Tuesday, September 17, 2013

ကြိုးမဲ့ အားသွင်းစနစ် Metrans

ကြိုးမဲ့ အားသွင်းစနစ် Metrans

  • Tuesday, Sep 17 2013
  • Written by 
Brand ရဲ့ နာမည်ကတော့ Metrans လို့ခေါ်ပါတယ်။ ဘယ်နိုင်ငံက ထုတ်တယ် ဆိုတာ ဖော်ပြထားခြင်း မရှိပေမယ့် တံဆိပ်ရဲ့ ဘေးမှာ တရုတ်စာ ပါဝင်တဲ့ အတွက် တရုတ်ကထုတ်တဲ့ brand လားလို့ စဉ်းစားစရာပါ။ ဒါပေမယ့်နိုင်ငံတကာ အွန်လိုင်းစတိုးမှာ ဝယ်ယူသူ အကြိုက် တွေ့နေတဲ့ Gadgets လေးပါ။
အသုံးပြုနိုင်တဲ့ Devices တွေကတော့ Nokia 920/820,HTC 8X,LG Nexus 4,Google Nexus 7 တို့အပြင် Samsung ကထုတ်တဲ့ Devices တွေတော် တော်များများမှာ အသုံးပြုနိုင်မယ့် ကြိုးမဲ့ Charging စနစ်ပါ။
Input အနေနဲ့ 5V 2A ရှိမှာဖြစ်ပြီး Output အနေနဲ့ 5V 1A အသုံးပြု နိုင်မှာဖြစ် ပါတယ်။ ကြိုးမဲ့အားသွင်း စနစ်ကို လက်ခံရရှိဖို့ အတွက် Air Box Wireless Transmitter Pad ကိုပုံမှာ မြင်တွေ့ရတဲ့ အတိုင်းမိမိရဲ့ ဖုန်း ဘက်ထရီနဲ့ ပူးကပ် ထားရမှာပါ။ ထို့ပြင် US Standard Power Adaptor,USB Cable, တို့ကိုထည့် သွင်းပါဝင်ပါတယ်။ အဓိကကတော့ မိမိဖုန်းကို USB ကြိုးနဲ့ ချိတ်ဆက် စရာမလိုပဲ Metrans ကို ကြားခံအားသွင်း Adaptor အဖြစ်အသုံးပြု စေခြင်းဖြစ် ပါတယ်။
အမေဇုန် အွန်လိုင်းစတိုးမှာ ၄၅.၉၄ နဲ့ ရောင်းချပေး နေပါတယ်။
ကြည့်ရှုလိုသူများ
ပြည်တွင်းမှာလည်း အမေဇုန်စတိုးက မိမိကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေကို မှာယူပေးနေတဲ့ ဝန်ဆောင်မူတွေ ရှိနေပြီလို့လည်း ကြားသိရပါတယ်။
Ref:techblog
ခွန်နေ(AMMG)   ပေါက်ခေါင်းသတင်း

0 comments:

Post a Comment

Facebook Like Page