နိုဝင်ဘာလအတွက်(၇)ရက်သားသမီးဟောစာတမ်း
တနင်္ဂနွေသားသမီး။ ။ မမျှော်လင့်ပဲ လုပ်ငန်းအသစ်များ လုပ်ကိုင်ခွင့်ရမယ်။ အိမ် အဆောက်အဦ လုပ်ငန်းတွေမှာ မိမိကိုယ်တိုင်ဦးဆောင်ပြီးလုပ်ကိုင်ခွင့်ရမယ်။န်ထမ်းများ အထက်လူကြီး၏ကူညီမစခြင်း ခံရမယ် ။မိတ်ဆွေအပေါင်းအသင်းနဲ့ စပ် တူလုပ်ကိုင်ခွင့်ရမယ် ။မမျှော်လင့်ပဲ ငွေဝင်လာခဲ့ပါက ၇ ၁ ၂ ၅ ဂဏန်းများ ဖြင့်ထီကံစမ်းပါ ။ လူငယ်များပျော်ရွှင်စရာကောင်းသောချစ်သူ နှင့်တွေ့ မည် ။ ယောင်္ကျား လေးဖြစ်ပါက မိန်းကလေး၏ချစ်ရေးဆိုခြင်း ခံရလိမ့်မည် ။
ယတြာ ။ ။ဆရာသမား (သို့ ) မိဘများကို အင်္ကျီ လုံချ ည်လှုဒါန်းပါ။
တနင်္လာသားသမီး ။ ။ လုပ်ငန်းအသစ်များလုပ်ခွင့်ရမယ် ။ထစ်ငေါ့နေသော လုပ်ငန်းများ ပြန်လည် လုပ်ခွင့်ရမယ်။ ငွေကြေး ကျောက် ကား ခြံမြေ ခရီးသွား လုပ်ငန်းများ ထူး၂ခြား၂ အောင်မြင်မှုရမည် ။ ၀န်ထမ်းဖြစ်ပါက လစာတိုးခြင်း ရာထူးတိုးခြင်း လူအများကချစ်ခင်လေးစားခြင်းခံရမည်။ မိမိလုပ်ငန်းနှင့် ပတ်သက်ပြီးလိုအပ်သော ငွေကြေးကူညီမှုများရလိမ့်မည်။ ငယ်ရွယ်သူများအချစ်ရေးနှင့်ပတ်သက်ပြီး အထူး မျက်နှာပွင့်သောလဖြစ် သည်။စိတ်ထားဖြူ စင်ပြီး မိမိကို တစ်ကယ်ချစ်သောချစ်သူမျိုးနှင့် ဖူးစာ ဆုံမည်။
ယတြာ ။ ။ မွေးနေ့ နံက်တွင်ခိုစာကြွေးပေးပါ။
အင်္ဂါသားသမီး ။ ။မမျှော်လင့်ပဲလုပ်တဲ့အလုပ်တွေ အဆင်မပြေဖြစ်လိမ့်မည်။လုပ်ငန်းထဲမှာ အနှောက် အယှက်တွေ့ ရလိမ့်မည် ။ သူများကိစ္စ၀င်ရောက်ဖြေရှင်းပေးရာမှ သူ့ ပြသနာကိုယ့်ပြသနာဖြစ်လာတတ် သည်။ စိတ်ညစ်စရာလက်အောက် ငယ်သားများနှင့်တွေ့ ပြီး စကားအခြေအတင်များရလိမ့်မည်။ ငယ်ရွယ်သူ များအချစ်ရေးကံမကောင်းပါ ။ ချစ်သူရှိခဲ့လျှင်လည်း စကားများနေရလိမ့် မည် ။ှု ငွေကြေးကိစ္စ ဂတိပျက်မှုကြောင့် လူအထင်သေးခံရတတ်သည်။
ယတြာ ။ ။ မွေးနံဘုရား။ထောင့်တွင် ရင်ပြင်တော်သန့် ရှင်းရေးလုပ်ခြင်း ။ ရေသပ် ပါယ်ခြင်း အမှိုက်လှဲခြင်း ကုသိုလ်များ ပြုလုပ်ပေးပါ ။
ဗုဒ္မဟူးသားသမီး ။ ။ သစ္စာမဲ့သောအောက်လက်ငယ်သားကြောင့် လုပ်ငန်းများ ကမောက်ကမ ဖြစ်မည် ။ ရွှေလုပ်ငန်း လုပ်သူများ ရောင်းမှားဝယ်မှားဖြစ်ခြင်းလူလိမ်ခံ ရခြင်းများကြုံတွေ့ နိုင်သည် ။ တခြားသူ ကြောင့် မဟုတ်မတရား စွပ်စွဲ ခံရတတ်သည် ။ မိမိလုပ်ငန်းတူများ၏ယှဉ်ပြို င် တိုက်ခိုက်ခြင်းခံရလိမ့် မည် ။ အထင်မှားအမြင်မှားပြီး ဆွေမျိုးသားချင်းများ နဲ့ စိတ်ဝမ်းကွဲမည်။ မိတ်ဆွေယောင်ဆောင်နေသော ရန်သူကိုသတိထားပါ ။ သူတပါးအား တာဝန်ခံငွေချေးပေးမှုကြောင့် မျက်နှာပျက်စရာကြုံ မည်။ အစားမှားမှု ကြောင့် ၀မ်းရောဂါ ခံစားရတတ်သည် ။ လူငယ်များ အထင်လွဲပြီး ချစ်သူအဖြစ်မှရပ်စဲခံရလိမ့်မည် ။
ယတြာ ။ ။ မွေးနေ့ တွင် ငါးစာ လိပ်စာကျွေးပါ ။
ကြာသပတေး ။ ။မိမိကြံစည်စိတ်ကူးထားသောလုပ်ငန်းများ အဆင်ပြေချောမွေ့ ပြီး အောင်မြင်မှုရမည် ။ကြွေးဟောင်းများ ပြန်ရခြင်း အမွေရခြင်း များကြုံ တွေ့ ရတတ်သည်။ မိတ်ဆွေကောင်းများ၏ ကူညီမှု ရမည် ။ မမျှော်လင့် ပဲအလှုဒါနများ ပြုလုပ်ရ လိမ့်မည် ။ ဘုရားမဲပေါက်ခြင်း ဒုလ္လဘမဲပေါက် ခြင်းများတွေ့ ကြုံ ခံစားရလိမ့်မည် ။ ပညာရေးနှင့်ပတ်သက်ပြီး သတင်း ကောင်းကြားရတတ်သည် ။ ငယ်ရွယ်သူများ ခ၇ီးသွားရင်း ချစ်သူရတတ် သည်
ယတြာ ။ ။ မွေးနေ့ တွင်သက်ကြီးရွယ်အို အဖိုးအဖွား ( ၅) ဦးအား ငွေကြေး ။ စားစ ရာ တခုခုလှုပေးပါ ။
သောကြာသားသမီး ။ ။ လုပ်ငန်းအသစ်များမစဉ်းစားသင့်ပါ ။လုပ်ငန်းတူပြိုင်ဖက်များနှင့်ရင်ဆိုင် ရလိမ့်မည် ။ ပြီးပြီးသော ပြသနာများပြန်လည်ဖြေရှင်းရတတ်သည် ။ ခရီးဝေးသွားခြင်းကိုရှောင်ပါ ။ သံ သဲ သွပ် သစ် ခရီးသွား လုပ်ငန်းများ အထူးသတိထားလုပ်ပါ ။ မမျှော်လင့်ပဲ သွေး အသဲ နှင့်ပတ်သက်သော ရောဂါ ဝေဒနာ ခံစားရလိမ့်မည် ။ ၀င်ငွေများသလောက် ထွက်ငွေ များနေ မည် ။ ငွေကြွေးတင်ခြင်း ငွေလိမ်ခံ ရခြင်းဖြစ်တတ်သည် ။ ငယ်ရွယ်သူ များချစ်သူ၏လှည့်ဖျားခြင်းခံရတတ်သည် ။
ယတြာ ။ ။မျိုးမတူသော သစ်သီး ( ၆)မျိုးကို သီလရှင်များအား လှုဒါန်းပေးပါ ။
စနေသားသမီး ။ ။ လုပ်ငန်းများအပြောင်းအလဲဖြစ်လိမ့်မည် ။တချို့ လုပ်ငန်းများ တပိုင်းတစ ရပ်ထားရမည် ။အောက်လက်ငယ်သားသစ္စာဖေါက်ခြင်း အလုပ်သမား အ၀င်အထွက်များခြင်း လုပ်ငန်း ပြောင်းရွေ့ ရခြင်းများကြောင့် စိတ်ရှုပ် ထွေးစရာများပေါ်ပေါက်လိမ့်မည် ။စိတ်မတည်ငြိမ်ပဲ ထင်ရာစွတ်လုပ်ခြင်း ကြောင့် မမျှော်လင့်ပဲ ပြသနာများ ရင်ဆိုင်ရတတ်သည်။ ၀န်ထမ်းများ အထက်လူကြီး၏ ဆူပူခြင်းခံရတတ် သည် ။ မမျှော်လင့်ပဲရာထူးချ ထားခံ ရခြင်း ။ လစာဖြတ်တောက်ခြင်းခံရတတ်သည် ။ ငယ်ရွယ်သူများ ခံစားမှု ကင်းမဲ့သော အပျော်ချစ်ချစ်သူနှင့် ဖူးစာဆုံမည် ။
ယတြာ ။ ။ မွေးနံ ဘုရားထောင့်တွင်ထီးအနီ ( ၇ )လက်နှင့် နှင်းဆီပန်း ( ၇)ပွင့်ကို လှုပေးပါ ။
http://www.todaymyanmar.org/2013/11/blog-post_7001.html

todaymyanmar.org မှမျှဝေပါသည်။ ပေါက်ခေါင်းသတင်း
0 comments:
Post a Comment