Monday, September 16, 2013

လက်သရမ်းတဲ.ရဲကိုကို



လက်သရမ်းတဲ.ရဲကိုကို

၁၃.၉.၂၀၁၃ နေ. ည ၇နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို.နယ်
ရွှေတောင်ငွေတောင်ကျေးရွာအုပ်စု ခပေါင်းကျေးရွာမှ ဦးသာကီ ဦးဆောင်
သော ရွာသား(၇)ဦးသည် အုတ်တွင်းမြို.နယ် ရှု.ခင်းသာ နေရာသို.ကျေးရွာ
ဆေးပေးခန်း ဆောက်လုပ်ရာတွင်အသုံးပြုရန်အတွက် မျော ၀ါးများတင်ရန်
ရောက်ရှိခဲ.ပါသည်။ထိုသို.ရောက်ရှိချိန် အုတ်တွင်းမြို.နယ်ရဲတပ်ဖွဲ.၊မိုင်(၂၀)
ရဲကင်း (စခန်း) မှ ရဲတပ်ကြပ် လှဝင်း နှင့်အပေါင်းအပါ (၄)ဦးတို.သည် ဆိုင်
ကယ်(၂)စီးဖြင့်ရောက်ရှိလာပြီး ရဲတပ်ကြပ် လှဝင်း မှ"မင်းတို.ဘာလုပ်တာလဲ"
ဟုမေးမြန်းရာ ဦးသာကီ နှင့်အဖွဲ.မှ ရွှေတောင်ငွေတောင်ကျေးရွာ ကျေးလက်
ဆေးပေးခန်းအတွက် ၀ါး နှင့် မျော များလာရောက်တင်ဆောင်ခြင်းဖြစ်ကြောင်းပြောကြားခဲ.ပါသည်။
ထိုသို.ပြောကြားရာ ရဲတပ်ကြပ် လှဝင်းမှ "မင်းတို.ငါ.နယ်ထဲကိုမလာနဲ. လာလျှင် ငါ့အကြောင်းကောင်းကောင်းသိမည်" ဟုခြီမ်းခြောက်ပြောဆိုပြီး
သေနတ် တစ်ချက် ပစ်ဖောက်ခဲ.သဖြင့် ဦးသာကီနှင့်အဖွဲ.မှာကြောက်လန်.
ထွက်ပြေးခဲ.ရပါသည်။ရွာသားအချို.မှာ ထွက်ပြေးသည်.အတွက် ထိခိုက် ပွန်း
ပဲ. ဒဏ်ရာများရရှိခဲ.ပါသည်။အခင်းဖြစ်နေရာတွင် ဦးသာကီ နှင့်အဖွဲ.မှ ကျန်ခဲ.သော ဆိုင်ကယ် တစ်စီးအား ရဲတပ်ကြပ် လှဝင်း မှ မိုင်(၂၀) ရဲကင်း
သို.ယူဆောင်သွားကြောင်းသိရပါသည်
သေနတ်နှင့် ပစ်ဖောက်ခဲ.သော ရဲတပ်ကြပ် လှဝင်း (အုတ်တွင်းရဲစခန်း) မှ
ကရင်မသေ ကျေးရွာအုပ်ချုပ်ရေးမူး ဦးကျော်ငြိမ်း ထံ သေနတ် ပစ်ခတ်ခဲ.သည်ကို ၀င်ရောက်ပြောကြားခဲ.ကြောင်းသတင်းရရှိပါသည်။
ပေါက်ခေါင်း သတင်း

0 comments:

Post a Comment

Facebook Like Page