Wednesday, September 25, 2013

ထိုင်းဝန်ကြီးချုပ် လှူဒါန်းထား သော လျှပ်စစ်ထုတ်လုပ်သည့် စက်ဖြင့် ဒီဇင်ဘာလတွင် ဓာတ်အားဖြန့်ဖြူးပေး တော့မည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ သိရသည်။


ရန်ကုန်၊ စက်တင်ဘာ ၂၁
ထိုင်းဝန်ကြီးချုပ် လှူဒါန်းထား သော လျှပ်စစ်ထုတ်လုပ်သည့် စက်ဖြင့် ဒီဇင်ဘာလတွင် ဓာတ်အားဖြန့်ဖြူးပေး တော့မည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ သိရသည်။
ထိုင်းဝန်ကြီးချုပ်ယင်းလပ်သည် မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ကောင်း မွန်စွာရရှိရေးအတွက် မဂ္ဂါဝပ် ၁၂ဝ ရှိ သော လျှပ်စစ်ဓာတ်အားထုတ်လုပ် သည့်စက်နှစ်လုံးကို လှူဒါန်းထားသည်။
”ဆီးဂိမ်းအမီဒီဇင်ဘာမှာ တစ်လုံး ထုတ်ပေးနိုင်ဖို့ရည်ရွယ်ပြီး ဆောင်ရွက် နေတာပါ။ စက်တပ်ဆင်မှုကိုတော့ ထိုင်းပညာရှင်အဖွဲ့နဲ့ ပူးပေါင်းဆောင် ရွက်ပါတယ်”ဟု လျှပ်စစ်စွမ်းအား ဝန် ကြီးဌာနမှ အင်ဂျင်နီယာချုပ် ဦးတင် မောင်ဝင်းကပြောသည်။
စက်တပ်ဆင်မှုကို ရွာမစက်ရုံတွင် ဆောင်ရွက်ကြောင်း၊ ဓာတ်အားဖြန့်ဝေ မှုကို တစ်နိုင်ငံလုံးပေးဝေမည် ဖြစ် ကြောင်း ဝန်ထမ်းအင်အား သုံးရာနီးပါး သုံး၍ ဆောင်ရွ က်နေကြောင်း ၄င်းက ဆက်လက်ပြောသည်။
”ဒီစက်ပြီးသွားရင်တော့ နွေရာသီ မီးကောင်းကောင်းပေးနိုင်မှာပါ”ဟု ၄င်းက ဆက်ပြောသည်။ စက်တပ်ဆင်မှုကို ယခုနှစ် ဖေဖော်ဝါရီတွင်ဆောင်ရွက်ခဲ့ပြီး ပထမစက် တပ်ဆင်မှုပြီးစီးပါက ဒုတိယ စက်ကို ပြီးမြောက်အောင်ဆက်လက် တပ် ဆင်သွားမည်ဟု၎င်းကဆက်ပြောသည်။
လက်ရှိတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် နွေရာသီလျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်စွမ်းရန် အတွက် ဓာတ်အားပေးစက်သစ်များ တပ်ဆင်ခြင်း၊ စက်ေ ဟာင်းများ ပြန်လည် ပြုပြင်ခြင်းများ ပြုလုပ်လျက်ရှိသည်။Popular Myanmar Newsမှကူးယူဖေါ်ပြပါသည်။
ပေါက်ခေါင်းသတင်း
အောင်ဇော်

0 comments:

Post a Comment

Facebook Like Page