Friday, October 25, 2013

သတင်းထုတ်ပြန်ချက်


သတင်းထုတ်ပြန်ချက်

၁။ နိုင်ငံတော်အစိုးရသည် ယာဉ်အိုယာဉ်ဟောင်းများဖျက်သိမ်း၍ အစားထိုးတင်သွင်းခြင်းစီမံချက်ကို ၁၁.၉.၂ဝ၁၁ ရက်မှစတင်၍ နိုင်ငံပိုင် သတင်းစာများ၌ သတင်းထုတ်ပြန်ကြေညာခဲ့ပြီး ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် ၁၉.၉.၂ဝ၁၁ ရက်တွင် မှတ်ပုံတင်သက်တမ်းအနှစ် (၄ဝ)ကျော် ''စ''၊ ''ဆ''၊ ''ဇ'' အက္ခရာ များကိုလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ၈.၁၁.၂ဝ၁၁ ရက်တွင် အနှစ်(၃ဝ)ကျော်မှအနှစ်(၄ဝ)ကျော်အတွင်း ''ဈ''၊ ''ည'' အက္ခရာများကို လည်းကောင်း၊ တတိယအဆင့်အနေဖြင့် ၂.၁.၂ဝ၁၂ရက်တွင် အနှစ်(၂ဝ)ကျော်မှ အနှစ်(၃ဝ)ကျော် အတွင်း''ဏ''၊ ''ထ''၊''ဒ''၊''ဓ''၊''န''၊''ပ''၊''ဗ''၊ ''ဘ''၊ ''လ''၊ ''သ'' အက္ခရာယာဉ်များကိုစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ၂၄.၁ဝ.၂ဝ၁၃ ရက်အထိ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုစီးရေ ၉၄၁၆၈ စီး ဖြစ်၍ ဆောင်ရွက်ပြီးစီးမှုမှာ ၈၉ ဒသမ ၆၁ ရာခိုင်နှုန်းဖြစ်ပါသည်။ ထို့အပြင် လေလံပြန်လည်မှတ်ပုံတင်ယာဉ်များဖြစ်သည့် Mazda အုပ်စုဝင်ယာဉ် များအားလုံး ၁၂.၇.၂ဝ၁၂ ရက်မှစ၍လည်း ကောင်း၊ ကျန်လေလံပြန်လည် မှတ်ပုံတင်ယာဉ်များကို ၁၆.၁၁.၂ဝ၁၂ ရက်မှစ၍လည်းကောင်း စီမံ ချက်တွင် ထည့်သွင်းအပ်နှံ ဆောင်ရွက်ပေးလျက်ရှိရာ ၅၇ဝ၄ စီးဆောင် ရွက်ပြီးဖြစ်ပါသည်။

၃။ ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေးစီမံချက် စတင်ဆောင်ရွက်ရာ ပထမဦးစွာကြေညာခဲ့သည့် ၁၁.၉.၂ဝ၁၁ ရက်စွဲပါ ကြေညာချက်၊ ၁၆. ၆.၂ဝ၁၂ ရက်စွဲပါကြေညာချက်များအရ လက်ရှိ ယာဉ်မှတ်ပုံတင် အက္ခရာ အလိုက် သတ်မှတ်ဆောင်ရွက်ခဲ့ရာမှ ဖွံ့ဖြိုးပြီးဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ၂ဝ၁၄ ခုနှစ်မှစ၍ မော်တော်ယာဉ် သက်တမ်းကိုသာ သတ်မှတ်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

၎။ ယာဉ်အိုယာဉ်ဟောင်းအပ်နှံဖျက်သိမ်း၍ အစားထိုးတင်သွင်းခြင်း တွင် ''အ'' အက္ခရာယာဉ်များ အပ်နှံဆောင်ရွက်ခြင်းကို ၂၉.၁ဝ.၂ဝ၁၃ ရက်မှ စတင်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ရုံး/တိုင်း ဒေသကြီးရုံးများတွင် လက်ခံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန
၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်

ှSource: သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း                                                   ပေါက်ခေါင်းသတင်း

0 comments:

Post a Comment

Facebook Like Page