Sunday, September 15, 2013

ငါးအသည်းဆီပြန်ဟင်းနှင့် ဒညင်းသီးပြုတ်တို့ စားသုံးခဲ့ရာမှ အစာအဆိပ်သင့်


ငါးအသည်းဆီပြန်ဟင်းနှင့် ဒညင်းသီးပြုတ်တို့ စားသုံးခဲ့ရာမှ
အစာအဆိပ်သင့်

ရန်ကုန်၊ စက်တင်ဘာ ၁၅

၁၄.၉.၂၀၁၃ရက်နေ့ ၁၀၀၀အချိန်ခန့်တွင် ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာ၊ မြန်မာ့မီးရထားဝင်းနေ ဆောက်လုပ်ရေးကုမ္မဏီတွင် သံချည်သံကွေးလုပ်ကိုင်သူများဖြစ်သည့် ကိုထွန်းထွန်းဦး (၃၃)နှစ်၊ မမြင့်မြင့်မော်(၃၁)နှစ်၊ ကိုဇေယျာမင်း(၂၆)နှစ်၊ မပုလဲဝင်း(၄)နှစ်တို့ မိသားစု (၄)ဦးနှင့် အတူနေကိုချစ်ကို(၂၅)နှစ်တို့သည်အခြားအလုပ်သမား
(၂) ဦးနှင့်အတူ နေအိမ်၌ငါးအသည်းအားဆီပြန်ဟင်းချက်၍
ဒညင်းသီးပြုတ်နှင့်တွဲဖက် ထမင်းစားခဲ့ကြရာမှ နာရီဝက်ခန့်အကြာတွင် ၄င်းတို့(၅)ဦးမှာ မူးဝေအော့အန်ခဲ့သော်လည်း နေထိုင်ရသည်မှာ သက်သာသေးသဖြင့် ဆေးရုံသို့ပြသခြင်း မပြုခဲ့ကြောင်း
၁၅.၉.၂၀၁၃ရက်နေ့ ၁၀၀၀အချိန်ခန့်တွင် ၄င်းတို့ (၅)ဦးမှာ ပိုမိုပြီးမူးဝေအော့အန်လာသဖြင့် အင်းစိန်ဆေးရုံသို့ပြသခဲ့ရာ အရေးပေါ်အဆောင်၌ အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ်
တက်ရောက် ကုလျက်ရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်မှကူးယူဖော်ပြပါသည်။                                     ပေါက်ခေါင်းသတင်း


0 comments:

Post a Comment

Facebook Like Page