Wednesday, September 11, 2013

ခုနှစ်ရက်သားသမီးများအတွက် ( ၁၁.၉.၁၃ ) မှ ( ၁၇.၉.၁၃) အထိ တပတ်စာဗေဒင်ဟောစာတမ်း

>> ခုနှစ်ရက်သားသမီးများအတွက် ( ၁၁.၉.၁၃ ) မှ ( ၁၇.၉.၁၃) အထိ တပတ်စာဗေဒင်ဟောစာတမ်း <<
ဆရာကြီးမင်းသိင်္ခ၏တပည့်၊ ဆရာမဆွေဇင်ဝတီ

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

လေယာဉ်ခရီး၊ ပျော်ရွှင်သောခရီးသွားရတတ်ခြင်း၊ ရပ်ဝေးမှလက်ဆောင်ပစ္စည်းများရောက်လာတတ်ခြင်းဖြစ်နေတတ်သည်။ လုပ်ငန်းသစ်၊ နေရာသစ်လည်းပြောင်းရွေ့ရတတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ ဖုန်းအဟောင်းမှအသစ်ပြောင်းရတတ်ခြင်းဖြစ်တတ်သည်။ အရေးကြီးစာရွက်စာတမ်းပျောက်တတ်သည်။ သတိထားပါ။
ကျန်းမာရေး။ ဆေးစားမှားခြင်း၊ အစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ အထူးသဖြင့်အိမ်ထောင်ရှင်များ၏စိတ်ဝင်စားခြင်းများဖြစ်တတ်၏။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၅ ၆ ၉ )

တနင်္လာသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားကိစ္စများလုပ်ကိုင်နေရတတ်ခြင်း၊ လူမျိုးခြားများနှင့်စပ်တူလုပ်
ငန်းလုပ်ကိုင်နေရတတ်ခြင်းဖြစ်နေတတ်သည်။ အောင်မြင်မည့်အချိန်ဖြစ်သည်။ ခရီးတိုများလည်းဆက်တိုက်ထွက်နေရတတ်သည်။ အမိနိုင်ငံပြန်ချင်နေသော်လည်းမပြန်ဖြစ်ဘဲဖြစ်နေတတ်သည်။
ကျန်းမာရေး။ သွေးတိုးခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူဟောင်းကစိတ်အနှောင့်ဖြစ်အောင်လုပ်နေခြင်းခံနေရ တတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၂ ၀ ၅ )

အင်္ဂါသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်အေးဆေးဖြစ်နေတတ်ခြင်း၊ ငွေကြေးကိစ္စလည်းအေးဆေးဖြစ်နေခြင်းဖြစ်နေတတ်၏။ အပျော်ခရီးများဆက်တိုက်သွားနေရတတ်သည်။ မိဘကိုပိုပြီးကျေးဇူးဆပ်ရတတ်သည့်အချိန်ဖြစ်သည်။ ပညာတခုသင်ရတတ်ခြင်း၊ အင်တာဗြူးဖြေဆိုရတတ်ခြင်းဖြစ်တတ်သည်။
ကျန်းမာရေး။ ယားနာပေါက်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ ချစ်သူများကြားစိတ်ရှုပ်စရာများဖြစ်နေတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဇီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၁ ၅ ၂ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

အလုပ်များနေခြင်း၊ အလှူအတန်းများလုပ်ရခြင်း၊ လူမူရေးပြဿနာ များဖြေရှင်းပေးနေရတတ်၏။ ၀င်ငွေကောင်းနေတတ်ခြင်း၊ ရပ်ဝေးမှ သတင်းကောင်းကြားရတတ်ခြင်းဖြစ်တတ်သည်။ လုပ်ဖေါ်ကိုင်ဘက်များနှင့်အဆင်မပြေဖြစ်နေတတ်သည်။ ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။
ကျန်းမာရေး။ ဇက်ကြောအရမ်းတက်နေတတ်သည်။
အချစ်ရေး။ တယောက်တနေရာစီဝေးနေရသောကြောင့်စိုးရိမ်စိတ် များဖြစ်နေတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လိမ္မော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၈ ၁ ၃ )

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

ရေခြားမြေခြားခရီးသွားရတတ်ခြင်း၊ လူမျိုးခြားများနှင့်လုပ်ငန်း များလုပ်ကိုင်ရတတ်ခြင်း၊ အရေးကြီးစာတစောင်ရောက်လာတတ်ခြင်းဖြစ် တတ်သည်။ ငွေများစွာဝင်ခြင်း၊ အလုပ်တွင်လစာတိုးခြင်း၊ ရာထူးတိုးခြင်းဖြစ်တတ်သည်။
ကျန်းမာရေး။ ခါးနာခြင်း၊ ကျောအောင့်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ မိမိထက်မိဘကိုဦးစားပေးသူနှင့်တွေ့နေရတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သခွားမွှေးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၅ ၁ ၅ )

သောကြာသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်ဝင်ငွေကောင်းခြင်း၊ နာမည်ကောင်းရနေခြင်း၊ မိတ်ဆွေသစ်များရခြင်း၊ ခင်မင်ရင်းနှီးသောမိတ်ဆွေများကိုလမ်းခွဲထားခဲ့
ရတတ်ခြင်း၊ ငွေများစွာကုန်နေခြင်း၊ ရွှေဝင်ခြင်း၊ စက်ပစ္စည်းများ ထွက်ခြင်းဖြစ်နေတတ်သည်။
ကျန်းမာရေး။ ခေါင်းမူးခေါင်းကိုက်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ တယောက်နှင့်တယောက်ခွဲခွာပြီးနေရန် အကြောင်းဖြစ်လာတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သရက်သီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၃ ၅ ၃ )

စနေသားသမီးများ၏ကံကြမ္မာ

ကားဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်း၊ အိုးသစ်အိမ်သစ်ပိုင်ဆိုင် တတ်ခြင်းဖြစ်တတ်သည်။ ပျော်ရွှင်သောခရီးသွားရတတ်သည်။ အလှူဒါနများလည်းလုပ်နေရတတ်သည်။ မိမိလိုချင်သောစက်ပစ္စည်းများ၊ စာအုပ်စာပေများဝင်လာတတ်သည်။ နိုင်ငံခြားကိစ္စရပ်တန့်နေတတ်သည်။
ကျန်းမာရေး။ သွေးပေါင်ကျနေတတ်သည်။
အချစ်ရေး။ အချစ်သစ်နှင့်အဆင်ပြေနေတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လိုက်ချီးသီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၉ ၁ ၂ ၀ )

လင်းခက်

0 comments:

Post a Comment

Facebook Like Page