Facebook တွင် ဓာတ်ပုံတင်သူများ သတိထားပါ - Facebook သုံးသူတိုင်းဖတ်ရန်
 ============================================
 ဒီ ရက်ပိုင်းမှာ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်လောက် Facebook သုံး ရင်း
 ပြဿနာတစ်ခု တက်ကြတယ်ဗျ။ အဲ့ ပြဿနာကလည်း အကြီးကြီးနော် .. ဂုဏ်သိက္ခာကို
 တော်တော် ထိခိုက်စေတယ်ဗျ။ အဲဒါ ဘာ 
ပြဿနာလည်းဆိုတော့..ဒီလိုဗျ..ကျွန်တော်သူငယ်ချင်း မိန်းကလေးတွေက သူ့တို့လည်း
 Facebook သုံးတဲ့သူတွေ လုပ်နေကြ သဘာဝအတိုင်း ဓာတ်ပုံတွေရိုက် .. ကိုယ့် 
ရဲ့ Friends တွေကို tag တွေထိုး …ပုံတွေကို share ကြတာပေါ့… အဲသူတို့ရဲ့ ph
 နံပတ်တွေကိုလည်း တစ်နေရာရာမှာ share လိုက်တာတို့ …တင်လိုက်တာတို့ 
..လုပ်မိတယ်ထင်တယ်ဗျ…အဲမှာစတာပဲဗျာ…
 ဘယ်သူကမှန်းမသိ page 
တစ်ခုထောင်ပြီး ကျွန်တော့်သူငယ်ချင်းရဲ့ ပုံတွေကို သူတို့ရဲ့ profile 
ကနေပြီး download လုပ် သူ့ရဲ့ page မှာတင် ကျွန်တော့်သူငယ်ချင်းတွေရဲ့ ph 
နံပါတ်ကိုလည်း သူ့ရဲ့ page မှာတင်ပြီး….မကောင်းတာတွေ 
လျှောက်လုပ်ပါလေရော…အဲဒီ့ နှမချင်းမစာနာကောင်က သူ့ရဲ့ page ကို ပြည့်တန်ဆာ 
page လိုမျိုး လုပ်ထား…ပြီးတော့ ကျွန်တော့် friend မိန်းကလေးရဲ့ 
နံမည်..ဖုန်းနံပါတ်တွေတင်…ပုံတွေတင်…လျှောက် share တော့…သေရော…ကျွန်တော့် 
Friend ကို ဖုန်းတွေ ဆက်ပါလေရော…တစ်နေ့ကို ဖုန်း ၁၀ ခါပဲ 
ဆက်ပါဦးဗျာ…ခံရတဲ့ ကာယကံရှင်က ဘယ်လိုနေမလဲ…လုပ်တဲ့သူကလည်း 
ဘယ်သူမှန်းမသိ…တိုင်လို့လည်းမရ…ပြီးတော့ ဆက်တဲ့ ph ကလည်း 
အကောင်းပြောမယ့်သူတွေ ဆက်တဲ့ ဖုန်းမဟုတ်တော့ ခံရတဲ့သူက 
တော်တော်ခံရတယ်ဗျ…ဂုဏ်သိက္ခာလည်း တော်တော်ထိခိုက်သွားပြီ….မသိတဲ့သူတွေကတော့ 
…ကျွန်တော့် firend ကို တစ်မျိုးထင်ကြတော့မယ်ဗျ…
 ပြီးတော့ 
နောက်တစ်ခုသတိထားရမှာက Facebook မှာ account name ကို 
တူအောင်ပေးလို့ရတယ်ဗျ….ဥပမာ နံမည်တစ်ခုကို ရှာလိုက်ဗျာ …အဲ့နံမည်နဲ့ 
account တွေအများကြီး ထွက်လာလိမ့်မယ်ဗျ.. ကဲဒီတော့ friend တို့ကို 
မကောင်းတာလုပ်ချင်တဲ့သူက friend တို့ နံမည်နဲ့ account 
လုပ်လိုက်မယ်ပဲထား…ပုံတွေကိုလည်း friend profile ကနေပြီး download 
လုပ်ပြီးပြန်ထည့်မယ်ဗျာ…ပြီးရင် အဲ့ account နဲ့ မကောင်းတဲ့ page တွေကို 
like လုပ်မယ်…မဟုတ်တဲ့ status တွေကိုရေးမယ်ဆိုရင်…ကဲ ဘယ်လိုလုပ်မလဲ… 
ဘယ်မှလည်းတိုင်လို့မရ… ဘယ်သူမှန်းလဲမသိ…..
 အဲလိုမျိုး 
ကြုံလာမှာဆိုးလို့ Friend တို့ကို သတိပေးချင်လို့ ဒါလေးကို 
ရေးလိုက်တာပါဗျာ….ကာကွယ်ခြင်းသည် 
ကုသခြင်းထက်ကောင်းတယ်လို့…စကားပုံတောင်ရှိတယ်မလား…အဲတော့ ဒီလိုမျိုး 
မကြုံရအောင်..ကိုယ့်ကို Friend request လာလုပ်ထားရင် သူ့ရဲ့ profile ကို 
သေချာစစ်..ဘယ်သူလဲသိမှ လက်ခံပေါ့နော်…ပြီးရင် ကိုယ့်ရဲ့ privacy 
ကိုထိခိုက်နိုင်မယ့်…status တွေမတင်မိစေနဲ့ပေါ့နော်…ဥပမာ..ဖုန်းနံပါတ်တို့ 
လိပ်စာတို့ပေါ့…. Chat box တွေမှာလည်း ကိုတစ်ကယ် မသိရင် မပြောတာ 
ကောင်းပါတယ်ဗျာ….တစ်ကယ်လို့ အဲလိုမျိုး အလုပ်ခံရမယ်ဆိုရင်…Facebook ကို 
report တင်လို့တော့ရတယ်ဗျ..အဲ့ account က ဒီလိုလုပ်နေပါတယ်လို့…. 
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ Facebook က သူ့ကို လုပ်တဲ့ account ကို 
block လုပ်ပေးလိုက်လို့ သက်သာရာရသွားတယ်… ဒါပေမယ့် အဲ့လို့မျိုး Facebook က
 block ပေးတာက percent တော်တော်နည်းတယ်ဗျ… ကဲ Friend တို့ တစ်ခြား
 
 Friend တွေကိုလည်း သိရအောင် share ပေးပါနော်..
 သတိလည်းထားပေါ့ဗျာ..သတိထားတာမမှားပါဘူး….
 အားလုံးပဲ Facebook မှာ ပျော်ပျော်ရွှင်ရွှင် အန္တရာယ် ကင်းကင်းနဲ့ ပျော်မွေ့နိုင်ပါစေနော်…
 credit: mwd
 
 via SearchMyanmar
 
 Credit To :SearchMyanmar                              
Friday, February 14, 2014
Subscribe to:
Post Comments (Atom)





 
 
 
 
 
 
 
0 comments:
Post a Comment