Wednesday, January 15, 2014

#Facebook လျှို့ဝှက်ချက်များ

                                                              


#Facebook လျှို့ဝှက်ချက်များ

တစ်စုံတစ်ယောက်ကို Block လုပ်ချင်ရင်

Setting ထဲက Privacy Setting မှာ Block List ကို တွေရမှာပါ။ အဲဒီမှာ ကိုယ်Block လုပ်ချင်သူရဲ့ Email ရိုက်ထည့်ပြီး Remove လုပ်လိုက်ရုံပါပဲ။

နောက်တစ်ခါ Friend Request ထပ်ပို့မှပဲ ကျွန်တော်တို့ သူငယ်ချင်းပြန်ဖြစ် နိုင်ပါတော့မယ်။

Comment တွေ ဖျက်ဖို့ဆိုရင်

Remove Button နဲ့ ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံနဲ့ ရပါတယ်။

ကိုယ့်ပုံသူများမမြင်စေချင်ရင်

ကိုယ့် Profile Photo မှာ သူများ Tag ချိတ်ပေးတဲ့ ပုံတွေများနေမယ်ဆိုရင် Remove Tag လုပ်ဖို့ လိုပါ တယ်။

ကိုယ့်ရဲ့Tag လုပ်ထားတဲ့ Photo ကို ဖွင့်လိုက်ပါ။ အဲဒီဓာတ်ပုံ (Photo) အောက်မှာTag ချိတ်ထားတဲ့ ကိုယ့်နာမည် ရှိပါလိမ့်မယ်။ အဲဒီနာမည်ဘေးမှာ Photo နဲ့ Remove Tag ဆိုတာ တွေ့ ရပါမယ်။
Remove Tag လုပ်ရုံပါပဲ။

ဒါဆိုရင် Tag လုပ်ထားတဲ့ပုံတွေ မရှိတော့ပါဘူး။

ကိုယ့်ရဲ့ပုံတွေ ဗီဒီယိုတွေရဲ့ Privacy ကို ပိုပြီးစိတ်ချရအောင်

Account ထဲက Privacy Settings က Profile Information ကိုသွားပါ။ အဲဒီမှာ Bio, Birthday, Religions, Photo,Post, Allow Friends To Post My Wall, Comments စသဖြင့် ကိုယ့် Friends တွေပဲ တွေ့စေချင်တာလား။ တခြားလူတွေပါ မြင်စေချင်သလားဆိုတာ ရွေးပါ။

Privacy Level မှာ Only Me, Block Specific People စသဖြင့် ကြိုက်ရာ တစ်ခုခုလုပ်ပါ။ Preview My Profile ကို ရွေးပြီး Check စစ်ဆေးကြည့်နိုင်ပါတယ်။

ကိုယ့်နာမည်ကို Facebook ရဲ့ Search မှာ မတွေ့စေချင်ရင် Settings ထဲက Privacy Setting ထဲက Search ကို ရှာပါ။ အဲဒီမှာ Only Friends ကိုရွေးချယ်ပါ။ခုဆိုရင် သင့်Friends တွေကပဲ ကိုယ့်ကို ရှာတွေ့ မှာပါ။

Facebook Layout ပြောင်းချင်ရင်

Page Rage Super Profile က Facebook ရဲ့ Application ဖြစ်ပြီး ကိုယ့် Facebook Profile ရဲ့ Skin ကို ပြောင်းလဲပေးပါလိမ့်မယ်။ Add-ons တွေ အများကြီး ရှိပါတယ်။

YontooLages အမည်ရှိ Add on software တစ်ခုကို Install လုပ်ရမှာဖြစ်ပြီး ဒါက Facebook ရဲ့ Layout ကို ပြောင်းပေးမှာပါ။

Friends List ကိုဖျောက်ချင်ရင်

Privacy Settings ထဲက Friends ဆိုတဲ့ Options မှာ “Every One” လား၊ “Friends ofFriends” လား၊ “Only Friends” လား၊ Customize လား တစ်ခုခု စိတ်ကြိုက်ရွေးလိုက်ရုံပါပဲ။

ဂိမ်း မကစားချင်တော့ဘူးဆိုရင်

Facebook ရဲ့Farmville ဟိုးအရင်တုန်းက ဆော့ပြီး အခုတော့ မဆော့ဖြစ်တော့ပေမယ့် လက်ဆောင်များ စွာက နေ့တိုင်း ရောက်နေဦးမှာပါ။ မျက်စိ နောက်စရာ ဒီပြဿနာအတွက် ApplicationSetting ကိုဝင်ပါ။
အဲဒီထဲက Game ကို (x) နဲ့ Remove လုပ်လိုက်ပါ။

hashtag

Facebook မှာ Twitter လိုမျိုး hashtagကို ထည့်လိုက်ပြီ နည်းနည်းကြာပါပြီ။ ဒါပေမဲ့ မသိသေးတဲ့ လူ တွေ အဆင်ပြေအောင်လို့ ဒီလိုလေးလုပ်ကြည့်ပါ။ အကျိုး ထူးပါတယ်။ နောက်ပိုင်း status တွေရေးရင် ကိုယ့် status ရဲ့ အဓိကသော့ချက်စကားလုံးကို # ခံပြီးရေးလို့ရပါပြီ။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရေးထားတာမျိုး ဆိုရင် #DawAungSan SuKyi ဆိုပြီး status မှာ ထည့်ရေးလိုက်ပါ။ ဒါဆို ဘယ်လို အကျိုးကျေးဇူး ဖြစ်လာမလဲဆိုရင်တော့ www.facebook.com/hashtag/DawAungSan SuKyi ဆိုပြီး တစ်ယောက်ယောက်က ရှာလိုက်ရင် # မှာ ထည့်ပြီး ရေးခဲ့တဲ့ status တွေအားလုံးကို သူ့အနေနဲ့ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သွားမှာ ဖြစ်ပါတယ်။

                                                                                            ပေါက်ခေါင်းသတင်း

0 comments:

Post a Comment

Facebook Like Page