“ အမုန်းစိတ်၏ထွက်ပေါက် ”
••••••••••••••••••••••
ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာ ဖြစ်တယ်။
ထိုအလိုမကျမှုဟာ ကြီးထွားလာလို့ရှိရင် ပေါက်ကွဲ
လာတယ်၊ ဒေါသ ဗျာပါဒလို့ခေါ်တယ်။ငြိမ်ချမ်းတဲ့
စိတ်ကလေး ပျက်စီးလာတယ်။
ဒေါသဖြစ်လာပြီဆိုရင် လူ့ရဲ့မျက်နှာကလည်း
ကြည်လင်ခြင်း မရှိတော့ဘူး ပြုံးချိုခြင်း မရှိတော့ဘူး
မျက်နှာ အနေအထားပါပြောင်းလာတယ်။
အဲဒီလို စိတ်ရဲ့အလိုမကျတဲ့ ဗျာပါဒတို့ ဒေါသတို့ဖြစ်
လာလို့ရှိရင် ထိုဒေါသရဲ့ထွက်ပေါက်ရှာတာ တချို့က
ကိုယ်မကျေနပ်တဲ့ဟာကို တခြားဟာနဲ့ အစားထိုးတယ်
သို့မဟုတ် မကျေနပ်တဲ့လူကို တစ်ခုခုနဲ့ အနိုင်ယူတယ်
အဲဒီ အနိုင်ယူလိုက်တာ ထွက်ပေါက်မဟုတ်ဘူး။
သို့သော်လူတွေက အဲဒါကိုပဲ ထွက်ပေါက်ထင်ပြီး
အဲဒီကနေ ထွက်ကြတယ်။ထိုအခါ ပြဿနာထပ်တက်
လာတယ်ပေါ့။
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
Young Buddhist's Association
Thursday, December 19, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment