မီးဘေးကြိုတင်ကာကွယ်ေ၇းအတွက်ပေါက်ခေါင်းသူ/ပေါက်ခေါင်းသားများဧ။်
အများပြည်သူအတွက်ဆောင်ရွက်ချက်
အများပြည်သူအတွက်ဆောင်ရွက်ချက်
သို.
ဒေါက်တာစိုင်းမောက်ခမ်း(ဒုတိယသမ္မတ)
ဥက္ကဌ
အကတိလိုက်စားမူလျော.နည်းကျဆင်းရေးအဖွဲ.
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နေပြည်တော်
အကြောင်းအရာ။ ။ကြီးမားသောအကတိလိုက်စားမူကိစ္စ
၁။ ပဲခူးတိုင်းဒေသကြီး၊ပေါက်ခေါင်းမြို.သည် မီးဘေး(၅)ကြိမ်ထက်မနည်းခံခဲ.ရသောမြို.
လေးတစ်မြို.ဖြစ်ပါသည်။
၂။ ယခုနှစ်တွင် မြို.နယ်၊ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ.များမှ မီးဘေးကြိုတင်ကာကွယ်ရေး
လုပ်ငန်းစီမံချက်အရ မြို.တွင်းမှ လောင်စာဆီရောင်းချလျှက်ရှိသော ဆီအရောင်းဆိုင်များအား မြို.ပြင်
သို.ထွက်၍ရောင်းချရန် နှုတ်ဖြင့်၎င်း၊စာဖြင့်၎င်း အသိပေးအကြောင်းကြားထားခြင်းကြောင့်(ရွှေဗျိုင်းဖြူ
ကုမ္ပမှ ဆိုင်အမှတ်-၀၀၅ လောင်စာဆီအရောင်းဆိုင်) မှအပ အခြားလောင်လာဆီအရောင်းဆိုင်များအား
လုံးသည် မြို.ပြင်ထွက်ရောင်းချလျက်ရှိပါသည်။
၃။ ရွှေဗျိုင်းဖြူကုမ္ပဏီစက်သုံးဆီအရောင်းဆိုင်ဧ။်မြေနေရာသည်(ပေ၄၀xပေ၈၀) သာရှိပြီး
လူနေအိမ်များနှင့် (၂ပေ/၃ပေ) ခန်.သာကွာသည်.အတွက် အလွန်နီးကပ်၍ မီးဘေးအလွန်စိုးရိမ်ရသော
နေရာဖြစ်ပါသည်။
၎။ ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်သည် ယခင်နှစ်များကလည်း မြို.ပြင်ထွက်ရောင်းချ
ခြင်းမရှိပဲ မြို.ထဲတွင်သာရောင်းချခဲ.ပါသည်။
၅။ ယခုနှစ်တွင်လည်း အခြားစက်သုံးဆီအရောင်းဆိုင်များသည် မြို.ထဲတွင် ရောင်းချခြင်း
ရပ်ဆိုင်းခဲ.သော်လည်း ရွှေဗျိုင်းဖြူ စက်သုံးဆီဆိုင်မှာ လောင်စာဆီအမြောက်အများ သိုလှောင်၍ မြို.
ထဲတွင်သာ ရောင်းချမြဲရောင်းချလျက် ရှိပါသည်။
၆။ ဗိုလ်ချုပ်ကြီးသူရရွှေမန်း မှ ဥပဒေအထက်တွင် မည်သူမျှမရှိစေရဟု မိန်.ကြားထားခဲ.
သော်လည်း ရွှေဗျိုင်းဖြူ ကုမ္ပဏီသည်(က) စည်းကမ်းဥပဒေကို လိုက်နာမူမရှိ(ခ) မြို.ဧ။် စီးပွါးပျက်ပြား
မည်ကို ထောက်ညှာမူမရှိပဲ ကြီးမားသော အဂတိလိုက်စားမှုကို အခြေခံအားကိုး၍ ထင်ရာစိုင်းနေသည်
ကို စစ်ဆေးဖေါ်ထုတ်အရေးယူပေးပါရန် ရိုသေစွာဖြင့် တင်ပြအပ်ပါသည်။
တိုင်ကြားသူ(၁၆)ဦးအမည်စာရင်းကို ပူးတွဲတင်ပြအပ်ပါသည်။
ဝင်းစိန်
မှတ်ပုံတင်အမှတ်၇/ပခတ(နိုင်)၀၃၄၂၂၂
(ဘ) ဦးထွန်းစိန်
အမှတ်(၄)ရပ်ကွက်၊ပေါက်ခေါင်းမြို.
မိတ္တူကို
-၀န်ကြီးချုပ်၊ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ.၊ပဲခူးမြို.။
-ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်ခရိုင်၊ပြည်မြို.။
0 comments:
Post a Comment