Saturday, January 11, 2014

နည်းပညာတက္ကသိုလ် များတွင် ဒီပလိုမာ အဆင့် ဖြုတ်ချ


နည်းပညာတက္ကသိုလ် များတွင် ဒီပလိုမာ အဆင့် ဖြုတ်ချ
===============================
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ အစိုးရနည်းပညာတက္ကသိုလ် များတွင် AGTI
ဒီပလိုမာအဆင့်ကိုဖြုတ်ချပြီး B.Tech (Bachelor of Technology) ဘွဲ့အတွက် လေးနှစ်နှင့်
B.E(Bachelor of Engineering) နှစ်နှစ် စုစုပေါင်း ခြောက်နှစ်အထိ တက် ရောက်ရန် ၂၀၁၃
၁၄ ပညာသင်နှစ်တွင် ပြောင်းလဲသတ်မှတ်ထားသည်။

"ဒီ ၂၀၁၃-၁၄ ပညာသင်နှစ်မှာ အစိုးရ စက်မှုလက်မှု သိပ္ပံ သုံးနှစ် သင်တန်းကျောင်းတွေကို
စတင် ဖွင့် လှစ်လိုက်တယ်။ အဲဒီနောက်မှာ တစ်ခြား နည်းပညာ တက္ကသိုလ်တွေမှာ အရင်
ကလို AGTI ဒီပလိုမာတန်းကို တက်စရာမလိုတော့ဘူး။ အခုတက် မယ့် ကျောင်းသားတွေ
က စတက်ရင် ပထမနှစ်ကို B.Tech ပထမနှစ်ကနေ ပြီးတော့ လေးနှစ်တက်ရမယ်။ ပြီးတော့
မှ B.E နှစ်နှစ်ကို ဆက်တက်ရမယ်" ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယ ၀န်ကြီး
ဒေါက်တာ အောင်ကျော်မြတ် က ပြောသည်။

ယခင်ပညာသင်နှစ်များက နည်း ပညာတက္ကသိုလ်များတွင် AGTI ဒီပလို မာကို နှစ်နှစ်၊ B.Tech
(Bachelor of Technology) ဘွဲ့အတွက် နှစ်နှစ်နှင့် B.E (Bachelor of Engineering)
တစ်နှစ် စုစုပေါင်း ငါးနှစ် တက်ရောက် ရမည်ဖြစ်ပြီး ပညာသင်နှစ် ခြောက်နှစ် စနစ်ကို ၂၀၁၃
ပညာသင်နှစ်က စတင် ကာ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

"အခု ၂၀၁၃-၁၄ ပညာသင်နှစ်မှာ တက်ရောက်ရမယ့် ကျောင်းသားတွေ က B.Tech ပထမနှစ်
နည်းပညာသင်တန်းကနေ စတက်ရမယ်။ ဒါပေမဲ့ အရင်တက်ပြီးသား ကျောင်းသား အခု B.Tech
ပထမနှစ်(တက္ကသိုလ် တတိယ နှစ်) မှာတက်နေတဲ့ ကျောင်းသား ဟောင်းတွေကတော့ သူတို့
စတက်ခဲ့ ရတဲ့ လမ်းကြောင်းအတိုင်းပဲ B.E ဆက် တက်သွားရမယ်ပေါ့" ဟု ဒေါက်တာ
အောင်ကျော်မြတ်က ပြောသည်။

မြန်မာနိုင်ငံတွင် အင်ဂျင်နီယာ အရေအတွက်ထက် နည်းပညာရှင်(Technician) အရေအတွက်
ပိုမို လို အပ်နေသဖြင့် အရည်အသွေးပိုင်းများ ကို တိုးမြင့်သင်ကြားရန် လိုအပ်နေ သဖြင့် နောက်
ပိုင်းနျစ်များတွင် နည်း ပညာပိုင်းဆိုင်ရာ ကျောင်းသားများကို တိုးမြင့်ခေါ်ယူသွားရန်အတွက်
မြန်မာ နိုင်ငံတွင် AGTI သုံးနှစ်၊ အစိုးရ စက်မှု လက်မှု သိပ္ပံသုံးနျစ် သင်တန်းကျောင်း များကို
ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာအောင်ကျော်မြတ်က ပြော သည်။

"ဒီနိုင်ငံမှာ လိုအပ်တဲ့ Technician တွေကို ရည်ရွယ်ပြီးတော့ AGTI သုံးနှစ် သင်တန်းတွေ
ကိုဖွင့်ခဲ့တယ်။ ပြီးတော့ ဒီသင်တန်းမှာ သူတို့အတွက် အရည် အသွေးကောင်းမွန်တဲ့ ကျွမ်းကျင်
သူ နည်းပညာရှင်တွေကို မွေးထုတ်မယ်ပေါ့။ သူတို့ AGTI ပြီးသွားရင် BE ပေါင်းကူးတက်လို့
ရလား မရလား ဆိုတာတော့ မသိသေးဘူး။ အဲဒီကိစ္စ တွေကို ပညာရေး မူဝါဒ ဆွေးနွေးတဲ့ အခါမှ ဆွေးနွေးရမှာ"ဟု ဒေါက်တာ အောင်ကျော်မြတ်က မြန်မာတိုင်း(မ်) ကိုပြောသည်။

"နိုင်ငံမှာက နည်းပညာကျွမ်းကျင် သူတွေ များများရှိရမယ်။ အင်ဂျင်နီယာ ဆိုတာက သီးသန့်ဖြစ်
ရမယ်။ ဒါပေမဲ့ အခု ဒီမှာက အင်ဂျင်နီယာတွေ များပြီး နည်းပညာကျွမ်းကျင်သူတွေ မရှိဘူးဖြစ်နေ
တယ်"ဟု ရန်ကုန်နှင့် မန္တလေး အဆင့်မြင့်နည်းပညာ တက္ကသိုလ်များ ဦးစီးကော်မတီဥက္ကဋ္ဌ
ဦးညီလှငယ်က ပြောပါသည်။

Credit to>>သတင်းနှင့်စွယ်စုံ

0 comments:

Post a Comment

Facebook Like Page