Wednesday, September 11, 2013

ဖုန်းဖြင့် အင်တာနက်သုံးသူ ၁ ဒသမ ၂ သန်းရှိလာ


မြန်မာနိုင်ငံအတွင်း၌ ဖုန်းဖြင့် အင်တာနက် သုံးစွဲသူဦးရေ သြဂုတ်လထိ ၁၂ သိန်းကျော် (၁ ဒသမ ၂ သန်းကျော်) အထိ ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။ ဇူလိုင်လအထိ စာရင်းများအရ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူဦးရေမှာ GSM ဖုန်းအမျိုးအစား လျှောက်ထားသုံးစွဲသူ ၈၇၀၀၀၀ ကျော်ရှိပြီး WCDMA ဖုန်းအမျိုးအစားဖြင့် လျှောက်ထားသူ ၁၃၀၀၀၀ နှင့် CDMA 800 MHz ဖုန်းအမျိုးအစားများ ဖြစ်သည့် ကျပ် ၁၅၀၀ တန်ဖုန်းများ အပါအဝင် လျှောက်ထားသူ ၁၀၅၀၀၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ 


ထို့အပြင် သြဂုတ်လအတွင်း၌ ဖုန်းဖြင့် မက်ဆေ့ခ်ျပို့၍ GSM နှင့် WCDMA ဖုန်းအမျိုးအစားများကို အင်တာနက် လျှောက်ထားခွင့် ပြုခဲ့ရာ သြဂုတ်လ အတွင်းမှာပင် လျှောက်ထားသူ တစ်သိန်းကျော်ခန့် ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ “GSM နဲ့ WCDMA နှစ်ခု လျှောက်ထားတာ တစ်လအတွင်းဆို တစ်သိန်းလောက် ရှိနေပြီ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာမှူးကြီး တစ်ဦးက ပြောသည်။ ယခုအခါ မိုဘိုင်းဖြင့် မက်ဆေ့ခ်ျပို့ အင်တာနက် လျှောက်ထားမှုမှာ လွယ်ကူပြီး တစ်သောင်းကျပ်သာ ကျသင့်ခြင်းကြောင့် လျှောက်ထားသူ ပိုမိုတိုးလာရာ အချိန်အားဖြင့် အကန့်အသတ်မရှိဘဲ ၂၄ နာရီ လျှောက်ထားနိုင်ခြင်းကြောင့် လည်း တစ်လအတွင်း၌ သိသိသာသာ တိုးပွားလာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် အခြားသော အင်တာနက် လိုင်းများဖြစ်သည့် ADSL, ဂြိုလ်တုများမှလည်း လိုင်းပေါင်း ၈၀၀၀ နီးပါးရှိလာရာ တစ်လိုင်းလျှင် ၁၀ ဦးနှုန်းဖြင့် တွက်ချက်ထားခြင်းကြောင့် လက်ရှိတွင် သုံးစွဲသူဦးရေ ရှစ်သောင်းကျော် ရှိလာပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ နောက်ပိုင်းတွင်လည်း မက်ဆေ့ခ်ျဖြင့် အင်တာနက် လျှောက်ထားမှု ပိုမိုများပြားလာနိုင်ဖွယ် ရှိပြီး ၁၅ သိန်းတန်၊ ငါးသိန်းတန်၊ နှစ်သိန်းတန်နှင့် ကျပ် ၁၅၀၀ တန် GSM ဖုန်းများ အားလုံးနှင့် WCDMA ဖုန်းများအားလုံး လျှောက်ထားနိုင်သော်လည်း ကျပ် ၁၅၀၀ တန် CDMA 800 MHz ဖုန်းများမှာ ဆက်သွယ်ရေးရုံးများ၌ပင် သွားရောက်လျှောက်ထားရမည် ဖြစ်ကြောင်း သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

11-09-2013
Sa Maung


0 comments:

Post a Comment

Facebook Like Page