောပြ ပြီးလို့ ကိုနစ်‌ ‌နေ မန်း ပို့စ်‌ မှာ ပြန်‌ဖြုတ်‌ ထား ပြီး
    ဖြစ်‌ ပါတယ်‌။ ‌မသိနားမလည်‌တဲ့သူ ‌တွေ အမှတ်‌
    မ မှားေ‌အာင်‌ပြင်‌ဆင်ေ‌ပး ‌စေ လို ပါတယ်‌။
    ‌နောင်‌ကို ကျွန်ေ‌တာ့်‌ နာမည်‌ နဲ့ Facebook link
    တို့ ပါတာကို အခုလို ပြင်‌ပမှာတင်‌ချင်‌ရင်‌
    ကျွန်ေ‌တာ့်‌ ဆီက ခွင့်‌ ပြု ချက်‌ အရင်ေ‌တာင်း
    ‌စေ လို ပါ တယ်‌။

    ReplyDelete

Facebook Like Page