Wednesday, September 18, 2013

ကိုယ်ခန္ဓာပေါ် ရေးထိုးနိုင်သည့် အီလက်ထရောနစ် ဆားကစ်နှင့် အစာအိမ်အက်စစ် စွမ်းအင်သုံး စမတ်ဆေးလုံး

ကိုယ်ခန္ဓာပေါ် ရေးထိုးနိုင်သည့် အီလက်ထရောနစ် ဆားကစ်နှင့် အစာအိမ်အက်စစ် စွမ်းအင်သုံး စမတ်ဆေးလုံး

ခေါင်းစဉ်ကို ဖတ်လိုက်တဲ့အခါမှာ ကြောင်တောင်တောင် ဖြစ်သွားမယ်ဆိုတာ သိပါတယ်။ နောက်တစ်ခေါက် ထပ်ဖတ်တဲ့အခါမှာလည်း နားလည်ရ ခက်နေဦးမှာ သေချာနေပါတယ်။ ဒါပေမယ့် ခေါင်းစဉ်မှာ ဖော်ပြထားတဲ့ နည်းပညာ ၂ ခုကတော့ Motorola ကုမ္ပဏီမှ တီထွင်လိုက်တဲ့ နောက်ဆုံးပေါ် ကိုယ်ခန္ဓာ စွမ်းရည်မြှင့် နည်းပညာများပဲ ဖြစ်ပါတယ်။

ဤ နည်းပညာသစ် ၂ ခုကို Motorola ရဲ့ အထူးစီမံကိန်းဌာနရဲ့ အုပ်ချုပ်သူ Regina Dugan က ယနေ့မှာ ထုတ်ဖော် ပြသခဲ့တာ ဖြစ်ပါတယ်။ Regina ဟာ အမေရိကန်စစ်တပ်ရဲ့ အဆင့်မြင့်ဆုံး လေ့လာရေး (research) ဌာနဖြစ်တဲ့ DARPA ရဲ့ အုပ်ချုပ်သူဟောင်းလည်း ဖြစ်ပါတယ်။ Regina ရဲ့ လက်အောက်မှာ DARPA ဟာ လှေကားအတက်အဆင်း လုပ်နိုင်တဲ့ စက်ရုပ်တို့ ၊ သက်ရှိအလား စွမ်းဆောင်နိုင်တဲ့ စက်ရုပ်ကျားသစ်တို့ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။

Motorola ရဲ့ ကိုယ်ခန္ဓာစွမ်းရည်မြှင့် နည်းပညာ ၂ ခုဟာ လွန်စွာမှ အဆင့်မြင့်မားပြီး အများပြည်သူ သုံးစွဲဖို့ကတော့ လက်ရှိအချိန်မှာ မဖြစ်နိုင်သေးပါဘူး။ ဒီနည်းပညာသစ် ၂ ခုအကြောင်း လေ့လာကြည့်ရအောင် -

ပထမ နည်းပညာဖြစ်တဲ့ အီလက်ထရောနစ်ဆားကစ် ဆေးမှင်ကြောင် ဆိုတာကတော့ ကိုယ်ခန္ဓာပေါ်မှာ ရေးထိုးနိုင်တဲ့ ဆားကစ်ဘုတ် အသေးစားပဲ ဖြစ်ပါတယ်။ Tattoo ထိုးသလို အရေပြားတွင်းကို ထိုးဖောက်ဝင်ရောက်ပြီး အသေဖြစ်သွားမှာတော့ မဟုတ်ပါဘူး။ ခေတ္တခဏ အသုံးပြုဖို့ ရည်ရွယ်ပြီး ဖန်တီးထားခြင်း ဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ ကဏ္ဍများကလည်း များပြားလှပြီး ကျန်းမာရေး အခြေအနေ စစ်ဆေးလေ့လာခြင်းနဲ့ လုံခြုံရေးအတွက် password အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီထက်ပိုပြီး ထူးခြားဆန်းပြားတာကတော့ စမတ်ဆေးလုံးပဲ ဖြစ်ပါတယ်။ ဒီဆေးလုံးထဲမှာ ထည့်သွင်းထားတဲ့ ဘက္ကထရီဟာ အစာအိမ်းတွင်းက အက်စစ်နဲ့ဓာတ်ပြုပြီး ဆေးလုံးအတွက် စွမ်းအင်ရရှိမှာဖြစ်ပြီး ကိုယ်ခန္ဓာ အတွင်းကနေ 18-Bit လှိုင်းအား ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

ဒီဆေးလုံးကို မြိုချထားသူ တစ်ဦးဟာ အစောပိုင်းက ပြောခဲ့တဲ့ ကိုယ်ခန္ဓာပေါ်မှာ ရေးထိုးထားတဲ့ အီလက်ထရောနစ်ဆားကစ် ဆေးမှင်ကြောင်ထက် ပိုပြီးအဆင့်မြင့်တဲ့ လွန်စွာမှ လုံခြုံလျှို့ဝှက်တဲ့ လုံခြုံရေးစနစ်အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဆေးလုံးတွင်းမှာ ဆေးပညာသုံး sensor တွေ ထည့်သွင်းပြီး ကိုယ်ခန္ဓာ အတွင်းပိုင်းရဲ့ အခြေအနေကို အနီးကပ် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

နည်းပညာလောကရဲ့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကတော့ အံ့မခန်းဖြစ်ပါတော့တယ်။ပေါက်ခေါင်းသတင်း

http://myawadynews.blogspot.com/2013/09/blog-post_197.html

0 comments:

Post a Comment

Facebook Like Page