Saturday, September 28, 2013

မုန်တိုင်း WUTIP ယနေ့ညနေပိုင်း၌ အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာမည်


မုန်တိုင်း WUTIP ယနေ့ညနေပိုင်း၌ အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာမည်
By mmweather.ygn, on September 28th, 2013
http://blog.mmweather.com/2013/09/28/ts-wutip-20w-south-china-sea-2/

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသော မုန်တိုင်း WUTIP(20W) သည် နောက်ဆုံးရရှိသည့် အချက်အလက်များအရ ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက် ၃၆၅ မိုင်ခန့်၊ တရုတ်(ပြည်မ) မကာအိုမြို့ တောင်ဘက် ၃၈၅ မိုင်ခန့်၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အနောက်ဘက် ၅ဝ၅ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ဗဟိုပြုနေပြီး အနောက်ဘက်(Heading 262.07 degrees) သို့ တစ်နာရီ (၈) မိုင်နှုန်းခန့်ဖြင့် ရွေ့လျားလျှက်ရှိပြီး စက်တင်ဘာလ – ၂၈ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အဆင့်-၁(CAT-1)တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။

တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိပြီးနောက် စက်တင်ဘာလ ၃ဝ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီ နောက်ပိုင်းတွင် ဗီယက်နန်နိုင်ငံ ကမ်းခြေအား ဒါနန်းမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်၊ ကုန်းတွင်းသို့ CAT-1 တိုင်ဖွန်းမုန်တိုင်း အဆင့်ဖြင့် ဝင်ရောက်ပြီးနောက် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ထိုင်းနိုင်ငံ Phetchabun ပြည်နည်(မြန်မာနိုင်ငံ မြဝတီမြို့ အရှေ့ဘက် ၁၆၅ မိုင်ခန့်အထိသို့ လေဖိအားနည်းရပ်ဝန်းအဆင့်(လေတိုက်နှုန်း 20-knots) ဖြင့် ရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။(ပုံ-၁)

မုန်တိုင်း 20W WUTIP
28 Sep 2013 0000Z
Location: 16.6 113.7
Winds: 55 knots
Central Pressure: 982 hPa

TROPICAL STORM 20W (WUTIP), LOCATED APPROXIMATELY 543 NM EAST-SOUTHEAST OF HANOI, VIETNAM, HAS TRACKED SOUTHWESTWARD AT 06 KNOTS OVER THE PAST SIX HOURS. MAXIMUM SIGNIFICANT WAVE HEIGHT AT 280000Z IS 20 FEET.

JTWC နှင့် TSR ခန့်မှန်းချက်များအရ လက်ရှိအချိန်တွင် မုန်တိုင်းဗဟို၌ လေတိုက်နှုန်း ၅၅ နော်တီကယ်မိုင်ရှိနေပြီး၊ မုန်တိုင်း အားအကောင်းဆုံးအချိန်မှာ စက်တင်ဘာလ ၂၉ ရက်(တနင်္ဂနွေနေ့) – မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီဖြစ်ပြီး – လေတိုက်နှုန်း ၈ဝ နော်တီကယ်မိုင် (တစ်နာရီ မိုင် ၉ဝ ကျော်)ရှိပြီး ခန့်မှန်း ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ အရှေ့-အရှေ့တောင်ဘက် မိုင် ၂ဝဝ ခန့်သို့ ရောက်ရှိလာမည်ဖြစ်ပါသည်။

TSR မှ လေပြင်းတိုက်ခတ်ခံရမှု ဖြစ်နိုင်ခြေ ၉၆ နာရီ ကြိုတင်ခန့်မှန်းချက်အရ မုန်တိုင်း အားပျော့ပျက်ပြယ်သွားမည့် နေရာမှာ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အရှေ့ပိုင်းနယ်စပ်အနီးထိအောင် ရောက်ရှိမည်ဖြစ်၍ အောက်တိုဘာလ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများနှင့် အောက်ပိုင်းဒေသများအတွက် မိုးကြီးနိုင်မည့် အလားအလာ ပိုမိုများလာကြောင်း အသိပေးတင်ပြအပ်ပါသည်။(ပုံ-၂)

အေးချမ်းမွန် Credit To >MMweather Page < Thanks
Re-posted By ACM 28-9-2013
https://www.facebook.com/excellencemedia

0 comments:

Post a Comment

Facebook Like Page