Friday, November 1, 2013

♦နိုင်ငံတော်သမ္မတ ဦးသိန်းစိန်♦ (၁-၁၁-၂၀၁၃)ရက်နေ့ ရေဒီယိုမိန့်ခွန်းမှ ကောက်နှုတ်ချက် နေပြည်တော်

♦နိုင်ငံတော်သမ္မတ ဦးသိန်းစိန်♦
(၁-၁၁-၂၀၁၃)ရက်နေ့ ရေဒီယိုမိန့်ခွန်းမှ ကောက်နှုတ်ချက်
နေပြည်တော်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★အာဆီယံ အဖွဲ့ကြီး အနေနဲ့သာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ မြန်မာနိုင်ငံ
အစိုးရ၊ မြန်မာ ပြည်သူလူထုနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ်မှာပါ
ယုံကြည်မှု ရှိတဲ့အကြောင်းကို ပြသခြင်းလည်း ဖြစ်★
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
♦ တစ်ဆက်တည်းမှာပဲ ပြည်သူလူထုကို ကျွန်တော့်အနေနဲ့ တင်ပြလိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဘရူနိုင်းနိုင်ငံမှ လွှဲပြောင်းရယူခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဥက္ကဋ္ဌရာထူးကို ၁၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ခြင်း ဟာ အာဆီယံ အဖွဲ့ကြီး အနေနဲ့သာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ မြန်မာနိုင်ငံ အစိုးရ၊ မြန်မာ ပြည်သူလူထုနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ်မှာပါ ယုံကြည်မှု ရှိတဲ့အကြောင်းကို ပြသခြင်းလည်း ဖြစ်ပါတယ်။

♦ ဒီလို အာဆီယံ ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်နိုင်ခြင်းဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အရေးကြီးတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်း ဖြစ်သလို တစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်နဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ တိုးတက်မှုတွေဟာ အာဆီယံဒေသတွင်းမှာ ဂုဏ်ယူနိုင်တဲ့ အဆင့် ရောက်ရှိနေပြီဟု ယုံကြည်ပြီး တာဝန်လွှဲအပ်ခြင်း ခံရတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားများ အားလုံးအတွက် တာဝန်ထမ်းဆောင်ခြင်း ဖြစ်တယ် လို့လည်း ဆိုနိုင်ပါတယ်။

♦ အာဆီယံဥက္ကဋ္ဌ တာဝန်ဟာ အာဆီယံအဖွဲ့ကြီးကို ဦးဆောင်မှုပေးရုံ သာမဟုတ်ဘဲ အာဆီယံအဖွဲ့ကြီးနဲ့ ကမ္ဘာ့ အင်အားကြီး နိုင်ငံများ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဥရောပသမဂ္ဂ၊ ရုရှားနိုင်ငံတို့နဲ့ ဆက်သွယ် ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ဦးစီးဦးဆောင် ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ ၂၀၁၅ မှာ အာဆီယံ စီးပွား ရေး အသိုက်အဝန်းကို ဖော်ဆောင်နိုင်ဖို့ လိုအပ်တဲ့ လုပ်ငန်းတွေ၊ တာဝန် တွေလုပ်ဆောင်ဖို့ ရှိနေတဲ့အတွက် ကျွန်တော်တို့ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရမယ့် လာမယ့် နှစ်ဟာ ဆိုရင် အလွန်အရေးကြီး တဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကိုယူထားချိန်မှာ အာဆီယံဆိုင်ရာ အဆင့်မြင့် တွေ့ဆုံပွဲတွေနဲ့ အစည်းအဝေးကြီးတွေကို လက်ခံကျင်းပပြုလုပ် သွားဖို့ရှိပြီး နိုင်ငံတကာဆိုင်ရာ အရေးကြီး ကိစ္စရပ်များကိုလည်း ဦးဆောင် ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။

♦ လာမယ့်နှစ် အတွင်းမှာ အာဆီယံအဖွဲ့ကြီးကို ဒေသတွင်း အင်အားစု တစ်ခုအနေဖြင့် အင်အားကောင်း လာအောင် ဆောင်ရွက်သွားရမှာဖြစ်သလို အာဆီယံနဲ့ ကမ္ဘာ့အသိုင်းအဝိုင်း အကြား ဆက်ဆံရေးတွေ မှာလည်း ပိုမို တိုးတက်ကောင်းမွန် လာအောင် ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့အသိုင်း အဝိုင်းနဲ့ နိုင်ငံတကာ ဆက်ဆံရေး ပုံစံသစ်တစ်ရပ်ကို ပြန်လည် တည်ဆောက်နေခြင်းရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံရဲ့ လက်ရှိ ကျင့်သုံးနေတဲ့ နိုင်ငံခြားရေး မူဝါဒအရလည်း မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား သက်သက်ကို အကာအကွယ်ပေးရုံ သာမကဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တာဝန်သိတတ်တဲ့၊ တာဝန်ယူ တတ်တဲ့ ကမ္ဘာ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာအောင်လည်း ကြိုးပမ်းဆောင်ရွက် နေတာ ဖြစ်ပါတယ်။

♦နိုင်ငံတော်သမ္မတ ဦးသိန်းစိန်♦
(၁-၁၁-၂၀၁၃)ရက်နေ့ ရေဒီယိုမိန့်ခွန်းမှ ကောက်နှုတ်ချက်
နေပြည်တော်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Read More :http://www.president-office.gov.mm/zg/?q=briefing-room%2Fnews%2F2013%2F11%2F01%2Fid-4829]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

0 comments:

Post a Comment

Facebook Like Page